အပတ်စဉ်တီဗွီအစီအစဉ်များ
တွေ့ဆုံမေးမြန်းခန်း
မြန်မာနိုင်ငံ၏ နယ်ပယ်အသီးသီးတွင် အခန်းကဏ္ဍတခုမှနေ၍ တာဝန်ယူ လုပ်ဆောင်နေကြသူများနှင့် တွေ့ဆုံ မေးမြန်းခန်းများကို တစုတစည်းတည်း ဖော်ပြပေးထားပါသည်။
ကမ္ဘာ့မီဒီယာထဲက မြန်မာ
နိုင်ငံတကာ သတင်းမီဒီယာအသီးသီးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တပတ်အတွင်း ရေးသားဖော်ပြသမျှထဲမှ ကောက်နှုတ်၍ တပတ်စာ သတင်းအနှစ်ချုပ်အဖြစ် အပတ်စဉ် သောကြာနေ့ နေ့စဉ်တီဗွီသတင်းလွှာအစီအစဉ်တွင် ထုတ်လွှင့်ပေးနေပါသည်။
သတင်းထောက်မှတ်စု
မြန်မာနိုင်ငံဆိုင်ရာ အဖြစ်အပျက် အခြေအနေမျိုးစုံကို ကိုယ်တိုင် လိုက်လံ၍ သတင်းရယူခဲ့သည့် သတင်းထောက် တဦး မှတ်သားထားသမျှကို စုစည်း၍ မှတ်စုတခုသဖွယ် ဗွီအိုအေ တနင်္ဂနွေတီဗွီမဂ္ဂဇင်းတွင် တပတ်ခြား အစီအစဉ်တခုအဖြစ် ထုတ်လွှင့်ပေးနေပါသည်။
ကမ္ဘာတလွှား ခရီးသွား
ခရီးသွားရတာကို နှစ်ခြိုက်ကြသူတွေအတွက် ကမ္တာတဝန်းက စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေအကြောင်းကို ဗွီအိုအေမြန်မာဌာနရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ သီတင်းပတ်စဉ်တင်ဆက်ပေးနေပါတယ်။
သိပ္ပံနဲ့နည်းပညာ
သိပ္ပံနှင့်နည်းပညာဆိုင်ရာ နောက်ဆုံး တွေ့ရှိချက်များ၊ တီထွင်ဖန်တီးမှုအသစ်များ၊ နည်းပညာအသစ်အဆန်းများ၊ နယ်ပယ်သစ် လေ့လာစူးစမ်းမှုများ စသည့် အကြောင်းအရာမျိုးစုံကို တင်ဆက်ပေးနေပါသည်။
မြင်ကွင်းကျယ်မှတ်စုများ
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေး လေ့လာမှုနဲ့ နိုင်ငံရေးဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းချင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။
ပိုလီဂရပ်ဖ်.အင်ဖို
အချက်အလက်အမှန်တွေနဲ့ အကြောင်းအရာအဖြစ်အပျက်တွေကို ဗွီဒီယိုရှင်းလင်းချက်တွေနဲ့အတူ တိုတိုနဲ့ လိုရင်းဖော်ပြပေးထားပါတယ်။ မှားမှန်မသေချာတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေနဲ့ အတည်ပြု သိရှိချင်တယ်ဆိုရင် ဗွီအိုအေရဲ့ ပိုလီဂရပ်ဖ်စာမျက်နှာ polygraph.info မှာလည်း သွားရောက်ကြည့်ရှု နိုင်ပါတယ်။
သက်တံရောင်သတင်းလွှာ
ကမ္ဘာတဝန်း အနုပညာ၊ အားကစား၊ စာပေ၊ ယဉ်ကျေးမှု စသည်ဖြင့် နယ်ပယ်အသီးသီးမှ ထင်ရှား ကျော်ကြား လူသိများသူတို့၏ တပတ်အတွင်း သတင်း အထွေထွေကို စနေနေ့ တီဗွီမဂ္ဂဇင်းအစီအစဉ်တွင် ထုတ်လွှင့်ပေးနေပါသည်။
ထူးခြားဆန်းပြားသတင်းများ
ကမ္ဘာတဝန်းမှ ထူးထူးခြားခြား သတင်းတချို့ကိုစုစည်းပြီး အပတ်စဉ် တနင်္ဂနွေနေ့ တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ထုတ်လွှင့်ပေးနေပါတယ်။
နော်သဇင်ရဲ့ Vlog
လူငယ်တယောက်ရဲ့ ဖြစ်တည်မှု၊ ကြီးပြင်းလာမှုနဲ့ အတွေ့အကြုံတွေကို အပတ်စဉ် သောကြာနေ့ ည ၇ နာရီကနေ ၇ နာရီခွဲအထိ ထုတ်လွှင့်နေတဲ့ ဗွီအိုအေ နေ့စဉ်တီဗွီသတင်းလွှာ အစီအစဉ်မှာ နော်သဇင်က တင်ဆက်ပေးနေပါတယ်။
မြန်မာတခွင်
မြန်မာနိုင်ငံတဝန်းက စိတ်ဝင်စားဖွယ် အကြောင်းအရာမျိုးစုံကို ဗွီအိုအေ မြန်မာဌာနရဲ့ တနင်္ဂနွေနေ့ တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ သီတင်းပတ်စဉ် တင်ပြပေးနေပါတယ်။
သူ့အကြောင်း
မြန်မာနိုင်ငံတွင်း နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီး၊ အခြေအနေအသီးသီးမှာ ရှိနေကြတဲ့ လူပုဂ္ဂိုလ်တဦးချင်းစီက သူတို့အကြောင်းကို သူတို့ကိုယ်တိုင်ပြောပြထားတဲ့ စိတ်ဝင်စားဖွယ် ဘဝဇာတ်လမ်းအသွယ်သွယ်ကို တနင်္ဂနွေ တီဗွီ မဂ္ဂဇင်းမှာ တပတ်ခြား အစီအစဉ်တခုအဖြစ် ထုတ်လွှင့်ပေးနေပါတယ်။
ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ
ဒီကနေ့ မြန်မာအပါအဝင် ကမ္ဘာမှာရင်ဆိုင်နေရတဲ့ ဥတုရာသီပြောင်းလဲဖောက်ပြန်မှုနဲ့ အကျိုးဆက်တွေ၊ ဇီဝဂေဟစနစ်ကာကွယ်ထိန်းသိမ်းရေးနဲ့ ဥတုရာသီပြောင်းလဲမှုတားဆီးရေး နိုင်ငံတကာရဲ့ကျိုးပမ်းချက်၊ ဆောင်ရွက်ချက်တွေကို “ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ” အစီအစဉ်ကနေ အပတ်စဉ်တင်ဆက်ပေးနေပါတယ်။
လူမှုရှုခင်း
သတင်းစာမျက်နှာပေါ်က အဖြစ်အပျက်တွေက ကမ္ဘာ့နေရာစုံမှာရှိနေကြတဲ့ မြန်မာတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲဆိုတာ လူမှုရှုခင်းအစီအစဉ်မှာ မစုမြတ်မွန်က တင်ပြထားပါတယ်။ အပါတ်စဉ် တနင်္လာနေ့တိုင်းမှာ ရုပ်သံနဲ့ ကြည်ရှုနိုင်ပါတယ်။