သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံမဏိနဲ့ အလျူမီနီယံတင်သွင်းမှုတွေအပေါ် အမေရိကန် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Air Force One လေယာဥ်ပေါ်မှာ သတင်းထောက်များနဲ့ လက်ခံတွေ့ဆုံစဥ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၅)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Air Force One လေယာဥ်ပေါ်မှာ သတင်းထောက်များနဲ့ လက်ခံတွေ့ဆုံစဥ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ သံမဏိနဲ့အလျူမီနီယံ သတ္တုအားလုံးအပေါ် အခွန် ၂၅% ကောက်ခံသွားမဲ့အစီအစဉ်ကို သမ္မတ Donald Trump က ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာဖို့ရှိပါတယ်။

အခွန်တိုးကောက်မယ့်အစီအစဉ်ကို New Orleans မြို့မှာ မနေ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အမေရိကန်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်ပွဲ Super Bowl ပွဲကြည့်ဖို့အသွား Air Force One လေယာဉ်ပေါ်မှာ သမ္မတ Trump က သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုကို အလျူမီနီယံသတ္တု တင်သွင်းမှုအများဆုံးနိုင်ငံဟာ ကနေဒါဖြစ်ပြီး မနှစ် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်းမှာတင် ၇၉% တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံကတော့ အမေရိကန်ကို အလျူမီနီယံသတ္တုနဲ့ သတ္တုစပ် ဒုတိယအများဆုံးတင်သွင်းတဲ့နိုင်ငံ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ ပထမသက်တမ်းအတွင်းမှာလည်း အမေရိကန်ကိုတင်သွင်းတဲ့ သံမဏိတွေအပေါ် အခွန် ၂၅% နဲ့ အလျူမီနီယံသတ္တု အပေါ် ၁၀% စီ အသီးသီးတိုးမြှင့်ကောက်ခံခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကနေဒါ၊ မက္ကဆီကိုနဲ့ ဘရာဇီးအပါအဝင် အမေရိကန်ရဲ့ ကုန်သွယ်ဘက်နိုင်ငံတချို့အပေါ် ခွဲတမ်းနဲ့ အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။

အမေရိကန်က သွင်းကုန်ခွန်တိုးမြှင့်တာကို လက်တုံ့ပြန်တဲ့နိုင်ငံတွေအပေါ် နောက်ထပ် အခွန်တွေ တိုးကောက်မယ့်အစီအစဉ်ကို မနက်ဖြန် အင်္ဂါနေ့ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့လောက်မှာ ကြေညာမယ် လို့လည်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။ ကနေဒါနဲ့ မက္ကဆီကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ အပေါ် အခွန် ၂၅% တိုးမြှင့် ကောက်ခံသွားမယ်လို့ သမ္မတ Trump က အစောပိုင်းမှာ ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရက် ၃၀ ဆိုင်းငံ့ထားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG