သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှက IS ခေါင်းဆောင် ၂ ဦး ကန်ဒဏ်ခတ်ပိတ်ဆို့


အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန

အီရတ် နဲ့ ဆီးရီးယားနိုင်ငံတွေက IS စခန်းတွေမှာ လူသစ်စုဆောင်းတာ နဲ့ ငွေမဲခဝါချတာတွေကို တာဝန်ယူထားတဲ့ အရှေ့တောင်အာရှဒေသက ထင်ရှားတဲ့ IS ခေါင်းဆောင် ၂ ယောက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား မိုဟာမက်ဘာရွန်တမ်တိုမို နဲ့ မလေးရှားနိုင်ငံက မိုဟာမက်ဂျဒီတို့ကို အီရတ် နဲ့ ဆီးရီးယားနိုင်ငံတွေက IS အဖွဲ့တွေကို ငွေကြေးအရရော၊ လုပ်ငန်းပိုင်းမှာပါ အထောက်အပံပေးတာတွေ နဲ့ စစ်ပွဲတွေမှာ လူသစ်စုဆောင်းတာတွေလုပ်နိုင်ဖို့ အာရှကနေ ငွေကြေးပေးပို့တဲ့အတွက် အထူးသတ်မှတ်ထားတဲ့ ကမ္ဘာအကြမ်းဖက်သမားများစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။

သူတို့ ၂ ယောက်ကို အဲဒီ စာရင်းမှာထည့်လိုက်တဲ့အတွက် ISIS အဖွဲ့တွေကို အထောက်အပံ့ပေးနေတဲ့သူတွေကို ကြီးကြီးမားမား အချက်ပေးလိုက်တာဖြစ်သလို ဒေသတွင်းမှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ နဲ့ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့နေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ သန္ဒိဌာန်ကို ပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး John E. Smith က ကြေညာချက်မှာ ပြောထားပါတယ်။ သူတို့ ၂ ဦးအပါအဝင် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့သူဟာ ၇ ဦးရှိပြီး၊ အဲဒီထဲမှာ IS အဖွဲ့ကို ထောက်ခံလို့ ပြီးခဲ့တဲ့နှစ်က ထောင်ချခံရတဲ့ ဗြိတိန်က အစ္စလာမ်တရားဟောဆရာ Anjem Choudary လည်း ပါဝင်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ အခုလို ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက် အမေရိကန်ကုမ္ပဏီတွေ နဲ့ နိုင်ငံသားတွေအနေနဲ့ အဲဒီလူတွေနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်လိုက်သလို၊ အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG