အစ္စရေးနဲ့ဟာမတ်စ်တို့ကြား ယာယီအပစ်အခတ်ရပ်စဲရေးဟာ ဒီနေ့ဆိုရင် ၆ ရက်မြောက်နေ့ကို ရောက်လာပြီ ဖြစ်သလို ဓားစာခံတွေနဲ့ အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
ဓားစာခံတွေ ပိုလွှတ်နိုင်အောင် အပစ်ရပ်စဲရေးရက်တိုးဖို့ ဆွေးနွေးကြဖို့ အမေရိကန် CIA ညွှန်ကြားရေးမှူး William Burns နဲ့ အစ္စရေး ထောက်လှမ်းရေး မော့ဆတ်အကြီးအကဲ (David Barnea) တို့ဟာ ကြားဝင်ညှိနှိုင်းနေတဲ့ကာတာနိုင်ငံကို ရောက်ရှိနေကြတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တယောက်က အေပီသတင်းဌာနကို ပြောပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး ရက်ထပ်တိုးဖို့ မနေ့က တနင်္လာနေ့မှာ သဘောတူလိုက်ပြီး သဘောတူတဲ့အထဲမှာ ဖမ်းဆီးခံထားရသူတွေကို ထပ်ပြီး လွှတ်ပေးဖို့လည်း ပါဝင်တဲ့ အကြောင်း စေ့စပ်ညှိနှိုင်းပေးတဲ့ ကာတာနိုင်ငံက ပြောပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ၅ ရက်မြောက်နေ့အထိ သက်တမ်းတိုးလာတဲ့အတွက် အကျဉ်းသားတွေနဲ့ဓားစားခံတွေ ထပ်မံလဲလှယ်ကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အစ္စရေး ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ ရက်တိုးချဲ့ဖို့ သဘောတူလိုက်ကြတယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျစ် အယ်လ် အန်ဆာရီ (Majid Al Ansary) က X လူမှု စာမျက်နှာပေါ် မှာ ကြေညာလိုက်ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ဒီကနေ့ နောက်ဆုံးနေ့ ရောက်လာချိန်မှာပဲ အစ္စရေးက ပါလက်စတိုင်းအကျဉ်းသားတွေ ထပ်လွှတ်ပေးပြီး၊ အပြန်အလှန်အနေနဲ့ ဟာမတ်စ်တွေဖက်က ဓားစာခံတွေ ထပ်လွှတ်ပေးဖို့ မျှော်လင့်နေကြသလို၊ အပစ်အခတ် ရပ်စဲရေး သက်တမ်းထပ်တိုးဖို့လည်း ဖိအားပေးနေကြပါတယ်။
ဂါဇာမှာ ပြန်ပေးဆွဲဖမ်းထားတဲ့သူတွေထဲ အသက် ၄ လေးနှစ်အရွယ် အစ္စရေးနွယ်ဖွားအမေရိကန် ကလေးမလေးတဦးအပါအဝင် ဓါးစားခံ ၁၇ ဦး ကို ဟားမတ်တို့က ပြန်လွှတ်ပေးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်လာချိန် ဟားမတ်စ်ဘက်က ဓားစာခံတချို့ ပြန်လွှတ်ပေးတာနဲ့ အစ္စရေးဘက်က ပါလက်စတိုင်း အကျဥ်းသားတချို့ လွှတ်ပေးတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့က ကြိုဆိုလိုက်ပြီး ဒါဟာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ သံခင်းတမန်ခင်း ရလဒ်ဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်စဲပြီး ဓါးစားခံတွေပြန်လွှတ်ပေးမယ့် သဘောတူညီချက်အရ ပြန်လွတ်လာမယ့်ထဲမှာ ထိုင်းနိုင်ငံသားတွေ ပါ မပါ မသေချာသေးဘူးလို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။
အစ္စရေးဓါးစာခံပြန်လွတ်ရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့အကူအညီတွေ ပို့ပေးနိုင်ရေး ၄ ရက်အပစ်အခတ်ရပ်ဖို့ သဘောတူထားတဲ့ သဘောတူညီချက်အတိုင်းဖြစ်ဖို့ သောကြာနေ့မှာမှ အစောဆုံးဖြစ်နိုင်မယ်လို့ပြောပါတယ်။
ဂါဇာမှာ ဟားမတ်စ် စစ်သွေးကြွတွေက ဖမ်းထားတဲ့ဓားစာခံတွေကို ၄ ရက်ကြာ အပစ်အခတ်ရပ်စဲတာ စတင်မယ့် ကြာသပတေးနေ့မှာ လွှတ်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်မှုတွေကို လေးရက်ကြာ ရပ်ဆိုင်းထားဖို့ ကာတာဘက်က ကြေညာခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ ဓားစာခံအချို့ကို မနက်ဖြန် ကြာသာပတေးနေ့ အစောဆုံးထားပြီး ဟာမတ်စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်