သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား စွမ်းရည်မြှင့်ဖို့ Donald Trump လိုလား


 ရွေးကောက်ခံသမ္မတ Donald Trump
ရွေးကောက်ခံသမ္မတ Donald Trump

အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယားစွမ်းရည်ကို မြှင့်တင်ဖို့လိုတယ်လို့ ရွေးကောက်ခံထားရတဲ့ သမ္မတ Donald Trump ပြောခဲ့တာက ထိတ်လန့်စရာ ပြောကြားမှုတခုအဖြစ် မြင်သွားနိုင်တာကြောင့် Trump ရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့က ရှင်းပြဖို့ ကြိုးစားနေပါတယ်။

နျူကလီးယားစွမ်းရည်နဲ့ပတ်သက်လို့ ကမ္ဘာက လက်ခံလာတဲ့ အချိန်အထိ အမေရိကန်ပြည်ထောင်စုက လုပ်ရလိမ့်မယ်လို့ ကြာသပတေးနေ့မှာပဲ Twitter အင်တာနက် လူမှုစာမျက်နှာမှာ Trump က ရေးသားခဲ့တာ ဖြစ်ပါတယ်။သူ့ ဆိုလိုရင်း အသေးစိတ်ကိုတော့ မပြောထားပါဘူး။

ဒါပေမဲ့ Trump ရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Jason Miller ကတော့ အကြမ်းဖက်သမားတွေနဲ့ အန္တရာယ်ရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထံကို နျူကလီးယားလက်နက်တွေ မရောက်အောင် ထိန်းသိမ်းဖို့လိုတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ Trump က ပြောခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတ Vladimir Putin က တိုင်းပြည်ရဲ့ နျူကလီးယားလက်နက်ကို အကြီးအကျယ် တိုးချဲ့ဖို့ လိုအပ်ကြောင်း ကြာသပတေးနေ့မှာ အလားတူ မှတ်ချက်ပေး ပြောဆိုခဲ့ပြီး နောက်တရက်မှာပဲ Trump ရဲ့ ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ရုရှားနိုင်ငံက လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအကြောင်း ပြန်ပြောင်း ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် နျူကလီးယားလက်နက်တွေ ပိုပြီး ပိုင်ဆိုင်ဖို့ လိုအပ်တဲ့အကြောင်း ရုရှားသမ္မတ Putin က ပြောဆိုခဲ့တာပါ။

အမေရိကန်အခြေစိုက် လက်နက်ထိန်းချုပ်ရေးဌာနရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား နှစ်နိုင်ငံစလုံးမှာ နျူကလီးယားလက်နက် အမြောက်အများ ပိုင်ဆိုင်ထားပြီး၊ အမေရိကန် ပြည်ထောင်စုက ၇၁၀၀ နဲ့ ရုရှားက ၇၃၀၀ နဲ့ အသီးသီး ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

သမ္မတသစ်ဖြစ်လာတော့မယ့် Trump က ဖလော်ရီဒါပြည်နယ်မှာ အမေရိကန် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံအပြီး နောက်တနေ့မှာပဲ အမေရိကန်မှာ နျူကလီးယားစွမ်းရည် တိုးမြှင့်ဖို့ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တွေ့ဆုံမှုအတွင်း နျူကလီးယား လက်နက်ကိစ္စ ဆွေးနွေးခဲ့သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG