အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (APEC) ရဲ့ ထိပ်သီးညီလာခံမှာ ကမ္ဘာ့စီးပွားရေး ကြီးမား တိုးတက်လာအောင် မြှင့်တင်နိုင်ဖို့ ကုန်သွယ်ရေး အတားအဆီးတွေကို ဝိုင်းပယ်ဖျက် ပေးကြဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကို နိုင်ငံတကာ ခေါင်းဆောင်တွေ လက်ရှိ ဆွေးနွေးနေကြပါတယ်။
APEC ညီလာခံ တက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် က လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ်ကို ပုံပျက်သွားစေတဲ့ ဒီကုန်သွယ်ရေး ဆိုင်ရာ အခွန်ကောက်ခံမှုတွေ လျော့ချပေးတာနဲ့ နိုင်ငံခြားက ဝင်လာတဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်းက ကုမ္ပဏီတွေနဲ့ ညီညီမျှမျှ ယှဉ်ပြိုင်ခွင့် ရမှသာ နိုင်ငံတကာ ကုန်သွယ်ရေးကို မြှင့်တင်နိုင်မှာ ဖြစ်တယ်လို့ သောကြာနေ့က ဆိုလိုက်ပါတယ်။
ဝန်ကြီး ကလင်တန် ကပဲ ခုလို အခွန်ကောက်ပြီး ပြည်တွင်း ကုမ္ပဏီတွေ အတွက် ကာကွယ်ရေး မူဝါဒတွေ လုပ်တာထက် စာရင် အဆင့်မြင့်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ပစိဖိတ် ဒေသတလွှား လက်ခံလာနိုင်အောင် အစိုးရတွေ အနေနဲ့ ကြိုးပမ်းသင့်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
အိမ်ရှင် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ကတော့ အာရှနဲ့ ဥရောပအကြား နိုင်ငံခြား တင်ပို့မှုတွေ တိုးမြှင့်နိုင်ဖို့၊ သူ့နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ တိုးမြှင့် တည်ဆောက်ရေးကို အားလုံးက လက်ခံလာအောင် အဓိက ဆွေးနွေးခဲ့ပါတယ်။
တရုတ် သမ္မတ ဟူကျင်းတောင် (Hu Jintao) ကလည်း သူ့နိုင်ငံအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံတွေ တိုးချဲ့ဖို့၊ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀,၀၀၀ ကျော် သုံးစွဲပြီး ကားလမ်း၊ ရထားလမ်းနဲ့ စွမ်းအင် စီမံကိန်းတွေ အတွက် အသုံးပြုနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
သမ္မတ ဟူ ကပဲ ခုလို လမ်းပန်းဆက်သွယ်ရေး ကွန်ယက် တိုးချဲ့နိုင်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံခြား ကုန်ပစ္စည်း တင်သွင်းမှုကို လာမယ့် ၃ နှစ် အတွင်း နောက်ထပ် အမေရိကန် ဒေါ်လာ သန်းပေါင်း ဆယ်သန်းအထိ တိုးမြှင့်နိုင်မှာဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး ကြီးမားတိုးတက်ဖို့ အားကောင်းစေမှာလည်း ဖြစ်တယ်လို့ ဆက်ပြောခဲ့ပါတယ်။