သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် ပုလဲဆိပ်ကမ်းသွားဖို့ Hawaii ရောက်ရှိ


ဂျပန်ဝန်ကြီးချုပ် Hawaii ရောက်ရှိလာစဉ်
ဂျပန်ဝန်ကြီးချုပ် Hawaii ရောက်ရှိလာစဉ်

ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe ဟာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်ကို ရောက်ရှိနေပြီး ဒီကနေ့ သမ္မတ ဘရက် အိုဘားမားနဲ့အတူ ပုလဲဆိပ်ကမ်းကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတို့အကြား ပြန်လည်ရင်ကြားစေ့နိုင်ခဲ့မှုရဲ့ စံတန်ဖိုးတွေကို တွေကို ထုတ်ဖေါ်ပြောဆိုမှာ ဖြစ်ကြောင်း ဂျပန်အစိုးရရဲ့ အတွင်းဝန်ချုပ် Yoshihide Suga က အခုလစောစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Mr. Abe ရဲ့ အခု အလည်ပတ် ခရီးဟာ စစ်တွင်းကာလက ရန်သူဟောင်းဖြစ်ခဲ့သူတို့အကြား မဟာမိတ်တွေ အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကို မီးမောင်းထိုးပြသနေတာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောဆိုပါတယ်။

၁၉၅၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ဂျပန်ဝန်ကြီးချုပ်ဟောင်း Shigeru Yoshida အနေနဲ့ ခရီးသွားစဉ် ခေတ္တ ဝင်ရောက် ရပ်နားခဲ့ပြီးတဲ့နောက်ပိုင်း Mr.Abe ဟာ ပုလဲဆိပ်ကမ်းကို ပထမဦးဆုံး လာရောက်လည်ပတ်တဲ့ လက်ရှိတာဝန် ထမ်းဆောင်ဆဲ ဂျပန်ဝန်ကြီးချုပ် တဦးဖြစ်ပါတယ်။

ဒီအလည်အပတ်ခရီးဟာ အမေရိကန်ပြည်ထောင်စုကို ဒုတိယကမ္ဘာစစ်အတွင်း ပါဝင်လာစေခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၇၅ နှစ် ပြည့်တဲ့ အခါသမယ ဖြစ်သလို၊ ရွေးကောက်ခံ သမ္မတ Donald Trump အနေနဲ့ အမေရိကန်သမ္မတ တာဝန် တရားဝင် လက်ခံရယူမည့်ကာလ မတိုင်ခင် သတင်းလေးပတ် အလိုမှာ လာရောက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း Mr. Abe ဟာ Mr. Trump နဲ့ တွေ့ဆုံခဲ့ပြီး၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပပြီးနောက် Donald Trump နဲ့ တွေ့ဆုံတဲ့ ပထမဦးဆုံး ကမ္ဘာ့ခေါင်းဆောင်တဦးဖြစ်လာခဲ့ပြီး Mr. Abe က Mr.Trump ကို ယုံကြည် စိတ်ချရတဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အလားတူ သမ္မတ အိုဘားမားကလည်း ၁၉၄၅ ခုနှစ်မှာ ဂျပန်နိုင်ငံက Hiroshima နဲ့ Nagasaki မြို့တွေကို နြူကလီးယားဗုံး ကြဲချခဲ့တဲ့အပေါ် တောင်းပန်စကားပြောမှာမဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG