သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို ရှိ ကန်ကောင်စစ်အရာရှိ ပစ်ခတ်ခံရ


Guadalajara မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး
Guadalajara မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး

ပြီးခဲ့တဲ့ အပတ်သောကြာနေ့ ညနေပိုင်းက မက္ကဆီကို နိုင်ငံ Guadalajara မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးက တာဝန်ကျ အရာရှိ(၁)ယောက်ကို သေနတ်နဲ့ပစ်ခံရတဲ့အတွက် ဒဏ်ရာရသွားခဲ့ပါတယ်။

မက္ကဆီကိုအာဏာပိုင်တွေက သေနတ်သမား ကို ခုချိန်ထိ ရှာဖွေဖော်ထုတ် ဆဲ ဖြစ်ပါတယ်။ သေနတ်နဲ့ပစ်ခံရသူဟာ လုပ်သက် ၁၃ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် ကောင်စစ် အရာရှိတဦးဖြစ်ပြီးတော့ ခုတော့ သူ့ရဲ့ အခြေအနေ တည်ငြိမ်မှု ရှိနေပြီလို့ မက္ကဆီကို အစိုးရ ရှေ့နေချုပ် ရုံး က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ကောင်စစ်ဌာနရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဖော်ပြတဲ့ Video မှတ်တမ်းအရ သောကြာညနေပိုင်းက အမေရိကန်ကောင်စစ်အရာရှိကို သေနတ်နဲ့ မပစ်ခင် မှာ သေနတ်သမားဟာ ယာဉ်ရပ်နားစခန်း ရဲ့ အပြင်ဘက်က နေ ကြိုတင်စောင့် ဆိုင်း နေခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမားဟာ အမေရိကန် ကောင်စစ်အရာရှိ ရဲ့ကား ယာဉ်ရပ်နားစခန်း ထဲက ထွက်လာချိန်အထိ ယာဉ်ရပ်စခန်း တလျောက်အဲဒီကောင်စစ်အရာရှိကို နောက်ယောင်ခံလိုက်ခဲ့ပြီးမှ ကားရဲ့လေကာမှန်ကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ Video မှတ်တမ်းအရ သေနတ်သမားဟာ အပြာရောင် ရှပ်အင်္ကျ ီ ဝတ်ထားပြီး နေကာမျက်မှန်တပ်ထားတာကလွဲလို့ သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တခုမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ဘာကြောင့် ခုလိုတိုက်ခိုက်ပစ်ခတ်ရသလဲဆိုတဲ့ အကြောင်းရင်းကို လဲ မသိရသေးပါဘူး။

ဒီအတောအတွင်းအမေရိကန် အစိုးရ စုံစမ်းထောက်လှမ်းရေးဗျူရို FBI ကတော့ သေနတ်သမားကို ဖမ်းဆီးနိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက် ပေးနိုင်တဲ့လူကို အမေရိကန်ဒေါ်လာ ၂ သောင်း ဆုငွေပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG