သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသားလွှတ်ဖို့ အချိန်ဆွဲမှု အပစ်ရပ် ပျက်နိုင်


အစ္စရေးလ်နှင့် ပါလက်စတိုင်းအကြား အကျဥ်းသားလဲလှယ်ရေး အစီအစဥ်အရ​ ပြန်လည်လွတ်မြောက်လာပြီး မိသားစုနှင့် ဆုံတွေ့နေသည့် ဓားစာခံ ဖမ်းဆီးခံခဲ့ရသူတဦး။ (ဖေဖော်ဝါရီ ၂၂၊​ ၂၀၂၅)​ (Reuters)
အစ္စရေးလ်နှင့် ပါလက်စတိုင်းအကြား အကျဥ်းသားလဲလှယ်ရေး အစီအစဥ်အရ​ ပြန်လည်လွတ်မြောက်လာပြီး မိသားစုနှင့် ဆုံတွေ့နေသည့် ဓားစာခံ ဖမ်းဆီးခံခဲ့ရသူတဦး။ (ဖေဖော်ဝါရီ ၂၂၊​ ၂၀၂၅)​ (Reuters)

အစ္စရေးလ်က ပါလက်စတိုင်း အကျဥ်းသားတွေကိုလွှတ်ဖို့ ဆိုင်းလိုက်တာဟာ အပစ်အခတ်ရပ်စဲရေး ပျက်ပျယ်သွားနိုင်ပြီး စစ်ထဲပြန်သွားရမယ့် အလားအလာ ရှိနေတယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ Bassem Naim က စာနဲ့ရေးသား ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့က အပစ်ရပ် သဘောတူညီချက် အားလုံးကို အပြည့်အဝ လိုက်နာခဲ့တယ်လို့လည်း Bassem Naim က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်မှာ အစ္စရေးလ်က ပါလက်စတိုင်း အကျဥ်းသားတွေကို ပြန်လွှတ်ရမှာ ဖြစ်ပေမဲ့ ဓားစာခံတွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး အကျဥ်းသားတွေကို ပြန်လွှတ်ဖို့ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေးဥပဒေက လူပုဂ္ဂိုလ် ဂုဏ်သိက္ခာကို မထိပါးဖို့ တားမြစ်ထားပါတယ်။ အထူးသဖြင့် အရှက်ရအောင် နှိမ့်ချ ဆက်ဆံတာမျိုး ဖြစ်ပါတယ်လို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကပြောကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံတွေကို စစ်အောင်ပွဲသဖွယ် လူတွေကြားမှာ စီတန်းလမ်းလျှောက် ပြခဲ့တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီအတွက် အစ္စရေးလ်က လွှတ်ရမယ့် ပါလက်စတိုင်း အကျဥ်းသား ၆၀၀ ကျော်ကို မလွှတ်ပေးသေးဘဲ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ အကျဥ်းသားတွေ ပြန်လွှတ်မပေးရင် စကားပြောလိုစိတ်မရှိလို့ Bassem Naim က ပြောပါတယ်။

အကျဉ်းသားလွှတ်ဖို့ အချိန်ဆွဲမှု အပစ်ရပ် ပျက်နိုင်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG