နောက်ဆုံးရသတင်း

အစ္စရေး Hamas ဆက်လက်အပစ်ရပ်နိုင်ရေး ညှိနှိုင်းသူတွေကြိုးပမ်းနေ

အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz
အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz

လာမယ့်စနေနေ့မှာ ဖမ်းဆီးထားတဲ့ဓားစာခံတွေကို ပြန်မလွှတ်ဘူးဆိုရင် ငရဲကျသလို တိုက်ခိုက်ခံရမယ် လို့ အမေရိကန်သမ္မတ Donald Trump ပြောထားတဲ့အတိုင်း အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း ပြောလိုက်ပါတယ်။

အစ္စရေးနဲ့ Hamas ကြား အပစ်အခတ်ဆက်လက် ရပ်ထားနိုင်ရေး ညှိနှိုင်းသူတွေ ဆွေးနွေးနေကြတာနဲ့ တချိန်တည်းမှာ အစ္စရေးစစ်တပ်က အရန်တပ်ဖွဲ့ဝင်တွေကိုလည်း ဆင့်ခေါ်ထားပါတယ်။ အခုစနေနေ့ ကျရင် Hamas စစ်သွေးကြွအဖွဲ့က ဖမ်းထားတဲ့ ဓားစာခံတွေပြန်လွှတ်ရေးကို ရပ်ထားမယ်ဆိုရင် အပစ်အခတ်ရပ်ထားတော့မှာ မဟုတ်ဘဲ စစ်ပြန်ဖြစ်မယ်လို့ ကာကွယ်ရေးဝန်ကြီး Israel Katz က ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေ ပိုပြင်းထန်မှာဖြစ်သလို သမ္မတ Trump ရဲ့ဂါဇာဒေသ အမြင်အတိုင်း လက်တွေ့ဖြစ်လာလိမ့်မယ်လို့ သူက ခြိမ်းခြောက်ပြောခဲ့ပါတယ်။

အစ္စရေးနဲ့ Hamas ကြား အပစ်အခတ်ရပ်စဲရေး တည်မြဲနေဖို့ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက ကြားဝင် ပေးသူတွေ ညှိနှိုင်းဆွေးနွေးနေကြတယ်လို့ အီဂျစ်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ Al-Qahera သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာဒေသအပေါ် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေသလို အကူအညီတွေ ပေးပို့လို့ မရအောင်တားဆီးပြီး အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Hamas အဖွဲ့ကစွပ်စွဲခဲ့တာကြောင့် ဆက်လက် အပစ်ရပ်ထားရေးအတွက် မရေမရာဖြစ်နေပါတယ်။

ပြီးခဲ့တဲ့လက အပစ်ရပ်သဘောတူခဲ့ပြီးနောက်ပိုင်း အစ္စရေးဓားစာခံ ၂၁ ယောက်ကို Hamas က ပြန် လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်က ၇၃၀ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၉ ရက်နေ့ကအပစ်အခတ်ရပ်စဲရေးသဘောတူပြီးနောက် ပါလက်စတိုင်းဒုက္ခသည် ၁ ဒသမ ၂ သန်းကို စားနပ်ရိက္ခာတွေထောက်ပံနိုင်ခဲ့ပြီး လူ ၆ သိန်းအတွက်နောထိုင်ခင်းစီစဉ်ပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

အစ္စရေး Hamas ဆက်လက်အပစ်ရပ်နိုင်ရေး ညှိနှိုင်းသူတွေကြိုးပမ်းနေ

No media source currently available

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG