သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Xi လာမယ်လို့ သမ္မတ Trump ပြော


၂၀၁၉ ခုနှစ်က ပထမသက်တမ်းအတွင်းက သမ္မတထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် တို့ တွေ့ဆုံချိန် ယခင်မှတ်တမ်းဓာတ်ပုံ။
၂၀၁၉ ခုနှစ်က ပထမသက်တမ်းအတွင်းက သမ္မတထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် တို့ တွေ့ဆုံချိန် ယခင်မှတ်တမ်းဓာတ်ပုံ။

တရုတ်သမ္မတ Xi Jinping ဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ရှိနေတယ်လို့ အမေရိကန် သမ္မတ Donald Trump ကပြောကြားခဲ့ပေမဲ့ ဘယ်တော့လဲဆိုတာကိုတော့ အတိအကျပြောဆိုခြင်း မရှိပါဘူး။ တရုတ်နဲ့အမေရိကန်ကြားမှာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုသစ်တွေ ဖြစ်လာ နိုင်တယ်လို့လည်း သမ္မတ Trump က ဗုဒ္ဓဟူးနေ့တုန်းက ပြောကြားခဲ့တာပါ။

တရုတ်သမ္မတ Xi သာမက တခြားနိုင်ငံခေါင်းဆောင်တွေလည်း အမေရိကန်ပြည်ထောင်စုကို လာနိုင်တဲ့ အလားအလာတွေရှိတယ်လို့ အမေရိကန်သမ္မတကပြောပါတယ်။ သမ္မတ Trump နဲ့ သမ္မတ Xi တို့ကြား တွေ့ဆုံမှု၊ ဆွေးနွေးမှုက နှစ်နိုင်ငံအတွက်အရေးပါတဲ့ သွင်းကုန်ခွန်တွေဖြေလျော့ရေး၊ ဆိုင်းထားရေး အတွက် အင်မတန်အရေးပါတယ်လို့ မြင်နေကြပါတယ်။

သမ္မတ Trump ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တရုတ်အစိုးရကတော့ ကုန်သွယ်ရေးဆိုင်ရာပြဿနာကို နှစ်နိုင်ငံအပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုပေါ်မှာအခြေခံပြီး ဆွေးနွေးသင့်တယ်လို့ ဒီနေ့ တုံ့ပြန်ပါတယ်။ အမေရိကန်ဘက်က တဘက်သတ် သွင်းကုန်ခွန်တိုးမြှင့်တာကိုဆန့်ကျင်သလို ကုန်သွယ်ရေးနဲ့ ကုန်သွယ်ခွန်ကောက်ခံတဲ့ကိစ္စမှာ ဘယ်သူမှအနိုင်ရမှာမဟုတ်ဘဲ တကမ္ဘာလုံးက ပြည်သူတွေရဲ့ အကျိုးကိုပဲ ထိခိုက်စေလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းအားလုံးအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းတိုးကောက်ဖို့ ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ သမ္မတထရန့်ကအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ဘက်လည်း လက်တုံ့ပြန် တဲ့အနေနဲ့ အမေရိကန်ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့အရည်တွေအပေါ် သွင်းကုန်ခွန် ၁၅ ရာနှုန်း တိုးခဲ့ပြီး ရေနံနဲ့အခြားကုန်ပစ္စည်းတွေအပေါ်မှာ ၁၀ နှုန်းတိုး သတ်မှတ်ခဲ့ပါတယ်။ အမေရိကန်ကို တင်ပို့တဲ့ကားအားလုံးအပေါ် သွင်းကုန်ခွန် ၂၅% ကောက်ဖို့ သမ္မတ Trump က ခြိမ်းခြောက်ထားသလို လာမဲ့လတွေကစပြီး သစ်တင်သွင်းမှုအပေါ်လည်း ၂၅% သွင်းကုန်ခွန်ကောက် ကောင်းကောက်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ကုန်သွယ်ရေးမှာအမေရိကန်ဘက်လိုငွေပြမှုတွေဟာ ဆယ်စုနှစ်နဲ့ချီပြီး ပမာဏအများအပြား ဖြစ်နေတဲ့အတွက် သမ္မတထရန့်က တရုတ်ကသွင်းကုန်တွေကို အခွန်တိုးကောက်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump နဲ့ သမ္မတ Xi တို့ဟာ သမ္မတ Trump ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန္နဝါရီလ ၂၀ ရက်နေ့က ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ပါတယ်။ တရုတ်သမ္မတ အမေရိကန်ကို နောက်ဆုံးအကြိမ်လာခဲ့ တာကတော့ ၂၀၂၃ ခုနှစ်က နိုဝင်ဘာမှာဖြစ်ပါတယ်။

သမ္မတ Xi လာမယ်လို့ သမ္မတ Trump ပြော
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG