သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အစ္စရေး-လက်ဘနွန် အပစ်ရပ်မှုအသက်ဝင်ဆဲ" ကန်နိုင်ငံခြားရေးဝန်ကြီး


မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်နိုင်ငံများ အဖွဲ့ နေတိုး အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် (ဒီဇင်ဘာ ၄၊ ၂၀၂၄)
မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်နိုင်ငံများ အဖွဲ့ နေတိုး အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် (ဒီဇင်ဘာ ၄၊ ၂၀၂၄)

မကြာခင်ရက်တွေက တစ်ဘက်နဲ့ တစ်ဘက် ကွက်ကြား တိုက်တာတွေ ရှိပေမဲ့ အစ္စရေး လက်ဘနွန် အပစ်ရပ်ရေး သဘောတူညီချက် ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ချိုးဖောက်တယ်လို့ စွပ်စွဲချက်တွေ ပေါ်ပေါက်လာတဲ့အခါ အသားကျပြီးသား နည်းနာယန္တယားတွေကို အသုံးပြု ဖြေရှင်းမယ်လို့လည်း ဘရပ်ဆဲမှာ ကျင်းပနေတဲ့ မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်နိုင်ငံများ အဖွဲ့ နေတိုး အစည်းအဝေး ဘေးပန်းမှာ သတင်းထောက်တွေကို ဘလင်ကန် က ပြောပါတယ်။

အခြေခံအားဖြင့်တော့ အစ္စရေး နဲ့ ဟက်ဇ်ဘိုလာတို့ဟာ လက်ဘနွန် အစိုးရ ကတဆင့် အပစ်ရပ်ရေး ကို လိုလားကြတယ်လို့ သူထင်ကြောင်း၊ သဘောတူညီချက်ကို လိုက်နာအောင် လုပ်ကြရမှာဖြစ်ကြောင်း၊ အဲဒီလို ဖြစ်ဖို့လည်း ပိုင်းဖြတ်ထားကြောင်း ဘလင်ကန် က ဆက်လက် ပြောဆိုပါတယ်။ သဘောတူညီချက်အရ နှစ်ဘက် တပ်တွေကို နယ်ခြား တဘက်စီကို ပြန်လည် ရုပ်သိမ်းရမှာ ဖြစ်ပြီး၊ ကြားခံနယ်မြေ ကို လက်ဘနွန်စစ်တပ် နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်တွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။

အစ္စရေး ဟက်ဇ်ဘိုလာ စစ်ပွဲမှာ လူ အနည်းဆုံး ၄၀၄၇ ယောက် သေဆုံးခဲ့ပြီး ၁၆၆၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီး Firass Abiad က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

"အစ္စရေး-လက်ဘနွန် အပစ်ရပ်မှုအသက်ဝင်ဆဲ" ကန်နိုင်ငံခြားရေးဝန်ကြီး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG