သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Xinjiang ဒေသခံနိုင်ငံကူးလက်မှတ် တရုတ်သိမ်း


Xinjiang ဒေသခံတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရုတ်အာဏာပိုင်တွေက သိမ်းယူ။
Xinjiang ဒေသခံတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရုတ်အာဏာပိုင်တွေက သိမ်းယူ။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang ခရိုင်အတွက် အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ အထောက်အကူရစေဖို့ လို့ ကြေညာပြီး ဒေသခံတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရုတ်အာဏာပိုင်တွေက သိမ်းယူခဲ့ပါတယ်။

သိမ်းယူထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ရဲတွေက သိမ်းထား တာဖြစ်ပြီး နိုင်ငံကူးလက်မှတ်သုံးဖို့ လိုလာရင် ရဲစခန်းမှာ လျှောက် ထားရမှာ ဖြစ်ကြောင်း ရဲအရာရှိ တဦးက Global Times သတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် လျှောက်ထားသူဟာ ရာဇဝတ်မှု ကျူးလွန်ဘူးသူ မဟုတ်ရင် ဘာမှစိတ်ပူစရာမလိုပဲ နိုင်ငံကူးလက်မှတ်ကို လွယ်လွယ်ကူကူ ပြန်ရယူပြီး ခရီးသွားနိုင်တယ်လို့ ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်ဘူးသူ ဒါမှမဟုတ် သံသယရှိသူအဖြစ် မှတ်တမ်းမှာ ရှိမယ်ဆိုရင်တော့ နိုင်ငံရပ်ခြားကို သွားခွင့်မရှိဘူးလို့လည်း သတင်းမှာ ဖေါ်ပြထားပါတယ်။

တရုတ်အစိုးရရဲ့ ဒီမူဝါဒ အသစ်အတွက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးက ရှုံ့ချပြစ်တင်လိုက်သလို Xinjiang မှာနေထိုင်တဲ့ လူနဲစု မူစလင် အများအပြားကလည်း သူတို့အတွက် ခွဲခြားဆက်ဆံမှုကို ခံရတာလို့ ပြောပါတယ်။ တရုတ်အစိုးရက အကြမ်းဖက်နှိမ်နင်းရေး လုပ်နေတဲ့ Xinjiang ဒေသဟာ တရုတ်နိုင်ငံရဲ့ အခြားဒေသတွေထက် နိုင်ငံကူးလက်မှတ် ရဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။

ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အနောက်မြောက် အိန္ဒိယနိုင်ငံတွေနဲ့ နယ်စပ်ချင်းထိစပ် နေတဲ့ အဲဒီဒေသမှာ မူဆလင်အများအပြား နေထိုင်ကြပြီး တရုတ်အစိုးရက အကြမ်းဖက်မှုတွေနဲ့ ဘာသာရေး အစွန်းရောက်မှုတွေ ကို နှိမ်နင်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG