သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲ ကြိုးပမ်းမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမှာ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံစဥ်။ - ဓာတ်ပုံ - António Guterres X လူမှုမီဒီယာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမှာ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံစဥ်။ - ဓာတ်ပုံ - António Guterres X လူမှုမီဒီယာ

ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephene Dujarric က သောကြာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ကို ၄ ရက်ကြာ ခရီးသွားရောက်နေတဲ့ အတွင်းရေးမှုးချုပ်ဟာ ရိုဟင်ဂျာ ဒုက္ခသည် တွေရဲ့ အခြေအနေကို ကိုယ်တိုင်သိရဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအကြီးအကဲ Muhammad Yunus နဲ့အတူ၊ သောကြာနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် နေထိုင်တဲ့ Cox's Bazar ကို သွားရောက်တာပါ။

ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ဒီခရီးစဉ်မှာ တွေ့ခဲ့တဲ့ လူတိုင်းကို အတွင်းရေးမှုးချုပ်ကပြောကြားခဲ့သလို မြန်မာနိုင်ငံက ပဋိပက္ခတွေ ရပ်ဆိုင်းအောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက မလုပ်ဆောင်နိုင်သေးတာ အတွက် လည်း တောင်းပန်ခဲ့ပါတယ်။

ဒါ့အပြင် အခုခရီးစဉ်ကနေ မြန်မာနိုင်ငံကို ပြန်ချင်တဲ့ ရိုဟင်ဂျာတွေဆီက အသံကို သူကြားခဲ့ရသလို ဒုက္ခသည် စခန်းတွေမှာ နေထိုင်ရတဲ့ ဒုက္ခသည်တွေဟာ သူတို့နေရတဲ့ အခြေနေ အခုထက် ပိုကောင်းအောင် လုပ်ပေးစေချင်ကြောင်း သူ့ကို ပန်ကြားခဲ့ကြတယ်လို့ ပြောပါတယ်။

အခြေနေဆိုးမှာ နေနေရတဲ့ ဒုက္ခသည်တွေဟာ သူတို့ကို ထောက်ပံ့နေတဲ့ အကူအညီတွေ အဖြတ်တောက် ခံရရင် အခြေနေ ခုထက်ပို ဆိုးလာပြီး သေဆုံးတဲ့ အထိ ဖြစ်လာနိုင်တာကြောင့် ဒီဒုက္ခသည် တွေရဲ့ အခြေအနေကို နိုင်ငံတကာ အသိုင်းဝိုင်းက နားလည်လာအောင် သူကြိုးစားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG