ပိုလီဂရပ်ဖ်.အင်ဖို
ပိုလီဂရပ်ဖ်
မြန်မာနဲ့ နိုင်ငံတကာက အမှား/အမှန်မသေချာတဲ့ သတင်းတွေကို အချက်အလက် အခြေခံပြီး အတည်ပြုထားတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ ပိုလီဂရပ်ဖ် စာမျက်နှာဖြစ်ပါတယ်။
-
– ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရပါသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြပါသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး တိုက်တွန်းလိုပါသည်။
Read more...MNDAA ၊ TNLA ၊ AA အဖွဲ့များက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။ -
မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အတူယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း။
Read more...စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေချပြီး ကြိုးစားနေတယ်လို့ ယုံကြည်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်မိတ်သဟာယညစာစားပွဲအခမ်းအနားတက်ရောက်စဉ်မှာပြော ပါတယ်။ -
မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံတော်အတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း
Read more...အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်စေရေးနဲ့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ ပြောပါတယ်။ -
ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ၏ အကျိုးထိရောက်မှုကို သုတေသနပြုလုပ်အောင်မြင်ခဲ့ကြကြောင်း၊ ဆေးဝါး၏အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ လတ်တလောနှင့် ရေတိုအဆိပ်အာနိသင်ဆိုင်ရာ စမ်းသပ်ခြင်း၊ ဆေး၏ခံနိုင်ရည်အား ကျန်းမာသည့်လူများပေါ်တွင် စမ်းသပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုသာမန်လက္ခဏာရှိ လူနာများပေါ်တွင်ဆေးလက်တွေ့ သုတေသနပြုစမ်းသပ်ခြင်း သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေအသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း
Read more...ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ၏ အကျိုးထိရောက်မှုကို သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေအသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမိတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောဆိုလိုက်တာဖြစ်ပါတယ်။ -
နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်တွင်းပြည်ပ အတိုက်အခိုက် အဖျက်အမှောင့်တွေ ကြားကပဲ နိမ့်ကျနေတဲ့ စီးပွားရေးကို ပြန်လည်မြင့်တက်လာအောင်နဲ့ အခြားသော ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာကုန်ထုတ်လုပ်ငန်းများကို ကဏ္ဍအသီးသီး တိုးတက်မှုရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
Read more...စစ်ကောင်စီအနေနဲ့ နိမ့်ကျနေတဲ့ မြန်မာ့စီးပွားရေးကို မြင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့သလို ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ -
MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူတို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရအား တိုက်ခိုက်သည်။ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေသည်။ အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ခန့်ကို သုံးစွဲနေသည်မှာ ထင်ရှားသည်။ မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ထိုသို့ ငွေကုန်ခံဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံအတွင်း အမေရိကန်၏ အကျိုး စီးပွားများရှိ၍မဟုတ်ပေ။ ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအား ထိုးနှက်နိုင်ရန်သာ ဖြစ်သည်။
Read more...MNDAA ၊ TNLA တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ပြီး အမေရိကန်အထောက်အပံ့နဲ့ မြန်မာအစိုးရကို တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ (၂၆) ရက်မှာ စွပ်စွဲပြောဆိုပါတယ်။