အာရှနိုင်ငံရေး ၂၀၂၄ နှစ်ချုပ်အစီစဉ် ၂၀၂၄ ခုနှစ်အတွင်းအာရှနိုင်ငံတွေမှာရွေးကောက်ပွဲတွေလုပ်ခဲ့ပြီး၊ နိုင်ငံရေတည်ငြိမ်မှုအားနည်းကာဒီမိုကရေစီကျဆင်းခဲ့တယ်လို့သုံးသပ်ကြပါတယ်။ ဒေသတွင်လုံခြုံရေးတင်းမာမှုတွေနဲ့အတူစစ်ပွဲတွေလည်းပြင်းထန်ခဲ့ပါတယ်။ ကိုဇော်မိုးကျော်က ၂၀၂၄ နှစ်ချုပ်အစီစဉ်မှာတင်ပြထားပါတယ်။
ဆီးရီးယားစစ်ပြေးဒုက္ခသည် တွေနေရပ်ကိုစတင်ပြန်နေကြပါပြီ။ နှစ်နိုင်ငံကုန်သွယ်ရေးကို နိုင်ငံရေးပြဿနာမလုပ်ဖို့ တရုတ်ကအမေရိကန်ပြောပါတယ်။ အစ္စရေးဟားမတ်အပစ်ရပ်နိုင်ရေးမျော်လင့်ဆဲဖြစ်တယ်လို့ဝန်ကြိးBlinken ကပြောပါတယ်။ ကိုဇော်မိုးကျော်ကစု စည်းတင်ပြထားပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေငြာခဲ့တဲ့ သမ္မတယွန်ဆွတ်ယိုးကို ရာထူးကနေနှုတ်ထွက်ပေးဖို့ အတိုက်အခံ ဒီမိုကရက်ပါတီနဲ့ဆန္ဒပြပြည်သူတွေကတောင်းဆိုနေပါတယ်။ ။ အာဏာရပါတီခေါင်းဆောင်ကိုယ်တိုင် နှုတ်ထွက်စေ့ချင်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ထိုင်ဝမ်သမ္မတလိုင်ချင်းတေအမေရိကန်ပြည်ထောင်စုမှာ ခေတ္တရပ်နားမယ့်ကိစ္စတရုတ်ကအပြင်းအထန်ကန့်ကွက်ပါတယ်။တရုတ်ရုရှားစစ်လေယဉ်တွေ လည်းဂျပန်ပင်လယ်ထဲကင်းလှည့်ခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဇဘိုလာအပစ်ဖို့သဘောတူလိုက်တဲ့အတွက်အိုးအိမ်စွန့်ခွါရသူတွေပြန်လာနေကြပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အာရှပစ္စဖိတ်ဒေသတွင်းတင်းမာမှုတွေရှိနေချိန် တရုတ်၊ဂျပန်၊အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေASEANအစည်းအဝေးတက်ရောက်ခဲ့ပါတယ်။ဗီယက်နမ်နဲ့မလေးရှားဆက်ဆံရေးတိုးမြှင့်လိုက်ပါတယ်။မြန်မာပြည်မြောက်ပိုင်းကအွန်လိုင်းငွေလိမ်ဗဟိုချက်မကိုရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီလို့ တရုတ်အစိုးရကကြေငြာပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
သမ္မတဒေါ်နယ်ထရန့်အနိုင်ရရှိခဲ့တဲ့အပေါ်တရုတ်သမ္မတရှီကျင်းပင်အပါအဝင်အာရှတိုက်ကခေါင်းဆောင်တွေကဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလား၊ကိုရီးယားအရေး၊အင်ဒိုပစ္စဖိတ်လုံခြုံရေးနဲ့ အစ္စရေးပါလက်စတိုင်းအရေးတွေကိုရိုက်ခတ်လာမလားစိုးရိမ်ကြပါတယ်။ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်
မြောက်ကိုရီးယားအနေနဲ့ ယူကရိန်းစစ်ပွဲမှာအောင်ပွဲရသည်အထိရုရှားဘက်ကရပ်တည်သွားမယ်လို့ပြောဆိုပါတယ်။ ကာကွယ်ရေးအပါအဝင်အီရန်နဲ့ ရုရှားဘက်ပေါင်းစုံမဟာမိတ်ပြုလိုက်ပါတယ်။ အင်ဒိုနီးရှားသမ္မတအသစ် Prabowo Subianto ဟာတရုတ်နဲ့အမေရီးကားကိုသွားရောက်ဖို့ရှိနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်သစ်ရှီဂရုအစ်ရှီဘာကလုံခြုံရေးဦးစားပေးမူဝါဒကိုတင်ပြပါတယ်အီရန်အနေနဲ့အစ္စရေးကိုတိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့အီရန်ခေါင်းဆောင်ကပြောပါတယ်တောင်တရုတ်ပင်လယ်မှာဗီယက်နမ်ငါးဖမ်းသမားတွေကိုတရုတ်ကမ်းခြေစောင့်တပ်တွေကတိုက်ခိုက်တဲ့အပေါဖိလစ်ပိုင်ကရှုံ့ချပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
တရုတ်ကတိုက်ခြင်းပစ်ဒုန်း တစင်းကိုပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။ ဂျပန်စစ်သင်္ဘောတစင်းဟာနှစ်ပေါင်း၇၀ကျော်အတွင်းပထမဆုံးအကြိမ်တရုတ်ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းမောင်းနှင်ခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဇဘိုလာအကြားပဋိပက္ခပြင်းထန်လာနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
တရုတ်လေယဉ်တင်သင်္ဘောဂျပန်အချုပ်အခြာရေပိုင်နက်ထဲဝင်ရောက်ခဲ့တဲ့အတွက်ဂျပန်ကကန့်ကွက်ပါတယ်ထိုင်ဝမ်ကိုစစ်လက်နက်ရောင်းတဲ့အတွက်ဆိုကာအမေရိကန်ကုမ္ပဏီတချို့ကိုတရုတ်ကဒဏ်ခတ်လိုက်ပါတယ်တရုတ်မှာဂျပန်ကလေးငယ်တဦးသေဆုံးပြီးနောက်ဂျပန်နိုင်ငံသားတွေသတိနဲ့နေကြဖို့ဂျပန်အစိုးရကသတိပေးပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
တရုတ်ပြည်မှာနိုင်ငံပေါင်း၁၀၀ ကျော်ပါဝင်တဲ့ပီကင်းရှင်ရှန်းလုံခြုံရေးညီလာခံကိုကျင်းပပါတယ်။ တပြိုင်နက်ထဲမှာဘဲထိုင်ဝမ်မှာလည်းလုံခြုံရေးနဲ့ဒီမိုကရေစီညီညွတ်ရေးညီလာခံတရပ်ကိုကျင်းပပါတယ်။ မြောက်ကိုရီး ယားကတော့ သူ့ရဲ့ ညူကလီးယား လက်နက်စက်ရုံကိုလူသိရှင်ကြားထုတ်ပြလာပါတယ်။ ကိုဇော်မိုးကျော် ကစုစည်းတင်ပြထားပါတယ်။
တရုတ်မှာကျင်းပခဲ့တဲ့ တရုတ်အာဖရိကပူးပေါင်းဆောင်ရွက်ရေးထိပ်သီအစည်းအဝေးမှာအာဖရိကအတွက်တရုတ်ကဒေါ်လာ၅၁ဘီလီယံကတိပြုခဲ့ပါတယ်မကြာမီနှုတ်ထွက်တော့မယ့်ဂျပန်ဝန်ကြီးချုပ်ဖူမိအိုကီရှီဒါတောင်ကိုရီးယားသွားပါတယ်ထိုင်းမှာတော့ဝန်ကြီးချုပ်အသစ်ပေတုန်တန်ရှီနာဝပ်ကိုဘုရင်ကအတည်ပြုပေးလိုက်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။