သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WikiLeaks ဖောက်ထုတ်မှု အမေရိကန်တွေအတွက် စိုးရိမ်ဖွယ်ရှိ


CIA ဌာနချုပ်
CIA ဌာနချုပ်

လျှို့ဝှက်မှတ်တမ်းတွေကို အွန်လိုင်းကနေဖွင့်ချတဲ့ Wikileaks အဖွဲ့က အခုနောက်ဆုံး ထုတ်လိုက်တာတွေကနေ ဖြစ်လာမယ့် အကျိုးဆက်တွေအပေါ် အမေရိကန်နိုင်ငံသားတွေအနေနဲ့ အထူးပဲ စိုးရိမ်သင့်တယ်လို့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အဖွဲ့က ပြောလိုက်ပါတယ်။

လူသိရှင်ကြားထွက်လာတဲ့ လျှို့ဝှက်မှတ်တမ်း ၈၇၇၁ ဟာ အစစ်အမှန်တွေလားဆိုတဲ့အပေါ် ဗုဒ္ဓဟူးနေ့မှာ CIA ပြောခွင့်ရက မှတ်ချက်ပေးပြောဖို့ ငြင်းပါတယ်။ ဒါပေမဲ့လဲ အကြမ်းဖက်ဝါဒီတွေ၊ တခြားရန်သူတွေရဲ့ အန္တရာယ်ကနေ ထောက်လှမ်းရေးအဖွဲ့ တွေအနေနဲ့ အမေရိကန်ကို ကာကွယ်နိုင်စွမ်း ထိခိုက်ပျက်စီးစေဖို့ Wikileaks က ရည်ရွယ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး လို့ပြောပါတယ်။

ဒီလိုဖွင့်ချတာမျိုးဟာ အမေရိကန် ဝန်ထမ်းတွေနဲ့ လုပ်ဆောင်ချက်တွေကို အန္တရာယ်ဖြစ်စေရုံသာမက မိမိတို့ရဲ့ ရန်သူတွေက မိမိ တို့ကို ဘေးဒုက္ခရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေနဲ့ အချက်အလက်တွေကို ပေးလိုက်တာဖြစ်တယ်လို့ CIA ပြောခွင့်ရ Jonathan Liu က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer ကလဲ သတိထားရမယ့်သဘော ဗုဒ္ဓဟူးနေ့ကပြောသွားပြီး လျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားအောင် လုပ်ခဲ့သူတွေကို စုံစမ်း အရေးယူမယ်လို့ ဆိုပါတယ်။

ဒီလိုဖွင့်ချတာမျိုးဟာ မိမိတို့ရဲ့လုံခြုံရေး၊ မိမိတို့နိုင်ငံနဲ့ သာယာဝပြောမှုကို အန္တရာယ်ဖြစ်စေတယ်လို့ Spicer ကပြောသလို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကလဲ ဒီကိစ္စအပေါ် သိပ်ကိုစိုးရိမ်တယ်လို့ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG