သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ပြန်အခွန်တိုးကောက်မယ်လို့ မက္ကဆီကိုသမ္မတတုံ့ပြန်

မက္ကဆီကိုသမ္မတ Claudia Sheinbaum
မက္ကဆီကိုသမ္မတ Claudia Sheinbaum

အမေရိကန်ပြည်ထောင်စုဘက်က သွင်းကုန်ခွန်တိုးမြှင့်လာမယ်ဆိုရင်၊ မက္ကဆီကိုနိုင်ငံ ကလည်း တန်ပြန် အခွန်တိုးမြှင့်မယ်လို့ မက္ကဆီကို သမ္မတက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

နယ်စပ်ကနေ မူးယစ်ဆေးဝါး နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ရပ်အောင် မလုပ်ဘူးဆိုရင်၊ တင်သွင်းကုန် အခွန် ၂၅ ရာခိုင်နှုန်း ချမယ်လို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပြောတာကို မက္ကဆီကိုသမ္မတ Claudia Sheinbaum က တုံ့ပြန်လိုက်တာပါ။ "တနိုင်ငံက အခြားတနိုင်ငံအပေါ် အခွန်တိုးမြှင့်ရင် အခြားတနိုင်ငံကလည်း အလားတူ တုံ့ပြန်မှာပါပဲ။ ဒီလိုနဲ့ နှစ်နိုင်ငံလုံးရဲ့ စီးပွါးရေး လုပ်ငန်းတွေ အပေါ် အန္တရာယ် ကျရောက်လိမ့်မယ်" လို့ သူမက သတိပေးလိုက်ပါတယ်။

နယ်စပ် နှစ်ဘက်မှာ ရှိနေကြတဲ့ အမေရိကန် ကားထုတ်လုပ်သူတွေကို ရည်ညွှန်းပြီး သူက အခုလို ပြောလိုက်တာပါ။ ဒီကိစ္စတွေကို ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ မက္ကဆီကို သမ္မတက ပြောပေမဲ့၊ မူးယစ်ဆေးဝါး ပြဿနာ ဟာ အမေရိကန် ရဲ့ ပြဿနာသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ အရင်းခံ အကြောင်းရင်း ငြိမ်းချမ်းရေး နဲ့ ဖွံဖြိုး တိုးတက်ရေးအတွက် အမေရိကန် စစ်စားရိတ်ရဲ့ ရာခိုင်နှုန်းတချို့လောက်ကိုပဲ အသုံးပြုရင်၊ ရွှေ့ပြောင်းနေထိုင်ရေး ပြဿနာကို ကိုင်တွယ်နိုင်ပါလိမ့်မယ်လို့လည်း မက္ကဆီကို သမ္မတ က ဝေဖန်သွားပါတယ်။

တန်ပြန်အခွန်တိုးကောက်မယ်လို့ မက္ကဆီကိုသမ္မတတုံ့ပြန်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG