သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်တောင်ပိုင်းက အစ္စရေးတပ်တွေနေရာမှာ လက်ဘနွန်တပ်နဲ့ အစားထိုး


အစ္စရေးနဲ့လက်ဘနွန်ကြားအပစ်ရပ်သဘောတူညီချက်ရပြီးနောက် အစ္စရေးသံချပ်ကာကားတွေ လက်ဘနွန်တောင်ပိုင်းက ပြန်လည်ဆုတ်ခွါနေတာကို လက်ဘနွန်မြောက်ပိုင်းကမြင်ရပုံ။ (ဒီဇင်ဘာ ၄၊ ၂၀၂၄)
အစ္စရေးနဲ့လက်ဘနွန်ကြားအပစ်ရပ်သဘောတူညီချက်ရပြီးနောက် အစ္စရေးသံချပ်ကာကားတွေ လက်ဘနွန်တောင်ပိုင်းက ပြန်လည်ဆုတ်ခွါနေတာကို လက်ဘနွန်မြောက်ပိုင်းကမြင်ရပုံ။ (ဒီဇင်ဘာ ၄၊ ၂၀၂၄)

အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အစိတ်အပိုင်းတရပ်အနေနဲ့ အစ္စရေးတပ်တွေကို လက်ဘနွန်တောင်ပိုင်းက မဟာဗျူဟာကျတဲ့မြို့ကနေ မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ရုပ်သိမ်းပြီး အဲဒီနေရာမှာ လက်ဘနွန်တပ်တွေနဲ့ အစားထိုးလိုက်ပါတယ်။

ဒါဟာ အမေရိကန်နဲ့ ပြင်သစ်တို့က ၂ ဘက်အပစ်အခတ်ရပ်စဲရေးကြားဝင်စေ့စပ်ပြီး နှစ်ပတ်အကြာမှာ အစ္စရေးတပ်တွေ Al-Khaim မြို့ကနေ ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ဒါဟာ အပစ်အခတ်ရပ်စဲရေး ရေရှည်ဖြစ်ပေါ်လာအောင်လုပ်ဆောင်ဖို့နဲ့ တိုးတက်မှုတွေဆက်ရှိအောင် အခြေခံအုတ်မြစ်ချဖို့အတွက် အရေးပါတဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ US Central Command အရှေ့အလယ်ပိုင်း အမေရိကန် စစ်တပ်ကွပ်ကဲရေးဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Erik Kurilla က ကြေညာချက်မှာ ပြောထားပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati ကတော့ ဒါဟာ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်တဲ့နေရာမှာ လက်ဘနွန်တောင်ပိုင်းမှာ တပ်တွေအင်အားတိုးပြီး တပ်ဖြန့်နေရာချထားဖို့အတွက် အခြေခံချတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။

အခုလို အပစ်အခတ်ရပ်စဲရေးသဘောတူလိုက်တာကြောင့် အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား လနဲ့ချီပြီး ၂ ဘက် အပြင်းအထန် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အခုလိုအပစ်ရပ်လိုက်တဲ့အတွက် ရေရှည်တည်ငြိမ်မှုဖြစ်လာနိုင်ပြီး ၂ နိုင်ငံ နယ်စပ်မှာရှိတဲ့ပြည်သူတွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေကို ပြန်သွားနိုင်မှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က အစ္စရေးကာကွယ်ရေး ဝန်ကြီး Israel Katz မနေ့က တယ်လီဖုန်းနဲ့ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG