သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee ရဲ့ မြန်မာခရီးစဉ် စတင်


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ၂၀၁၅ ဇန်နဝါရီတုန်းက မြန်မာနိုင်ငံကို လာရောက်စဉ်
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ၂၀၁၅ ဇန်နဝါရီတုန်းက မြန်မာနိုင်ငံကို လာရောက်စဉ်

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ၁၂ ရက်ကြာ မြန်မာခရီးစဉ် စတင်ဖို့အတွက် တနင်္ဂနွေနေ့ညက ရန်ကုန်မြို့ကို ရောက်သွားပြီ ဖြစ်ပါတယ်။

ဒါဟာ Yanghee Lee ရဲ့ ၅ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဖားကန့်နဲ့ လိုင်ဇာ၊ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောမြို့တွေ အပြင် နေပြည် တော်နဲ့ ရန်ကုန်မြို့တွေ ကိုလည်းသွားဖို့ စီစဉ်ထားပြီး အစိုးရ တာဝန်ရှိသူတွေအပြင် ၊ တပ်မတော်ဘက်က တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်က စုံစမ်းသိရှိချက်တွေကို မတ်လမှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။

Yanghee Lee ရဲ့ ဒီခရီးစဉ်ကနေ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေမှန်တွေကို စုံစမ်း ဖော်ထုတ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တက်ကြွ လှုပ်ရှားသူတွေနဲ့ ရခိုင် လွှတ်တော်အမတ်တွေက ပြောပါတယ်။ မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် Yanghee Lee ဟာ သူ့ခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ဟာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေအတွက် စိုးရိမ်ပူပန်ကြောင်း ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ Kofi Annan ကို ဆက်သွယ် ပြောကြားခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်တာကို ကိုးကားပြီး ကူဝိတ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Kofi Annan ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို သူ့အနေနဲ့ ထောက်ခံကြောင်းလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Yanghee Lee ရဲ့ မြန်မာခရီးစဉ် စတင်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG