သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေကမ္ဘာနေ့ ကမ္ဘာတဝှမ်းဆင်နွဲှ


မြေကမ္ဘာနေ့ချီတက်ပွဲအခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာ ဒီကနေ့ ပြုလုပ်နေကြပြီး၊ လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ မက်ဒရစ်၊ လန်ဒန်၊ ဆိုးလ်၊ ကိတ်ပ်တောင်း အပါအဝင် ကမ္ဘာတဝှမ်းက မြို့ပေါင်း ၆၀၀ ကျော်မှာ မြေကမ္ဘာနေ့အခမ်းအနားတွေကို ဆင်နွဲှခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမြို့တော့် ဝါရှင်တန်ဒီစီမှာလည်း လူထုချီတက်ပွဲအခမ်းအနားကြီးကို ကျင်းပသွားမှာဖြစ်ပြီးသိပ္ပံပညာရှင်တွေ၊ ပညာရေးနယ်ပယ်ကပုဂ္ဂိုလ်တွေ နဲ့ ကဏ္ဍပေါင်းစုံက ခေါင်းဆောင်အသီးသီးလည်း အမျိုးသားရင်ပြင်ကြီး မှာ ဆွေးနွေးပြောဆိုကြမှာ ဖြစ်ပါတယ်။ အဲဒီမှာ လူထုကိုအသိပညာပေးဖို့အတွက် သူတို့လုပ်နေတာတွေ၊ ထိရောက်တဲ့ သိပ္ပံဆက်သွယ်ရေး နည်းဗျူဟာတွေ နဲ့ သင်တန်းတွေကို ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။

ဒီချီတက်ပွဲအခမ်းအနားက ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွားရေး နဲ့ အစိုးရယန္တရား အပါအဝင် နိစ္စဓူဝကိစ္စရပ်တွေမှာ သိပ္ပံပညာရပ်ရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ကာကွယ်အသိအမှတ်ပြုဖို့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုရဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

မြေကမ္ဘာနေ့ ကမ္ဘာတဝှမ်းဆင်နွဲှ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG