စစ်ကောင်စီဟာ အစိုးရတရပ်အနေနဲ့ အုပ်ချုပ်နိုင်မှုနဲ့ တိုင်းပြည်တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိတဲ့အတွက် "သာမန်မဟုတ်သောအခြေအနေ"လို့ သတ်မှတ်လိုက်တာဖြစ်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလ ကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ မှာ ကိုရီးယားလွှတ်တော်ဝင်းထဲမှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ကိုရီးယားအစိုးရနဲ့ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုကြမယ်လို့ တောင်ကိုရီးယားနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတိုက်ပွဲဝင်တဲ့ လူထုလူထုဘက်က အမေရိကန်အစိုးရ ခိုင်ခိုင်မာမာ ရပ်တည်ပါကြောင်း ကန်နိုင်ငံခြားရေးဌာနအထူးအကြံပေး ဒဲရက်ရှိုလေးက ပြောပါတယ်။ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းလည်း ပြောသွားတာပါ။ ဒေါ်ခင်စိုးဝင်း သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
NDAA အမေရိကန်ဥပဒေပါ မြန်မာ့အရေးဖော်ပြချက်ဟာရုပ်ဝတ္တုအကူအညီထက် နိုင်ငံရေးအရပိုပြီးအရေးပါတဲ့တိုးတက်မှုဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ NUG အနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ Silent Diplomacy သိုသိုသိပ်သိပ်သံတမန်နည်းလမ်းနဲ့ ဆက်ဆံနေတယ်လို့လည်း ပြောပါတယ်။ ကိုသားညွန့်ဦး မေးထားပါတယ်
၂၀၂၂ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ရေမြေခြားမှ ရုပ်ပုံလွှာ အစီအစဉ်တွေထဲက တချို့ကို ကိုအောင်အောင်က ပြန်လည် စုစည်းတင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖယ်ရှားပြီး ပြည်ထောင်စုသစ်၊ တပ်မတော်သစ် ထူထောင်ဖို့ မျှော်မှန်းကြောင်း၊ PDF တပ်ကို ပြည်သူ့တပ်မတော်အဖြစ်၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ညီညွတ်မှုအား တည်ဆောက်ထားတဲ့အကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ကိုသားညွန့်ဦး မေးမြန်းထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးဆုံးဖြတ်ချက် ချမှတ်ရမှာ စစ်ကောင်စီရဲ့ မဟာမိတ်တွေဖြစ်တဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားက အရင်ကလို ဗီတိုအာဏာသုံး မကန့်ကွက်တာဟာ အာဆီယံရဲ့ တွန်းအားကြောင့်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေးအမေရိကန်ရဲ့ အစီအစဉ်ဟာ လုံခြုံရေး အထူးစိုးရိမ်ရတဲ့ ဒုက္ခသည်တွေအတွက် ဦးစားပေးဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးဦးအောင်ကျော်မိုးကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က Skype ကနေ တဆင့် မေးမြန်းထားပါတယ်။
အခုရက်ပိုင်းအတွင်း NUG/PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်တွေကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဖက်က ကြေညာတာတွေ မမှန်ကန်ဘဲ၊ သူတို့ဘက်က ရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ချီတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ကိုသားညွန့်ဦးဆက်သွယ်မေးမြန်းထားတာပါ။
ကန်အမျိုးသားကာကွယ်ရေးဥပဒေမူကြမ်း NDAA မှာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ရင် စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ငြင်းပယ်၊ NUG အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေကို ထောက်ခံမှုပေးထားတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ယူဆပါတယ်။ ရှေ့ပြေးအသံအဖွဲ့ အကြံပေးဥက္ကဋ္ဌ မခင်ဥမ္မာကို ကိုသားညွန့်ဦး မေးမြန်းထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်ကို ပြန်ပြီးရွေးချယ်မယ့် ကိစ္စအတွက် Credential ကော်မတီဝင်နိုင်ငံအများစုရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီမှုရှိမယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။
မြန်မာကော်ဖီကို ထိုင်းနိုင်ငံမှာ ဖြန့်ချီရောင်းချဖို့ ကြိုးပမ်းနေတယ်လို့ ဉာဏ်ကြီးရှင်ရှမ်းတောင်မြင့် ကော်ဖီတည်ထောင်သူ ကိုငွေထွန်းက ပြောပါတယ်။ ထိုင်းတွေအကြိုက် အရသာမျိုးရအောင် ဖန်တီးပြီး ဈေးကွက်ထိုးဖေါက်နေတယ်လို့ဆိုပါတယ်။ ရေမြေခြားမှ ရုပ်ပုံလွှာ အစီအစဉ်မှာ ကိုအောင်အောင်က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်