ဒီကနေ့ကျရောက်တဲ့ ဇန်နဝါရီလ ၄ ရက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒေသခံပြည်သူတချို့ စုဝေးပြီး မှော်လှည့်သပိတ်ကြောင်းနဲ့ ချီတက်လှည့်လှည် ဆန္ဒပြခဲ့ကြ ပါတယ်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ ဒီကနေ့ စနေနေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အနေနဲ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးမှာ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ဆက်လက် ရပ်တည်နေတယ်ဆိုတာကို ထပ်လောင်း ပြောကြားပါကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက် စွက်ဖက်နေတာတွေ ရပ်ဖို့ မြန်မာ အနုပညာရှင်တွေ ဦးဆောင်ပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်က တရုတ်သံရုံးရှေ့မှာ ရာသီဥတု ဆိုးရွားနေတဲ့ကြားကပဲ သောကြာနေ့က သံပုံးတွေတီးပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်လုပ် တင်သွင်းတာတွေ ပိုများလာတာ တွေ့ရတယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းရဲအရာရှိတဦးက ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာတဲ့ စက်လှေ တစင်းကို မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ မလေးကမ်းခြေစောင့် တပ်ဖွဲ့က ဇန်နဝါရီ ၃ ရက် မှာ ဖမ်းဆီးလိုက်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့က စစ်ကောင်စီပြဌာန်းလိုက်တဲ့ အခန်း(၁၆) ခန်း၊ ပုဒ်မ(၈၈) ခု ပါဝင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေက ဘယ်လိုအချက်တွေကို အဓိက ထိန်းချုပ် ကာကွယ်ပေးနိုင်ပါသလဲ။ အွန်လိုင်း အသုံးပြုတဲ့ ပြည်သူတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်ပါလဲ။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ ချောင်းကြီးကျေးရွာကို ဇန်နဝါရီ ၂ ရက် ည ၈ နာရီမှာ စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၅ နှစ်အရွယ် ကလေးတဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသား တဦး ပေါင်း ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး လူ၂၀ကျော် ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျုဟာရေးဆွဲရေး၊ စောင့်ကြည့်ရေးနဲ့ အစိုးရအဖွဲ့တွေအကြား ဆက်သွယ်ညှိနှိုင်းရေး ထိုင်းအစိုးရ အထူးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို လာမယ့် ဇန္နဝါရီလ ၁၃ ရက်နေ့ ကျင်းပမယ့်အကြောင်း အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီး ထိုင်း PBS သတင်းမှာ ဖေါ်ပြပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ဒုတိယပတ်အထိ ကောက်ယူခဲ့ပြီး စစ်ကောင်စီက ရှေ့ပြေးရလဒ်အနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်တာမှာ လူဦးရေစုစုပေါင်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၁.၃သန်းရှိတယ်လို့ ကနဦး ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးည နဲ့ ဇန်နဝါရီ ၁ရက် မနေ့က နှစ်ရက် ဆက်တိုက် ကယားပြည်နယ်(ကရင်နီ)ဒေသ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်