သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွင်းကုန်ခွန်တိုးဖို့ ထရမ့်ကြေညာမှုအပေါ် တရုတ်နဲ့မက္ကဆီကိုဝေဖန်တုံ့ပြန်

အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump

အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က သူ့လက်ထက်မှာ တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ တို့က သွင်းကုန်တွေ အပေါ် ချက်ချင်း လက်ငင်း အခွန်တိုးကောက်ခံမယ်လို့ ပြောဆိုလိုက်ပြီး နောက်မှာတော့ တရုတ်နဲ့ မက္ကဆီကိုတို့က တုံ့ပြန်လိုက်ကြပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်းကို တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှု မရပ်ဘူးဆိုရင် အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီကို၊ တရုတ်တို့က သွင်းကုန်တွေ အပေါ် အခွန် တိုးမြှင့်မယ့် အကြောင်း Trump က လူမှုကွန်ရက်မီဒီယာမှာ ရေးသားခဲ့တာပါ။ ကုန်သွယ်ရေး စစ်ပွဲမှာ ဘယ်ဘက်ကမှ အနိုင်မရဘူးလို့ တရုတ်က တုံ့ပြန်လိုက်သလိုပဲ မက္ကဆီကို သမ္မတ Claudia Sheinbaum ကတော့ ဘယ်လို သွင်းကုန် အခွန်တိုးမြှင့်မှု မဆို အလားတူ တုံ့ပြန်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကတော့ Trump ကို ဖုန်းဆက်ပြီး အကျေအလည် ဆွေးနွေးခဲ့ကြတယ်လို့ ကနေဒါ အစိုးရ သတင်းရင်းမြစ်က ဖော်ပြပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ရွေးကောက်ခံ သမ္မတ Trump ကတော့ တောင်းဆိုချက်တွေ အတိုင်း ဖြစ်မလာရင်လို့ သုံးနှုန်းပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ သူ စတင်တာဝန်ယူချိန်မှာ သွင်းကုန်ခွန်တွေ ချမှတ်မယ်လို့ တနင်္လာနေ့ နှောင်းပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက် Truth စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG