သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကုန်စည်အပေါ် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့ အခွန်တိုးမည်


သမ္မတထရမ့်၊ ကနေဒါဝန်ကြီးချုပ် ထရူးဒိုး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မက္ကဆီကိုသမ္မတ Claudia Sheinbaum။ (File Photos) (AP)
သမ္မတထရမ့်၊ ကနေဒါဝန်ကြီးချုပ် ထရူးဒိုး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မက္ကဆီကိုသမ္မတ Claudia Sheinbaum။ (File Photos) (AP)

သူတို့နိုင်ငံထဲ သွင်းလာတဲ့ အမေရိကန် ထုတ်ကုန်တွေအပေါ် တန်ပြန် အခွန်ချမယ်လို့ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။

အမေရိကန်နဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် မက္ကဆီကိုနဲ့ ကနေဒါတို့ကို ၂၅% အင်္ဂါနေ့မှာ ချလိုက်ပြီး တရုတ်ထုတ်ကုန်တွေအပေါ် ၁၀% ကနေ ၂၀% အထိ ထပ်တိုးလိုက်ပါတယ်။

အမေရိကန် စတော့စျေးကွက်ရဲ့ အဓိကညွှန်းကိန်း သုံးခုလုံးဟာ တနင်္လာနေ့က ထရမ့် ကြေညာလိုက်ပြီးတဲ့နောက် အင်္ဂါနေ့မနက် စတော့အဖွင့်မှာ ၂% ကျသွားကြပါတယ်။

ဒီသုံးနိုင်ငံက တင်သွင်းကုန်တွေ စျေးတက်နိုင်တာကြောင့် အမေရိကန် စားသုံးသူတွေနဲ့ စီးပွါးရေး လုပ်ငန်းတွေ ယာယီ နာနိုင်တယ်လို့တော့ အမေရိကန်သမ္မတ ထရမ့်က ပြောပါတယ်။ ရေရှည်မှာ ကုမ္ပဏီတွေ အမေရိကန်ကို ရွှေ့လာခဲ့ရင် အခွန်ရှိတော့မှာ မဟုတ်ဘူးလို့ Truth Social လူမှု စာမျက်နှာမှာ ထရမ့်က ဆိုပါတယ်။

"ထရမ့်က လူတော်ပါ< ဒါပေမဲ့ အခွန်တိုးတာကတော့ မိုက်မဲတာပါပဲ" လို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ပြောပါတယ်။ အခွန်တိုးတာကြောင့် အလွန့်ကိုကောင်းမွန်တဲ့ ကုန်သွယ်မှုဆက်ဆံရေးကို ပြတ်တောက်စေလိမ့်မယ်လို့ ထရူးဒိုးက ဆိုပါတယ်။

အမေရိကန် ထုတ်ကုန်တွေအပေါ် ကနေဒါက တန်ပြန် အခွန်တိုးမယ်ဆိုရင် အဲဒီ တိုးတဲ့အတိုင်း ကနေဒါပစ္စည်းတွေအပေါ် အမေရိကန် က ထပ်တိုးမယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။

ကန် ကုန်စည်အပေါ် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့ အခွန်တိုးမည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG