ဗြိတိန်နိုင်ငံ တဝန်း မဲရုံပေါင်း ၅ သောင်းမှာ မဲဆန္ဒရှင်တွေ သန်းနဲ့ချီပြီး မဲပေးခဲ့ကြပြီး မဲဆန္ဒနယ် ၆၅၀ အတွက် ပါလီမန် အမတ်နေရာ ၆၅၀ ဦး ကို ရွေးကောက်ကြ မှာဖြစ်ပါတယ် လက်ရှိ အခြေအနေ မှာတော့ ဘယ်ပါတီက အမတ်နေရာ အများစု ရပြီး ညွန့်ပေါင်း အစိုးရဖွဲ့နိုင်မလဲ ဆိုတာကို လူအများက စောင့်ကြည့်နေကြပါတယ်။