သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ နူကလီးယား သဘောတူညီမှု ဆက်ထိန်းဖို့ Trump ကိုတိုက်တွန်း


 အီရန်နူကလီယား သဘောတူမှု ဆန့်ကျင်ဆန္ဒပြပွဲ - ဝါရှင်တန်ဒီစီမြို့
အီရန်နူကလီယား သဘောတူမှု ဆန့်ကျင်ဆန္ဒပြပွဲ - ဝါရှင်တန်ဒီစီမြို့

အီရန်နိုင်ငံနဲ့ နိုင်ငံတကာ နျူကလီးယား သဘောတူညီချက်ကို ဆန့်ကျင်သူတွေနဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ကို ဖျက်သိမ်းဖို့ ပြောနေတာတွေကို ပြန်ရုတ်သိမ်းပြီးတော့ ၊ နောက်တက်လာမယ့် ထရမ့်အစိုးရသစ ်အနေနဲ့ အဲဒီအစား ခပ်တင်းတင်းမာမာ ဆက်ဆံ သွားဖို့တောင်းဆို လိုက်ပါတယ်။ တချိန်တုန်းကတော့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ဟာ အဆိုးရွားဆုံး သဘောတူညီမှု တခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ အစိုးရသစ်အနေနဲ့ ဒီသဘောတူချက်ကို လေးစားလိုက်နာဖို့ အီရန်နဲ့ ဥရောပ မဟာမိတ်တွေက ပန်ကြားလိုက်ပြီး အမေရိကန်က သူ့သဘောနဲ့သူ ဒီ သဘောတူညီချက်ကနေ ထွက်လိုက်ခြင်းအားဖြင့်၊ အမေရိကန်နိုင်ငံ အနေနဲ့ တနိုင်တည်း ဖြစ်သွားမှာ ဖြစ်ပြီး အဲဒီလိုဆိုရင် အီရန်အစိုးရအနေနဲ့ သူတို့ရဲ့ သံသယ ဖြစ်ဖွယ် နျူကလီးယား လက်နက်အစီအစဉ်ကို ပြန်လည်စတင် လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ဖြစ်နေပါတယ်။ ဒီသဘောတူညီချက်ကို ဝေဖန်သူတွေကလည်း ဒီအချက်ကို ထောက်ခံကြပါတယ်။

အီရန်နဲ့ နျူးကလီးယား သဘောတူညီချက်ကို မထောက်ခံဘဲ ရပ်တန့်ဖို့ လွှတ်တော် အမတ်တွေကို ပြီးခဲ့တဲ့နှစ်က တွန်းအားပေးခဲ့တဲ့ သမားရိုးကျဝါဒီ နိုင်ငံရေး ကျွမ်းကျင် သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ကာကွယ်ရေး ဖောင်းဒေးရှင်းကလည်း အခု အခါမှာ ဒီသဘော တူညီချက် မဖျက်သိမ်းသင့်ဘူးလို့ ပြောပါတယ်။

ဒီသဘောတူညီချက်ကနေ နှုတ်ထွက်လိုက်ရင် အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ ဒီဖောင်းဒေးရှင်းရဲ့ အကြီးတန်းသုတေသီလည်းဖြစ် အယ်ရီဇိုးနား ပြည်နယ် တက္ကသိုလ် ဥပဒေ ပါမောက္ခလည်း ဖြစ်တဲ့ Orde Kittrie က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG