စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရခဲ့တဲ့ NLD ပါတီက ဦးဆောင်ပြီး မဲမသမာမှုကို လုပ်ဆောင်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။
အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေဟာ ရုရှားလေပိုင်နက်ကို ဝင်ရောက်ပျံသန်းဖို့လုပ်ပေမဲ့ ရုရှားတိုက်လေယာဉ်တွေက တားဆီးလိုက်နိုင်တယ်လို့ ရုရှားကာကွယ်ရေးဌာနက ပြောပါတယ်။ ဟုတ်မှန်ပါလား။ အသေးစိတ်ကို အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ယူကရိန်းအရှေ့ခြမ်းက ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ရုရှားယဉ်ကျေးမှုနဲ့ ဆက်နွယ်တယ်လို့ ခံယူသူတွေ ရုရှားကို ပြောင်းနေဖို့ ယူကရိန်းသမ္မတက နှင်ထုတ်တယ်လို့ ရုရှားအစိုးရက ပြောနေပါတယ်။ ဒါပေမဲ့ ယူကရိန်းသမ္မတက အဲဒီလိုမျိုး ပြောတာမဟုတ်ဘူးဆိုတဲ့အကြောင်း VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေပြီးစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ သတင်းမီဒီယာတွေက အားပေးအားမြှောက်ပြုနေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမဟုတ်တဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကို အခွင့်အာဏာပေးအပ်ထားတာကို မတွေ့ရပါဘူး။
အနောက်တိုင်းသတင်းဌာနတွေ အနေနဲ့ ကိုရီးယားကျွန်းဆွယ်မိုးပျံပူဖောင်းသတင်းတွေ ဖော်ပြရာမှာ မြောက်ကိုရီးယားဘက်က ပို့လွှတ်တဲ့ ပူဖောင်းတွေအကြောင်းပဲပြောပြီး တောင်ကိုရီးယားဘက်က လွှတ်တဲ့ ပူဖောင်းတွေသတင်း ချန်လှပ်ထားတယ်လို့ ရုရှားအစိုးရသတင်းမှာ ဖော်ပြပါတယ်။ ဒါ ဟုတ်ပါသလား။
နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေပြီး ဒေသပျက်စီးအောင် ဒေသခံအကြမ်းဖက်သမားများကသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြစ်တင်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ အဏ္ဏဝါပတ်ဝန်းကျင်ကို အဆိုးရွားဆုံး၊ အလျှင်မြန်ဆုံး ထိခိုက်မှုတွေဖြစ်အောင် တရုတ်ကလုပ်ဆောင်နေတယ်လို့ နိုင်ငံတကာကဆိုပါတယ်။ တရုတ်က ဒါကို ငြင်းဆိုပြီး တဘက်ကို ပြန်လက်ညှိုးထိုးတာပါ။ အသေးစိတ်ကို အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခြင်းမရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ (၄) ရက်နေ့မှာ ငြင်းချက်ထုတ်ပါတယ်။
ဖုန်းပေါ်မှာ ဗွီဒီယိုအတိုလေးတွေ ဖန်တီးနိုင်တဲ့ တစ်တော့ဟာ အမေရိကန်နိုင်ငံ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူးလို့ တရုတ်က ပြောနေပေမဲ့ အမေရိကန်လူထုရဲ့ အထင်အမြင်ကို လွှမ်းမိုးပြောင်းလဲနိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။
“၂၀၂၁-၂၂-၂၃ တောက်လျှောက်ကို စီးပွားရေးပြန်လည် ဦးမော့လာတဲ့ အခြေအနေတော့ ကျွန်တော်တို့ရရှိခဲ့ပါတယ်။” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ TAR-TASS Mediaရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
တရုတ်အစိုးရဟာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ တရားမဝင်လုပ်ရပ်တွေ လုပ်ဆောင်တာ ခွင့်မပြုဘူးလို့ပြောပါတယ်။ ကန်နဲ့ တခြားနိုင်ငံတွေကတော့ ကမ္ဘာတလွှား တရုတ်ဆိုက်ဘာဖောက်ထွင်းမှုတွေက မှတ်တမ်းနဲ့တကွ ရှိတယ်လို့ ဆိုပါတယ်။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။