သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအထိမ်းအမှတ် ဂျပန်ဝန်ကြီးချုပ် ပန်းခွေချ


ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအထိမ်းအမှတ် ဂျပန်ဝန်ကြီးချုပ် ပန်းခွေချ
ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအထိမ်းအမှတ် ဂျပန်ဝန်ကြီးချုပ် ပန်းခွေချ

အမေရိကန်ပြည်ထောင်စု၊ ပုလဲဆိပ်ကမ်းကို ၁၉၄၁ ခုနှစ်မှာ ဂျပန်နိုင်ငံက တိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရသူ ၂ ထောင့် ၄ ရာ အတွက် အမှတ်တရနေရာအများအပြားမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အမှတ်တရပန်းခွေတွေကို ဒီကနေ့ချခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ဂျပန်ဝန်ကြီးချုပ်ဟာ သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

မစ္စတာ Abe ဟာ ဒီအမှတ်တရနေရာကိုသွားတဲ့ ပထမဆုံး ဂျပန်ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက် က အမေရိကန်တို့ ဒုတိယကမ္ဘာစစ်ထဲ ဝင်ပါဖို့ဖြစ်စေခဲ့တဲ့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုပေါ် တောင်းပန်ဖို့ မဟုတ်ဘူးဆိုတာ သူ့ရဲ့ ဝန်ထမ်းတွေက ရှင်းရှင်းပဲ ပြောထားတာပါ။ အဲဒီအစား စစ်ပြီးကတည်းကဆိုရင် အမေရိကန်-ဂျပန်ဆက်ဆံရေး ဘယ်လို ဖြစ်ထွန်း တိုးတက်ခဲ့တယ်ဆိုတာကို မစ္စတာ Abe က ပြသချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရဲ့အနိဋ္ဌာရုံတွေ ဘယ်တော့မှ ထပ်မဖြစ်အောင် လုပ်ရပါမယ်လို့ ဂျပန်နိုင်ငံကနေ မထွက်ခင်မှာ မစ္စတာ Abe က သတင်း ထောက်တွေကို ပြောပါတယ်။ အနာဂတ်အတွက် ဒီကတိကဝတ်နဲ့ ပြန်လည်သင့်မြတ်မှုရဲ့တန်ဖိုးကို သမ္မတအိုဘားမားနဲ့အတူ ကမ္ဘာကြီးကို ကျနော်ပြောပြချင် ပါတယ်လို့လည်း ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း တာဝန်ထမ်းခဲ့သူ အများအပြားအပါအဝင် စစ်ဘက်ဝန်ထမ်းတွေရဲ့ ရုပ်ကြွင်းတွေ မြှုပ်နှံထားတဲ့ ပစိဖိတ် အမှတ်တရသချုၤ ိင်းမှာ မစ္စတာ Abe က ပန်းခွေတခုချပြီး ခေတ္တ ငြိမ်သက် ရပ်တန့်ခဲ့ပါတယ်။ အဲဒီသချုၤ ိင်းမှာ မြှပ်နှံထားသူတွေထဲ စစ်ပွဲမှာပါဝင်ခဲ့ပြီး မိဘတွေက ဂျပန်ကနေ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ကြတဲ့ ဟာဝိုင်ယီ အထက်လွှတ်တော်အမတ်ဟောင်း Daniel Inouye ရဲ့ ရုပ်ကြွင်းလည်းရှိပါတယ်။ Inouye ရဲ့ အုတ်ဂူမှာလည်း မစ္စတာ Abe က သီးခြားပန်းခွေတခုချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG