သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ရဖို့ နီးစပ်လာ" - ကာတာနိုင်ငံခြားရေး

ဂါဇာဒေသမြင်ကွင်းတခု (ဇန်နဝါရီ ၁၄၊ ၂၀၂၅)
ဂါဇာဒေသမြင်ကွင်းတခု (ဇန်နဝါရီ ၁၄၊ ၂၀၂၅)

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေး နဲ့ ဟာမတ်စ် အပစ်ရပ်ရေး ဆွေးနွေးပွဲဟာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီး နှစ်ဘက်လုံးဟာ သဘောတူညီချက် မရသေးပေမဲ့ အနီးစပ်ဆုံး ဖြစ်နေကြပြီလို့ ကာတာနိုင်ငံက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ သဘောတူညီချက် ရသည်အထိ ပိုလွန်မျှော်လင့် မထားကြဖို့လည်း ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed al-Ansari က အပတ်စဥ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ကာတာ၊ အီဂျစ် နဲ့ အမေရိကန် တို့ဟာ အပစ်ရပ်ဖို့ လချီ ကြိုးစားခဲ့ကြပြီး အင်္ဂါနေ့မှာတော့ အသေးစိတ် ညှိနှိုင်းရတဲ့ အဆင့်ကို ရောက်ရှိသွားခဲ့တာပါ။ နောက်ဆုံးမှာတော့ အသီးအပွင့် မြင်ရဖို့ နီးနေပြီ လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း တနင်္လာနေ့က သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပုံ ကို သက်တမ်းကုန်ခါနီး အနှစ်ချုပ် ပြောခဲ့ရာမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါသေးတယ်။

သဘောတူညီချက်အရ ဓားစာခံတွေ လွတ်မြောက်လာပြီး၊ တိုက်ခိုက်တာတွေရပ်၊ အစ္စရေး ရဲ့ လုံခြုံရေးကို ပေးနိုင်မှာ ဖြစ်သလို၊ ဟာမတ်စ် စခဲ့တဲ့ စစ်ကြောင့် ဒုက္ခ အကြီးအကျယ် ရောက်ခဲ့ကြတဲ့ ပါလက်စတိုင်း ပြည်သူတွေကို လူသားချင်း စာနာထောက်ထားရေး ကို အရေးပါပါ လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန် က ပြောကြားပါတယ်။ အခုလို သဘောတူညီချက် ဟာ ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေးလမ်းကြောင်းကို ရှေးရှုသွားနိုင်မလား ဆိုတာကတော့ မသဲကွဲလှသေးပါဘူး။ ပါလက်စတိုင်း နိုင်ငံထူထောင်ရေးကို အရင်တုန်းကတော့ အစ္စရေးက ပယ်ချထားတာပါ။

"ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ရဖို့ နီးစပ်လာ" - ကာတာနိုင်ငံခြားရေး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG