သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် အစ္စရေး ဓါးစာခံ ၆ ဦး ဟားမတ်စ် ပြန်လွှတ်


ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့တဲ့ အစ္စရေး ဓားစာခံတွေထဲက Omer Shem Tov ကို ကျန်းမာရေး စစ်ဆေးဖို့ ဆေးရုံကို ခေါ်ဆောင်လာတဲ့ မြင်ကွင်း။ စနေနေ့၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - (AP/Ohad Zwigenberg)
ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့တဲ့ အစ္စရေး ဓားစာခံတွေထဲက Omer Shem Tov ကို ကျန်းမာရေး စစ်ဆေးဖို့ ဆေးရုံကို ခေါ်ဆောင်လာတဲ့ မြင်ကွင်း။ စနေနေ့၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - (AP/Ohad Zwigenberg)

အစ္စရေးနဲ့ ဟားမတ်စ်ကြား တင်းမာမှုတွေ တိုးမြင့်လာနေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ရှေ့ရေး မရေမရာ ဖြစ်နေတဲ့ကြားမှာ ဖမ်းထားတဲ့ ဓားစာခံ ၆ ဦးကို ဟားမတ်စ်အဖွဲ့က စနေနေ့မှာ လွှတ်ပေးခဲ့ပါတယ်။  

အခု လွတ်လာတဲ့ ၆ ဦးဟာ လာမယ့် အပတ် စနေနေ့မှာ သက်တမ်း ကုန်ဆုံးမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့် အတွက် လွှတ်ပေးရမယ့် အသက်ရှင်လျက် ဓားစာခံတွေထဲက နောက်ဆုံး လက်ကျန် ဓားစာခံတွေ ဖြစ်ပါတယ်။

အပြန်အလှန် အားဖြင့် အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဥ်းသား ၆၂၀ ကို စနေနှောင်းပိုင်းမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့ကြားမှာ ဒုတိယအဆင့် သတ်မှတ်ချက်တွေကိုတော့ အခု အချိန်အထိ နှစ်ဘက် သဘောတူထားခြင်း မရှိသေးပါဘူး။

အခု ဟားမတ်စ် ပြန်လွှတ်ပေးတဲ့ အထဲမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တဲ့ ဓားစာခံ လေးဦး ဖြစ်တဲ့ Tal Shoham (တာလ်ရှိုးဟမ်)၊ Omer Shem Tov (အိုမာ ရှမ်တို)၊ Eliya Cohen (အီလီယာကိုဟင်) နဲ့ Omer Wenkert (အိုမာ ဝမ်ကာ့တ်) တို့ ပါဝင်ပါတယ်။

နောက်ထပ် နှစ်ဦးကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဂါဇာကို သူတို့ဘာသာ ဝင်ရောက် သွားခဲ့ပြီး ဟားမတ်စ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရတဲ့ Avera Mengistu (အာဗဲရား မင်ဂစ်စတူ) နဲ့ Hisham al-Sayed (ဟစ်ရှမ် အယ်လ်-ဆာရိဒ်) တို့ ဖြစ်ပါတယ်။


ပထမ ဓားစာခံ ၅ ဦးကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ဟားမတ်စ် အဖွဲ့ဝင်တွေ ခြံရံပြီး ရာနဲ့ချီ ပါလက်စတိုင်း လူအုပ်ရှေ့မှာ အခမ်းအနားပုံစံမျိုး ကျင်းပပြီး ကြက်ခြေနီ အဖွဲ့ကို လွှဲပေးခဲ့တာပါ။ ဒီလို ပုံစံနဲ့ ပြန်လွှတ်ပေးတာမျိုးက ဓားစာခံတွေရဲ့ ဂုဏ်သိက္ခာကို မလေးစားဘူးဆိုပြီး အစ္စရေး၊ ကုလသမဂ္ဂနဲ့ ကြက်ခြေနီအဖွဲ့တွေက ဝေဖန်လေ့ရှိပါတယ်။

နောက်ဆုံး ၆ ယောက်မြောက် ဓားစာခံ အာရပ် Bedouin လူမျိုး အယ်လ်-ဆာရိဒ် ကတော့ စနေနေ့နှောင်းပိုင်းမှာ ပြန်လွတ်လာကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။

လာမယ့်အပတ်ထဲမှာတော့ ပထမ အဆင့် သဘောတူညီချက်ရဲ့ နောက်ဆုံး အနေနဲ့ ဓားစာခံ ရုပ်အလောင်း ၄ လောင်းကို ပြန်လွှဲပေးမယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ အဲဒါပြီးသွားရင်တော့ ဟားမတ်စ် လက်ထဲမှာ ဓားစာခံ ၆၀ ဝန်းကျင် ရှိနေဦးမှာ ဖြစ်ပြီး အဲ့ထဲက တဝက်လောက်ဟာ အသက်ရှင်နေသေးတယ်လို့ ယူဆထားကြပါတယ်။

နောက်ထပ် ဓားစာခံ ဒါဇင်ပေါင်းများစွာကို လွှတ်ပေးရမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ နောက်တဆင့်ရှေ့ဆက်ဖို့ ညှိနှိုင်းမှုမှာ ပိုပြီး ခက်ခဲဖွယ် ရှိနေပြီး ဟားမတ်စ်ဘက်ကတော့ ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးတပ်တွေ ဂါဇာကနေ အပြည့်အဝ ဆုတ်ခွာခြင်းမရှိဘဲ ကျန်ရှိနေတဲ့ ဓားစာခံတွေကို လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန် သမ္မတ ထရမ့် အစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အတူ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု ကတော့ ဟားမတ်စ် အဖွဲ့ကို ဂါဇာမှာ အဆုံးတိုင် ချေမှုန်းပြီး ဓားစာခံတွေအားလုံး ပြန်လွတ်လာဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

နောက်ထပ် အစ္စရေး ဓါးစာခံ ၆ ဦး ဟားမတ်စ် ပြန်လွှတ်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG