သုံးရလွယ်ကူစေသည့် Link များ

မတည်မငြိမ်အခြေအနေတွေ အစိုးရ ထိန်းနိုင်ပါ့မလား …


ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်း ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်း ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။

မြန်မာနိုင်ငံတွင်းက ဒီကနေ့သတင်းတွေကို ကြည့်လိုက်မယ်ဆိုရင် အများဆုံးတွေ့ကြရတာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ် ဒုက္ခသည်တွေထွက်ပြေးနေရတာ၊ ရခိုင်ပြည်ဘက်မှာ အခြေအနေ မတည်ငြိမ်တာ၊ ရန်ကုန်မြို့တွင်း ဟိုနေရာ ဒီနေရာမှာ ပေါက်ကွဲမှုတွေဖြစ်တာ စတဲ့ မတည်မငြိမ်သတင်းတွေက အများစုဖြစ်နေပါတယ်။

NLD ပါတီဦးဆောင်တဲ့ အစိုးရအနေနဲ့ ဒီလို မတည်မငြိမ်အခြေအနေတွေ ကို အောင်အောင်မြင်မြင် ထိန်းသိမ်းပြီး လူထု စီးပွားရေးအဆင်ပြေ စားဝတ်နေရေး ဖူလုံလာဖို့နဲ့ ဒီမိုကရေစီအပြောင်းအလဲကို ထိထိရောက်ရောက် ဆက်ပြီးဖော်ဆောင်ဖို့ တကယ်ပဲ လုပ်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြပါသလားဆိုတာ ပင်တိုင်ဆွေးနွေး သူတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းတို့နဲ့ အတူ သောရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG