သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသုံးစရိတ်ဥပဒေကြမ်း ကန် အထက်လွှတ်တော် အတည်ပြု


ဝါရှင်တန် ဒီစီ မြို့တော်၊ လွှတ်တော် အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - VOA Burmese
ဝါရှင်တန် ဒီစီ မြို့တော်၊ လွှတ်တော် အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - VOA Burmese

အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာကို ကာကွယ်တဲ့ အနေနဲ့ အထက်လွှတ်တော်က သောကြာနေ့ ညနေပိုင်းမှာ နောက် ၆ လအတွက် အသုံးစရိတ်မူကြမ်းကို အတည်ပြု ပေးလိုက်ပါတယ်။

ဒါဟာ ဒီမိုကရက်ပါတီဝင်တွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုကိုကျော်လွှား နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု မဲခွဲ အတည်ပြုပေးလိုက်တဲ့ ယာယီ အသုံးစားရိတ် မူကြမ်းကို သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးဖို့ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

သောကြာနေ့ ညနေအစောပိုင်း အထိ မရေမရာ ဖြစ်နေရာကနေ နောက်ပိုင်းမှာ ၅၄ မဲ ၄၆ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကင်တွေ ရေးဆွဲထားတဲ့ အသုံးစရိတ်မူကြမ်း ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာနဲ့ အိုးအိမ်အထောက်အကူ ဆိုင်ရာ အဓိက အရေးကြီးတဲ့ ကိစ္စရပ်တွ အတွက် လျှော့ချထားတာကို ဒီမိုကရက်တွေက မကျေနပ်ဘဲ ဖြစ်နေတာပါ။

ဒါပေမယ့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားးမယ်ဆိုရင် အခြေနေ ခုထက် ပိုဆိုးနိုင်တာကြောင့် အစိုးရယာယီအသုံးစရိတ် ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ်လို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer ကပြောကြားခဲ့တဲ့ နောက် အခုလို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကင်တွေ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က တင်သွင်းတဲ့ အစိုးရအသုံးစားရိတ်မူကြမ်း အတွက် မတ်လ ၁၄ ရက် သောကြာနေ့ ည သန်းခေါင်အထိ အတည်ပြုချက်မရရင် အမေရိကန် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG