“အမျိုးသား လုံခြုံရေး အခြေခံပေါ်မှာ တရုတ်ကွန်မြူနစ်ပါတီကို ကောင်းကောင်း ဆန့်ကျင် ရပ်တည်ထားတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။” လို့ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင်၊ နယူးယောက်ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် Chuck Schumer က ပြောပါတယ်။
ဒီလို ကျဆင်းရတဲ့ အဓိက အကြောင်းရင်းထဲမှာ တခုက တရုတ်နိုင်ငံထုတ် လက်နက်တွေဟာ တိုက်ခိုက်ရေး အတွေ့အကြုံပိုင်းမှာ အားနည်းတာကြောင့် ဖြစ်တယ်လို့ SIPRI အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ နှစ်နဲ့ချီ ထောင်ကျခဲ့ရတဲ့ အမေရိကန် ၃ ဦး ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အမေရိကန် ပြည်ထောင်စုကို ပြန်လည် ရောက်ရှိလာပါတယ်။ Mark Swidan ၊ Kai Li နဲ့ John Leung တို့ အမေရိကန် စံတော်ချိန် ဗုဒ္ဒဟူးနေ့ ညမှာ တက္ကဆက် ပြည်နယ် ဆန်အန်တိုနီရိုက စစ်တပ် စခန်းကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သမ္မတအဖြစ် တာဝန်ယူတဲ့ ပထမဆုံးနေ့မှာ အိမ်နီးချင်း မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး၊ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကိုတော့ နောက်ထပ် ၁၀ ရာခိုင်နှုန်းတိုးကောက်မယ်လို့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တရုတ်နိုင်ငံမှာ ခြောက်လ အထိ နေထိုင်နိုင်မဲ့ “လန်ချန်း-မဲခေါင် ဗီဇာ”ကို နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး ထုတ်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာထားပါတယ်။ တရုတ်နိုင်ငံကို အကြိမ်ကြိမ် ဝင်ရောက်နိုင်မယ့်ဗီဇာမျိုးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအနေအထားနဲ့ သင့်တော်ရာ ရွေးချယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်က အမြဲတမ်းထောက်ခံတယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက မကြာသေးခင်ကပဲ ပိတ်လိုက်တာဟာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာမှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး ချိုးဖေါက်တဲ့နိုင်ငံတွေ ဖြစ်တယ်လို့ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အား အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ စီးပွားရေး ပြဿနာသစ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြီး အိမ်ယာ ကဏ္ဍမှာ ကာလအတော်ကြာ ပြဿနာတွေ ကြုံနေရတာကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ သမ္မတ Xi Jinping နဲ့ တရုတ် ထိပ်တန်း ခေါင်းဆာင်တွေက ဒီကနေ့ ကတိပြု ပြောဆိုပါတယ်။
ပြင်သစ်နိုင်ငံရဲ့ Airbus လေယာဉ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး တရုတ်လေကြောင်းထုတ်လုပ်ရေး ကော်ပိုရေးရှင်း (AVIC)ကို မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာတွေရပ်တန့်အောင် ဖိအားပေးဖို့ မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက အစီရင်ခံစာသစ်တစောင်ထုတ်တောင်းဆို လိုက်ပါတယ်။
တရုတ်တက္ကသိုလ်တွေမှာ တက်နေတဲ့ အမေရိကန်ကျောင်းသားတချို့ရှိပေမဲ့ အမေရိကန်တက္ကသိုလ်တွေမှာ လာတက်နေတဲ့ တရုတ်ကျောင်းသားအရေအတွက်နဲ့ ယှဉ်ရင် အလွန်ကိုနည်းပါးပါတယ်။ အမေရိကန်ရောက် တရုတ်ကျောင်းသားတွေအကြောင်း Katherine Michaelson သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါမယ်။
မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေဟာ လက်တွေ့ကျရဲ့လားလို့ အကဲခတ်အချို့က မေးခွန်းထုတ်နေကြပါတယ်။ တရုတ်သံရုံးကတော့ မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာမှာဖြစ်ပြီး ပြည်တွင်းရေးကို မစွက်ဖက်ရေးမူအတိုင်း ဆက်လက်ကိုင်ဆွဲထားကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်