သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ ဇီကာရောဂါ ကူးစက်သူ ၄ဝ ကျော်ရှိ


စင်္ကာပူပန်းခြံတခုတွင် ခြင်ဆေးလိုက်ဖြန်းနေစဉ်
စင်္ကာပူပန်းခြံတခုတွင် ခြင်ဆေးလိုက်ဖြန်းနေစဉ်

စင်္ကာပူမှာ ဇီကာရောဂါပိုး နိုင်ငံတွင်းပျံ့နှံ့ပြီး အကူးစက်ခံရသူပေါင်း ၄၀ ကျော်ရှိခဲ့ပေမယ့် အများစုဟာ အခု လုံးဝ ပြန်နလံထူနေပြီလို့စင်္ကာပူအရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မတ်လတုန်းက စင်္ကာပူနိုင်ငံမှာ ပထမဦးဆုံး ဇီကာရောဂါပိုး အကူးစက်ခံရသူ ရှိနေပြီလို့ အစိုးရက ကြေညာခဲ့ပါတယ်။ အကူးစက်ခံရသူဟာ ဘရာဇီးလ် နိုင်ငံကို သွားရောက်ရာက အကူးစက်ခံခဲ့ရတာဖြစ်ပြီး သူဟာ အသက် ၄၈ နှစ် အရွယ် အမျိုးသား တဦးဖြစ်ပါတယ်။ အခု ဇီကာဗိုင်းရပ်စ်ပိုး အကူးစက်ခံရသူ စုစုပေါင်း ၄၁ ဦး ရှိနေပြီး သူတို့ဟာ နိုင်ငံတွင်းမှာပဲ အကူးစက်ခံရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက မနေ့က တနင်္ဂနွေနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

ဒီရောဂါဖြစ်ပွားသူတွေဟာ ဇီကာရောဂါပိုး ပျံ့နှံ့နေတဲ့ဒေသတွေကို လတ်တလော ခရီးမသွားခဲ့တဲ့အတွက် သူတို့ဟာ စင်္ကာပူ နိုင်ငံတွင်းမှာပဲ အကူးစက်ခံရတာဖြစ်ကြောင်း အတည်ပြုလို့ ရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုတာပါ။ အကူးစက် ခံရသူတွေထဲက ၃၄ ယောက်ဟာ အခု နလံပြန်ထူလာပြီဖြစ်ပြီး ကျန် ၇ ယောက်ကတော့ Tan Tock Seng ဆေးရုံမှာပဲ ရှိသေးတယ်လို့လည်း ကျေညာချက်မှာ ဖေါ်ပြထားပါတယ်။

စင်္ကာပူနိုင်ငံထဲက လူနေရပ်ကွက် ၂ ခုမှာ ရောဂါပိုး ပျံ့ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြောခဲ့ပြီး အကူးစက် ခံရသူ အများစုဟာ နိုင်ငံခြားသား ဆောက်လုပ်ရေး လုပ်သားတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများစုကို စနေနေ့ သွေးစစ်ရာကနေ တွေ့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတွင်း ကူးစက်ပျံ့ပွါးမှုကို ပထမဆုံးတွေခဲ့သူဟာ အသက် ၄၇ နှစ်အရွယ် မလေးရှားအမျိုးသမီးဖြစ်ပြီး သူဟာ အခုထိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဇီကာရောဂါပိုးအကူးစက်ခံရသူမှာ ရောဂါလက္ခဏာ သိပ်ပြင်းထန်လေ့မရှိပေမယ့် ကိုယ်ဝန်ဆောင်မိခင်ဖြစ်ရင် ကလေးအတွက် အသက် အန္တရာယ်ရှိသလို micro cephaly လို့ခေါ်တဲ့ ဦးခေါင်းသေးသေးနဲ့ ကလေးငယ်တွေ မွေးဖွားနိုင်တဲ့အပြင် ကလေးအတွက် တခြား ဦးနှောက်ချို့ယွင်းမှု တွေလည်း ဖြစ်ပွားနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG