သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ရွေးကောက်ပွဲ နှောက်ယှက်ဖို့ Putin ကြိုးစားသလား


Russia သမ္မတ Vladimir Putin
Russia သမ္မတ Vladimir Putin

အမေရိကန်သမ္မတရွေးကောက်ပွဲရလာဒ်တွေအပေါ် သက်ရောက်မှုရှိအောင် အင်တာနက်ကနေ ကြားဝင်ထိုးဖောက်တိုက်ခိုက်မှုလုပ်ဖို့ Russia သမ္မတ Vladimir Putin ကိုယ်တိုင်က အမိန့်ပေးခဲ့တယ်ဆိုတဲ့သဘောမျိုးအိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

Russia အစိုးရထဲက အဆင့်မြင့် တာဝန်ရှိကြီးတွေသာလျှင် ဒီလိုကိစ္စတွေလုပ်ဖို့ အမိန့်ပေးနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက အောက်တိုဘာလဆိုင်ရာ သုံးသပ်ချက်ကို အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest ကထောက်ပြပြီး Russia အဆင့်အမြင့်ဆုံးတာဝန်ရှိသူတွေလုပ်တယ်ဆိုတာ သိသာထင်ရှားတယ်လို့ ကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလမှာ ခုလို Russia ကကြားဝင်နှောင်ယှက်တာကို ရွေးကောက်ခံသမ္မတ Donald Trump က သိရုံတင်မက အဲလိုလုပ်ဖို့ အားပေးခဲ့တယ်လို့လည်း Josh Earnest ကသတင်းထောက်တွေကို အခိုင်အမာပြောပါတယ်။ ရွေးကောက်ပွဲရလာဒ်တွေအပေါ်သက်ရောက်အောင် Russia ရဲ့ဆိုင်ဘာတိုက်ခိုက်မှုမှာ သမ္မတ Putin တိုက်ရိုက် ပတ်သက်နေတဲ့ဆိုတဲ့ သက်သေအထောက်အထားမျိုး အိုဘားမားအစိုးရက လူသိရှင်ထုတ်ပြန်ခြင်းတော့မရှိပါဘူး။

ဒီစွပ်စွဲချက်ဟာ ရယ်စရာကောင်းလှတဲ့ အဓိပ္ပါယ်မဲ့စွပ်စွဲချက်ဖြစ်တယ်လို့ Russia အစိုးရက တုံ့ပြန်ပါတယ်။ သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေးရာအကြံပေး Ben Rhodes က MSNBC သတင်းဌာနကို ပြောကြားခဲ့တာက Russia အစိုးရလည်ပါတ်နေပုံနဲ့ သမ္မတပူတင်အစိုးရကို ထိန်းချုပ်နေပုံတွေအရဆိုရင် ခုလိုသိသာထူးခြားတဲ့ အင်တာနက်ကနေ ဖောက်ထွင်းခိုးယူမှုတွေကို အစိုးရထဲက အမြင့်ဆုံးအဆင့်ကလုပ်တယ်လို့ ညွှန်ပြနေပါတယ်။

Russia အစိုးရဲ့လုပ်ရပ်နဲ့ပါတ်သက်လို့ သမ္မတ Vladimir Putin မှာ တာဝန်ရှိပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ Donald Trump အနိုင်ရအောင် Russia က Email တွေကို ကြားဝင်ခိုးယူခဲ့တယ်လို့ CIA ထောက်လှမ်းရေးဌာနက ကောက်ချက်ချခဲ့ပြီးနောက် ဒါဟာသူအနိုင်ရမှုကို လျော့တွက်ရာရောက်တဲ့ ကြိုးစားမှုဖြစ်တယ်လို့ ရွေးကောက်ခံသမ္မတ Trump ကတော့ဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG