အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က အရင် အစိုးရ အဖွဲ့ဝင် ရွေးချယ်မှုတွေ နည်းတူပဲ ပညာရေး ဌာန အကြီးအကဲ အဖြစ် သူ့ကို အခိုင်အမာ ထောက်ခံသူနဲ့ စည်းရုံးရေး အလှူရှင် Linda McMahon ကို ရွေးချယ်ထားပါတယ်။
၁၁၉ ကြိမ်မြောက် အမေရိကန် လွှတ်တော်အစည်းအဝေးတွေ ပြန်စတဲ့ သောကြာနေ့မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကိုပဲ နောက်ထပ် လွှတ်တော်သက်တမ်းအတွက် ထပ်မံ ရွေးချယ်လိုက်ပါတယ်။
အမေရိကန် သံမဏိလုပ်ငန်းကြီး US Steel ကို ဂျပန် Nippon Steel ကုမ္ပဏီက ဝယ်ယူမယ့်ကိစ္စကို သူ အခိုင်အမာ ဆက်လက် ကန့်ကွက်တဲ့အကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၄.၉ သန်းနဲ့ US Steel ကုမ္ပဏီကို Nippon Steel က ဝယ်ယူဖို့ ကြိုးပမ်းနေတာပါ။
အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က လမ်းမကြီးတွေပေါ်မှာ နှင်းဆီ အပါအဝင် ပန်းမျိုးစုံနဲ့ ရုပ်ပုံမျိုးစုံ ရောင်စုံခန်းနားကြီးကျယ်စွာ ဖန်တီး အလှဆင် ပြသကြတဲ့ယာဥ်တွေနဲ့ လှည့်လည်ကြတာဟာ နှစ်သစ်ကူးနေ့တိုင်းရဲ့ အစဥ်အလာတရပ်ဖြစ်နေပါတယ်။
ဘိုင်ဒန် အစိုးရ လက်ထက်မှာ သေနတ်နဲ့ အကြမ်းဖက်မှု ကာကွယ်ရေး ကို ခိုင်မာအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလမှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် တက်လာတဲ့အခါ အပြောင်းအလဲကြီးတွေ လုပ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဗွီအိုအေ သတင်းထောက် Veronica Balderas Iglesias တင်ပြထားတာကို ဦးတင်မောင်သန်းက ပြောပြပါမယ်။
နှစ်သစ်ကူးနေ့က အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ် New Orleans မြို့မှာ လူ ၁၄ ဦး သေဆုံးခဲ့တဲ့ ကားနဲ့ အတင်းဝင်တိုက်၊ ပစ်ခတ်မှုဖြစ်ခဲ့ရာ Bourbon လမ်းမတဝိုက် ကြာသပတေး နေ့လယ်ပိုင်းကစပြီး ပုံမှန် ပြန်လည်စည်ကားနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၁၉ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ ဒီနေ့ သောကြာနေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။ အခုလွှတ်တော်သစ်မှာ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာ ပါ Republican အမတ်တွေက လူများစုဖြစ်ပြီး Democratic အမတ်တွေက လူနည်းစုဖြစ်သွားပါတယ်။
နှစ်ဆန်း ၁ ရက် New Orleans က လူပေါင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ထရပ်ကားနဲ့ တိုက်ခိုက်မှုမှာ သံသယရှိသူဟာ တကိုယ်တော် ကျူးလွန်တာ ဖြစ်ပြီး သူဟာ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကိုအားကျသူလို့ ယုံကြည် ရကြောင်း FBI အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေးဗျူရိုက ပြောပါတယ်။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ လူမှုကူညီရေး အလုပ်တွေမှာ စေတနာ့ဝန်ထမ်းတွေ၊ ထောက်ပံ့သူတွေ အဖြစ်ပါဝင်ခဲ့သူတွေ ကို Kane Farabaugh က မေးမြန်းထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့က Trump International ဟိုတယ်ရှေ့မှာ Tesla Cybertruck ကားပေါက်ကွဲမှုနဲ့ New Orleans မြို့ကတိုက်ခိုက်မှု ဆက်စပ်နေသလားဆိုတာ တာဝန်ရှိသူတွေ စုံစမ်းနေပါတယ်။
အမေရိကန်ပြည်ထောင်စု New Orleans မြို့မှာ နှစ်သစ်ကူးနေ့က လူစည်ကားတဲ့ Bourbon လမ်းမပေါ် ကားနဲ့ အတင်းဝင်တိုက်မှုမှာ သေဆုံးသူ ၁၅ ယောက် ရှိသွားပါပြီ။ ယာဉ်မောင်းဟာ အမေရိကန်ဖွား အမေရိကန်နိုင်ငံသား စစ်ပြန်တယောက်ဖြစ်ပြီး IS စစ်သွေးကြွအဖွဲ့ကို အားကျသူ ဖြစ်တယ်လို့ သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့ညက ပြောပါတယ်။
Las Vegas မြို့၊ Trump International ဟိုတယ်အပြင်ဘက်မှာ Tesla ကုမ္ပဏီထုတ် Cybertruck ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ အခြားသူများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း ကိုဝင်းခန့်မောင်ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။