သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama အစိုးရက သူ့ဖုန်းကို ခိုးနားထောင်လို့ Trump စွပ်စွဲ


သမ္မတ Donald Trump နဲ့ သမ္မတဟောင်း Obama (Jan. 20, 2017)
သမ္မတ Donald Trump နဲ့ သမ္မတဟောင်း Obama (Jan. 20, 2017)

အမေရိကန်သမ္မတ Donald Trump က New York မြို့ Trump Tower မှာရှိတဲ့ သူ့ရုံးခန်း တယ်လီဖုန်းတွေကို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ သမ္မတဟောင်း အိုဘားမားရဲ့ အစိုးရအဖွဲ့က ခိုးနားထောင်ခဲ့တယ်လို့ စွပ်စွဲပြောဆို လိုက်ပါတယ်။ Mr Trump က သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ ဒီကနေ့ စနေနေ့မနက်ပိုင်း ရေးသားချက်တွေထဲမှာ ၁၉၇၄ ခုနှစ်၊ သမ္မတ Richard Nixon အလုပ်က နှုတ်ထွက် သွားစေခဲ့တဲ့ Watergate အရှုပ်တော် ပုံရဲ့ ပုံစံမျိုးဆန်ဆန် ရေးသားဖော်ပြထားတာပါ။

သူ့ရဲ့တယ်လီဖုန်းတွေ ခိုးနားထောင်ခံရတယ်ဆိုတဲ့ ဘယ်လို သက်သေမျိုးကိုမှတော့ Donald Trump ကပေး မထားပါဘူး။ နိုင်ငံတော်လုံခြုံရေး အေဂျင်စီ ကျွမ်းကျင်သူ လည်းဖြစ်၊ တန်ပြန် စုံစမ်းထောက်လှမ်းရေး အရာရှိလည်းဖြစ်တဲ့ John Schindler ကတော့ သမ္မတ Trump ရဲ့ စွပ်စွဲပြော ဆိုချက်တွေဟာ ၁၉၇၈ Foreign Intelligence Surveillance Act နိုင်ငံခြားသားတွေ အပေါ် စောင့်ကြည့် ထောက်လှမ်းတဲ့ ဥပဒေနဲ့ ဆက်စပ်ပုံ ရတယ်လို့ဆို တွစ်တာ မှာရေးပါတယ်။ ဒီဥပဒေဟာ သူတို့ရဲ့ ထောက် လှမ်းရေးအေးဂျင့်တွေနဲ့ နိုင်ငံခြားသားတွေရဲ့ ဆက်သွယ်မှုတွေကို တရားဝင် စောင့်ကြည့် သတင်း ရယူဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အသံမထွက်ပဲ အာဏာသိမ်းထားတဲ့ သမ္မတဟောင်း အိုဘားမားဟာ ရဲတွေလို စောင့် ကြည့်တတ်တဲ့ သူတွေကို အလုပ်ခန့် ထားခဲ့တယ်ဆိုပြီး ကွန်ဆာဗေးတစ် တဦးဖြစ်တဲ့ . ရေဒီယို အစီအစဉ် တင်ဆက်သူ Mark Levin ရဲ့ စွပ်စွဲပြောဆို ချက်ကို သောကြာနေ့ Brietbart သတင်း ဝက်ဆိုဒ်မှာ ဖော်ပြခဲ့ပါသေးတယ်။ သမ္မတ အိမ်ဖြူတော် မဟာ ဗျူဟာရေးရာ အကြီးအကဲ Stephen Bannon ဟာလည်း အိမ်ဖြူတော်ကို မရောက်ခင် Breitbart ကွန်ဆားဗေးတစ် အွန်လိုင်း သတင်းဌာနရဲ့ အကြီးတန်း အမှုဆောင် အရာရှိအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

Mr Trump ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး သမ္မတဟောင်း Barak Obama ရုံး ဘက်ကတော့ ဘယ်လို တုန့်ပြန်မှုမျိုးမှ ထွက်ပေါ် မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG