ဂါဇာ Khan Younis မြို့ အနောက်ဘက် အယ်လ် မာဝါစီ ရပ်ကွက်က ဒုက္ခသည်စခန်းကို ထိမှန်ခဲ့တာ ဖြစ်ပြီး သေဆုံးသွားသူ တွေထဲမှာ ဂါဇာရဲချုပ် မာမွတ် ဆာလာ နဲ့ သူ့လက်ထောက် အယ်လ် မာဝါစီ တို့လည်း သေဆုံးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို အစ္စရေးက လေကြောင်းက တိုက်ခိုက်လို့ နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့အကြောင်း ပါလက်စတိုင်း အစိုးရ အရာရှိတွေနဲ့ ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။
အပစ်အခတ်ရပ်စဲရေး အားထုတ်မှုတွေ ရှုပ်ထွေးအောင် လုပ်နေတယ်လို့ အစ္စရေး နဲ့ ဟာမတ်စ်တို့ က ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန် စွပ်စွဲလိုက်ကြပါတယ်။ ၁၄ လကြာ ဂါဇာစစ်ပွဲ ရပ်နိုင်အောင် သဘောတူညီချက်ရဖို့ တိုးတက်မှုတွေ ရှိနေတယ်လို့ နှစ်ဘက်လုံးက ပြောခဲ့ကြပေမဲ့ အခု အပြန်အလှန် စွပ်စွဲလိုက်ကြတာ ဖြစ်ပါတယ်။
အစ္စရေးမြို့တော် Tel Aviv ကို ပဲ့ထိန်းမစ်ဇိုင်းဒုံးတစင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ယီမင်အခြေစိုက် ဟူသီသူပုန်တွေက ထုတ်ဖေါ်ပြောဆိုပါတယ်။ Tel Aviv မှာ လေကြောင်းရန်အချက်ပေးဥသြသံတွေထွက်ပေါ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးခြင်းတော့ မရှိပါဘူး။
ဂါဇာမြောက်ပိုင်းက Indonesian ဆေးရုံကနေ တိမ်းရှောင်ကြဖို့ အစ္စရေးစစ်တပ်က တွန်းအားပေးခဲ့တဲ့အတွက် မိုင်ချီဝေးတဲ့ နောက်ထပ်ဆေးရုံတခုဆီလူနာအတော်များများရောက်လာကြတယ်လို့ ဂါဇာကျန်းမာရေးဌာနက ပြောပါတယ်။ လူနာတချို့ဆိုရင် ခြေကျင်လာခဲ့ကြတာလို့လည်းပြောပါတယ်။
ဂါဇာမှာ ထိန်းထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ဆွေးနွေးပွဲမှာ တိုးတက်မှု တချို့ ရရှိခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမန် နေသန်ယာဟု က အစ္စရေး လွှတ်တော်မှာ တနင်္လာနေ့က ပြောပါတယ်။
ယီမင်နိုင်ငံဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းဟာ အစ္စရေးနိုင်ငံ Tel Avia မြို့ကို ကျရောက်ပေါက်ကွဲလို့ ၁၆ ယောက် ဒဏ်ရာရခဲ့တယ်ပါတယ်။
အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အစိတ်အပိုင်းတရပ်အနေနဲ့ အစ္စရေးတပ်တွေကို လက်ဘနွန်တောင်ပိုင်းက မဟာဗျူဟာကျတဲ့မြို့ကနေ မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ရုပ်သိမ်းပြီး အဲဒီနေရာမှာ လက်ဘနွန်တပ်တွေနဲ့ အစားထိုးလိုက်ပါတယ်။
ဂါဇာဒေသမှာ အမြန်ဆုံး အပစ်ရပ်နိုင်မယ့် ဆုံးဖြတ်ချက်မူကြမ်းတရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဆုံးဖြတ်ချက်ချနိုင်ရေး မကြာသေးခင် သီတင်းပတ်တွေက လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပေမဲ့ အမေရိကန်က ကန့်ကွက်ခဲ့ပြီးနောက် အထွေထွေညီလာခံမှာ ဆွေးနွေးကြမှာပါ။
ဂါဇာမှာ စစ်ပွဲတွေရပ်ဖို့ အမေရိကန်နဲ့ ကာတာနိုင်ငံတွေက ကြားဝင် စေ့စပ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမဲ့ တိုးတက်မှုတစုံတရာ မရှိတဲ့အပေါ် ကြားဝင် ညှိနှိုင်းပေးနေတဲ့နိုင်ငံတွေက ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့လက ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် အခုတကြိမ် ပြန်စမယ့်အကြောင်း ပြောဆိုလာတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ဟားမက်စ်တိုက်ခိုက်မှုပြီးချိန်ကတည်းက ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို အစ္စရေးအစိုးရက ပြန်လွတ်အောင် မလုပ်နိုင်တာဟာ အစ္စရေး လူမှုအသိုင်းအဝိုင်းအတွင်း နက်ရှိုင်းတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ Linda Gradstein ဂျေရုစလင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါမယ်။
ဂါဇာတောင်ပိုင်းစခန်းတခုက စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့တဲတလုံးကို အစ္စရေးရဲ့ ဒုံးကျည်ထိမှန် တာကြောင့် ၂၁ ယောက်ထက် မနည်းသေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ Khan Younis မြို့အနီးက Nasser ဆေးရုံညွန်ကြားရေးမှူးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်