မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အခုအချိန်အထိ တနှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ထက်မနည်းရှိလာပါပြီ။ အချက်အလက်တွေကို မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က မြင်ကွင်းကျယ်မှတ်စုအဖြစ် တင်ပြထားပါတယ်။