သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရွေးကောက်ပွဲ မြန်မာတို့ အမြင်

An advertising van with images of Britain's Prime Minister David Cameron and leader of the opposition Labor Party Ed Miliband drives around Parliament Square, central London, May 7, 2015.
1/7 An advertising van with images of Britain's Prime Minister David Cameron and leader of the opposition Labor Party Ed Miliband drives around Parliament Square, central London, May 7, 2015.
အသေးစိတ် ဖတ်ရှုရန် Show less
Chelsea Pensioner Wayne Campbell is helped out of a polling station after casting his vote in the general election, London, May 7, 2015.
2/7 Chelsea Pensioner Wayne Campbell is helped out of a polling station after casting his vote in the general election, London, May 7, 2015.
အသေးစိတ် ဖတ်ရှုရန် Show less
Britain's opposition Labor Party leader Ed Miliband leaves after voting with his wife Justine in Doncaster, May 7, 2015.
3/7 Britain's opposition Labor Party leader Ed Miliband leaves after voting with his wife Justine in Doncaster, May 7, 2015.
အသေးစိတ် ဖတ်ရှုရန် Show less
Prime Minister David Cameron arrives with his wife Samantha to vote in Spelsbury, May 7, 2015.
4/7 Prime Minister David Cameron arrives with his wife Samantha to vote in Spelsbury, May 7, 2015.
အသေးစိတ် ဖတ်ရှုရန် Show less
Former Labor Party member Alan Johnson (right) leaves a hair salon that is also a polling station during the election, in Hull, May 7, 2015.
5/7 Former Labor Party member Alan Johnson (right) leaves a hair salon that is also a polling station during the election, in Hull, May 7, 2015.
အသေးစိတ် ဖတ်ရှုရန် Show less
A man receives his voting paper from poll clerks in a public launderette being used as a polling station in Oxford, May 7, 2015.
6/7 A man receives his voting paper from poll clerks in a public launderette being used as a polling station in Oxford, May 7, 2015.
အသေးစိတ် ဖတ်ရှုရန် Show less
Liberal Democrat leader Nick Clegg and his wife Miriam Gonzalez Durantez on their way to vote at the Hall Park Center in Sheffield, May 7, 2015.
7/7 Liberal Democrat leader Nick Clegg and his wife Miriam Gonzalez Durantez on their way to vote at the Hall Park Center in Sheffield, May 7, 2015.
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဗြိတိန် ပါလီမန်ရွေးကောက်ပွဲ အပေါ် ဗြိတိန်နိုင်ငံရောက် မြန်မာတွေ အမျိုးမျိုး သုံးသပ်နေကြပါတယ်။ လက်ရှိ အခြေအနေအရ လေဘာပါတီနဲ့ ကွန်ဆာဗေးတစ် ပါတီနှစ်ခုလုံး သူမသာ ကိုယ်မသာဖြစ်နေပြီး ညွန့်ပါင်းအစိုးရဖွဲ့ဖို့ အလားအလာ များနေတယ်လို့လည်း မြင်ကြပါတယ်။ တကယ်လို့များ လေဘာပါတီဘက်က အစိုးရ အဖွဲ့ ကို ဦးဆောင် ဖွဲ့စည်းရမယ်ဆိုရင် မြန်မာအစိုးရ အပေါ်ထားတဲ့ ဗြိတိန် မူဝါဒ အပြောင်းအလဲဖြစ် လာနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

မြန်မာအပေါ် ထားတဲ့ ဗြိတိန်မူဝါဒ ဟာ ဘယ်အစိုးရ တက်တက် ကြီးမားတဲ့ အပြောင်း အလဲဖြစ်မှာ မဟုတ်ဘူးလို့ အများစုက သုံးသပ်ထားပါတယ်။ ဒါပေမယ့် လည်း အခု ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ တက်လာမယ့် အစိုးရကို လေဘာ ပါတီက ဦးဆောင်မယ် ဆိုရင် မြန်မာအစိုးရနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတချို့ ရှိလာနိုင်တယ်လို့ ဗြိတိန်အခြေစိုက် Burma UK Campaign ပြောခွင့်ရအမျိုးသမီး နန်းဇိုရာဖန်းက ပြောပါတယ်။

"ဘာဖြစ်လို့လဲ ဆိုတော့ လေဘာ ပါတီကို ကြည့်ရမယ် ဆိုရင် သူတို့က ထုံးစံအတိုင်း လူ့အခွင့်အရေးကို အလုပ်သမားအခွင့်အရေးတွေကို သူတို့က ဦးစားပေးပြီး လုပ်နေတယ် ဆိုတော့ သူတို့ပါတီရဲ့ မြန်မာပြည်အပေါ်မှာ တင်းမာလာမလားလို့ ကျမတို့ကတော့ စောင့်ကြည့်နေတယ်ပေါ့နော်။ ပြီးခဲ့တဲ့ အစိုးရ ကွန်ဆားဗေးတစ် ပါတီ အနေနဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီ ပူးပေါင်းတဲ့ အစိုးရကျတော့ သူတို့က မြန်မာပြည် အပေါ်မှာ ရှိနေတဲ့ မူဝါဒက အဲ့လောက်အထိ တင်းမာမှု မရှိဘူးပေါ့နော်။ ဦးသိန်းစိန်အစိုးရနဲ့ ပူးပေါင်းဖို့ သူတို့က ပိုပြီးတော့ အားသန်တယ်။ ပြီးတော့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဘက်မှာ အားနည်းနေတယ်လို့ ကျမတို့မြင်ပါတယ်။"

လေဘာ ပါတီသာ အစိုးရဖွဲ့ဖြစ်မယ် ဆိုရင် မြန်မာအပေါ်ထားမယ့် မူဝါဒ အလားအလာ နဲ့ ပတ်သက်လို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး သုံးသပ်နေ သူ ဒေါက်တာအောင်ခင် က အခုလိုမြင်ပါတယ်။

"လေဘာပါတီ တက်လာရင်တော့ လေဘာပါတီရဲ့ စစ်အစိုးရနဲ့ပတ်သက်ပြီးတော့ သဘောထားတော့ ဘယ်လိုရှိမလဲတော့ မသိဘူးပေါ့။ ပြောင်းရင် လည်း ပြောင်းနိုင်တယ်။ အလုပ်သမား ပါတီဆိုတော့ အလုပ်သမားတွေ အတွက် ဘေးက လော်ဘီလုပ်တဲ့သူတွေ များမယ်ပေါ့လေ။ နောက် ဝိုင်းပြီးတော့ သပိတ်မှောက်မယ် ပြုမယ်။ သမဂ္ဂတွေကနေ သွားကိုင်လို့ရှိရင်တော့ သူ့ပေါ်လစီပြောင်းနိုင်တာပေါ့။ "

မေး။ ။ ဟုတ်ကဲ့ အဲ့တော့ အခုလက်ရှိ ဒီရွေးကောက်ပွဲ အနေအထားအရရော ဘယ်ဘက်က ဘယ်လိုနိုင်မလဲ ဆိုတဲ့ အနေအထားရော ဘယ်လိုမြင်လဲရှင့်။

"ရွေးကောက်ပွဲကတော့ ကွန်ဆာဗေးတစ်က နည်းနည်းလေး သာတယ် လို့ ပြောနေကြ တာပေါ့လေ။ အခုဒီည ဆယ်နာရီပြီးမယ်။ အလုပ်သမားတွေ ကတော့ လေဘာပါတီဘက် ပေးကြတာပေါ့လေ။ လူကြီးတွေ များသောအားဖြင့် - ကျနော်ဆိုလို့ရှိရင်လည်း ပြောရမယ်ဆိုရင် ကျနော်က ကွန်ဆာဗေးတစ် ကို မဲပေးတာ ဘာဖြစ်လို့လဲဆိုတော့ လေဘာပါတီခေါင်းဆောင်က ငယ်လည်းငယ် တယ်။ သူက အလုပ်မလုပ်ဘူး။ အလုပ်မလုပ်ဘူးတဲ့ အတွက် နိုင်ငံရေး မှာကျတော့ လည်း သိပ်ပြီး အယုံအကြည်မရှိကြဘူးပေါ့ဗျာ။ နည်းနည်းအသက်ကြီးတဲ့ လူတွေက။ လူငယ်တွေ ကတော့ မပြောတတ်ဘူး။ သူ့ကို ဘယ်လောက် အထိ ပေးမလဲဆိုတာကို။ "

သေချာတာကတော့ ဘယ်ပါတီဘဲ အစိုးရဖွဲ့ဖွဲ့ မြန်မာနိုင်ငံက အတိုက်အခံ ပါတီဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံရေး ဟာ ပြောင်းလဲမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

"မြန်မာပြည်အတိုက်အခံနဲ့ပတ်သက်ပြီး အထူးသဖြင့် NLD နဲ့ပတ်သက်လို့ ကတော့ လေဘာ ပါတီရော ကွန်ဆာဗေးတစ်ပါတီရော သူတို့ သဘောထား အတူတူပဲ လို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စု ဒီလာသွား တုန်းက ဒေးဗစ် ကင်မရွမ်းက သူ့ရဲ့ ရွေးကောက်ပွဲ နယ်မြေကို ခေါ် သွားပြီး ပြတယ်။ နောက် အတိုက်အခံ ကလည်း ဒေါ်စုလာတဲ့ အချိန်နဲ့ သူတို့ ဒီလန်ဒန်မှာ ရှိတဲ့ လေဘာ အဆောက်အဦး သစ်ပေါ့လေ လေဘာရုံးချုပ်ဖွင့်တော့ အဲ့ဒီ့လေဘာပါတီရုံးချုပ်ကို ဒေါ်စုက ဖွင့်သွားတာပေါ့။ "

အခုအသံလွှင့်ချိန် မတိုင်ခင် ဗြိတိန်စံတော်ချိန် ည (၁၀)နာရီမှာ မဲရုံးတွေအားလုံး ပိတ်လိုက်ပြီး မဲတွေ စတင်ရေတွက်နေပါတယ်။ ရွေးကောက်ပွဲရလာဒ် မထွက် လာသေးပေမယ့် ရွှေ့ပြောင်း အခြေချနေထိုင်သူမြန်မာအများစုကတော့ လစ်ဘာပါတီကို မဲပေးခဲ့ကြတယ်လို့ လန်ဒန်မှာ နှစ်ပေါင်း များစွာနေထိုင်နေတဲ့ မြန်မာတဦးဖြစ်သူ ကိုဖိုတာက ကပြောပါတယ်။

"လေဘာရဲ့ ပေါ်လစီတော်တော်များများကတော့ ကျနော်တို့က ပိုကြိုက်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က Migrants တွေကို သက်ညှာတာမျိုးတွေရှိတယ် ပိုပြီးတော့ အခွင့်အရေးပေးတာမျိုးတွေ ရှိတာပေါ့နော်။ လွန်ခဲ့တဲ့ ငါးနှစ်မတိုင်ခင် တုန်းကတော့ လေဘာ Goverment ကို ဆယ်နှစ်လောက် Run ခဲ့တဲ့အချိန်မှာ တုန်းကတော့ လေဘာGoverment ကတော့ အကုန်လုံးကို Migrants တွေ အားလုံးကို ချောင်ချောင်ချိချိနဲ့ နေလို့ရအောင် သိပ်ပြီးတော့ အကျပ်အတည်း မလုပ်ထားဘူးပေါ့နော်။ ဥပမာ ဗီဇာတိုးတာပဲဖြစ်ဖြစ် Migrants တွေ အရှေ့ဥရောပ က လူတွေ ဝင်လာတာပဲ ဖြစ်ဖြစ် တခြား Non-EUက လာတဲ့ နိုင်ငံသားတွေ ပဲဖြစ်ဖြစ် ကျောင်းသားနဲ့ပဲ လာလာ ဘာနဲ့ပဲ လာလာ အဲ့လိုမျိုး Immigration မှာ Law တွေက အရမ်းကို restricted မဖြစ်ထားဘူးပေါ့နော်။ "

လွန်ခဲ့တဲ့ငါးနှစ် ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီနှစ်ခုပေါင်းထားတဲ့ ညွန့်ပေါင်း အစိုးရ လက်ထက်တုန်းက ဗြိတိန်နိုင်ငံမှာ ရွှေ့ပြောင်း အခြေချသူတွေနဲ့ ပတ်သက်တဲ့ မူဝါဒ ပျော့ပြောင်းခြင်းမရှိခဲ့ဘူးလို့ ကိုဖိုတာက ပြောပါတယ်။

မနေ့ ကဗြိတိန်နိုင်ငံ တဝန်း မဲရုံပေါင်း ၅ သောင်းမှာ မဲဆန္ဒရှင်တွေ သန်းနဲ့ချီပြီး မဲပေးခဲ့ကြတာပါ။ မဲဆန္ဒနယ် ၆၅၀ အတွက် ပါလီမန် အမတ်နေရာ ၆၅၀ ဦး ကို ရွေးကောက်ကြမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဘယ်ပါတီက အမတ်နေရာ အများစုရပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မလဲဆိုတာကို လူအများက စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG