သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဓါးစားခံလွတ်မြောက်ရေးညှိနှိုင်းမှုတိုးတက်မှုတချို့ရရှိ"အစ္စရေးဝန်ကြီးချုပ်


အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမန် နေသန်ယာဟု
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမန် နေသန်ယာဟု

ဂါဇာမှာ ထိန်းထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ဆွေးနွေးပွဲမှာ တိုးတက်မှု တချို့ ရရှိခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမန် နေသန်ယာဟု က အစ္စရေး လွှတ်တော်မှာ တနင်္လာနေ့က ပြောပါတယ်။

ဂါဇာ စစ်ပွဲ အပစ်ရပ်ရေး နဲ့ အကျဥ်းသားလဲလှယ်ရေး သဘောတူညီချက် နီးစပ်လာပြီ လို့ ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့သုံးဖွဲ့ က ရှားရှားပါးပါး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ၂ ရပ်အကြာမှာ အစ္စရေး ဝန်ကြီးချုပ်က အခုလို ပြောလိုက်တာပါ။ အစ္စရေး နဲ့ ဟာမတ်စ်ကြား ကာတာ၊ အီဂျစ် နဲ့ အမေရိကန်တို့ ကြားဝင်ပြီး သွယ်ဝိုက် ညှိနှိုင်းမှုတွေက ဒိုဟာမှာ မကြာမီရက်တွေအတွင်း ပြန်ဖြစ်လာခဲ့ပါတယ်။

"တိုးတက်မှု တချို့ရှိတယ်ဆိုတာကို သတိကြီးကြီးထား ကျွန်တော် ပြောလိုပါတယ်။ ဓားစာခံတွေ အားလုံး အိမ်ကို ပြန်လာတဲ့တိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်နေတာ ရပ်လိမ့်မယ် မဟုတ်ပါဘူး" လို့ နေသန်ယာဟု က လွှတ်တော်ကို ပြောကြားပါတယ်။

ဟာမတ်စ်၊ အစ္စလာမ္မစ် ဂျီဟတ် နဲ့ ပါလက်စတိုင်း လွတ်မြောက်ရေး လူထု တပ်ဦး PFLP တို့က အပစ်ရပ်ရေး သဘောတူညီချက် ရဖို့ တိုးတက်မှု ရှိကြောင်း စနေနေ့က ပူးတွဲ ထုတ်ပြန်ခဲ့ကြပါတယ်။ “ရန်သူကသာ အကြောင်းအချက်အသစ်တွေ ထပ်မထည့်လာဘူးဆိုရင် အပစ်ရပ်ရေး နဲ့ အကျဥ်းသား လဲလှယ်ရေး သဘောတူညီချက် ရဖို့ ဖြစ်နိုင်ခြေ နီးလာပြီ" လို့ ကြေညာချက်မှာ သုံးဖွဲ့က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG