သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေကို သမ္မတTrump ဝေဖန်


ကွန်ဆာဗေးတစ် တွေရဲ့ နှစ်ပတ်လည် CPAC ညီလာခံ သမ္မတ ထရမ့် မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇)
ကွန်ဆာဗေးတစ် တွေရဲ့ နှစ်ပတ်လည် CPAC ညီလာခံ သမ္မတ ထရမ့် မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇)

သတင်းသမားတွေကို အပြစ်တင်ဝေဖန် ခဲ့တဲ့ သမ္မတ Donald Trump က သောကြာနေ့ပြောကြားတဲ့ အမေရိကန်နိုင်ငံက ကွန်ဆာဗေးတစ်တွေရဲ့ အကြီးဆုံးညီလာခံဖြစ်တဲ့ CPAC ညီလာခံ မိန့်ခွန်းမှာ သတင်းသမားတွေအနေနဲ့ သူတို့ရဲ့ သတင်းတွေမှာ အမည်မဖေါ်ပြတဲ့ သတင်းရပ်ကွက်က သတင်းတွေကို မသုံးသင့်ဘူးလို့ ပြောကြားရင်း ထပ်မံဝေဖန်ခဲ့ ပါတယ်။

သတင်းမီဒီယာ အများအပြားဟာ အမည်မသိ သတင်းရပ်ကွက်က သတင်းလို့ ဖေါ်ပြပြီး သမ္မတ Trump ကို အမြင်ဆိုးအောင်လုပ်တဲ့ အနေနဲ့ ဝေဖန်ရေး သတင်းတွေ ရေးသားတယ် လို့ သူ့ကိုထောက်ခံသူ ထောင်ပေါင်းများစွာ တက်ရောက်လာတဲ့ ကွန်ဆာဗေးတစ် တွေရဲ့ နှစ်ပတ်လည် CPAC ညီလာခံမှာ ပြောကြားခဲ့တာပါ။

လုပ်ကြံတဲ့ ဇာတ်လမ်းတွေ လုပ်ကြံတဲ့ သတင်းအရင်းအမြစ်တွေ သုံးတဲ့သူတွေကို ဆန့်ကျင်တယ်လို့ သမ္မတ Trump က ပြောခဲ့ပြီး သတင်းသမားတွေအနေနဲ့ သတင်းပေးသူရဲ့ အမည် အတိအကျမသိရင် သူတို့ သတင်းတွေမှာထည့် မသုံးသင့်ဘူးလို့ ပြောပါတယ်။

သတင်းရဲ့ လျှို့ဝှက်တဲ့အနေထားပေါ် မူတည်ပြီး သတင်းထောက်တွေဟာ သူတို့ကိုပဲ ယုံကြည်လို့ ပြောတဲ့သူတွေဆီက ရတဲ့ သတင်းတွေကိုသတင်းတွေထဲမှာ အမည်မဖေါ်လိုသူ ဆီကရတဲ့ သတင်းအဖြစ် ဖေါ်ပြလေ့ရှိပါတယ်။

သမ္မတ Trump က ဒီလထုတ် Washington Post သတင်းစာပါ သတင်းတပုဒ်ကို ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ်။ အမျိုးသား အကြံပေးအဖြစ် သမ္မတ Trump အရင်က ရွေးချယ်ထားတဲ့ Michael Flynn ဟာ အမေရိကန်ရဲ့ ရုရှားအပေါ်ဒဏ်ခတ် အရေးယူမှု နဲ့ ပတ်သက်ပြီး ရုရှားသံအမတ်ကြီးနဲ့ ပြောကြားခဲ့တယ် ဆိုပြီး Washington Post သတင်းစာက အမည်မဖေါ်လိုတဲ့ သတင်းအရင်းမြစ် ၉ ခုလို့ သုံးနှုံးရေးသား ခဲ့တာကို ရည်ညွှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်း အရင်းအမြစ် ၉ ခု ဆိုတာကို သတင်းထောက်က လုပ်ကြံ ရေးသားတာ ဖြစ်ပြီး မရှိတဲ့ အရင်းအမြစ်ကို လုပ်ကြံရေးတာမို့ ဒီသတင်းသမားဟာ မရိုးသားဘူးလို့ သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်းသမားတွေကို သမ္မတTrump ဝေဖန်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG