သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လူဝင်မှုကြီးကြပ်ရေး မြန်မာနိုင်ငံသားများ စိုးရိမ်စိတ်များဖို့မလို


အမေရိကန်ပြည်ထောင်စုကို လေကြောင်းကနေ ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လူ၀င်မှုကြီးကြပ်ရေး တင်းကြပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေ သိပ်မများကြဖို့ ရှေ့နေ Patrick Wang က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို လေကြောင်းကနေ ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လူ၀င်မှုကြီးကြပ်ရေး တင်းကြပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေ သိပ်မများကြဖို့ ရှေ့နေ Patrick Wang က တိုက်တွန်းလိုက်ပါတယ်။

သမ္မတ Trump ရဲ့ လူ၀င်မှုကြီးကြပ်ရေး အထူးအမိန့်အာဏာဟာ လက်ရှိ အမေရိကန်မှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာနဲ့ ပတ်သက်လို့ နယူးယောက်က လူဝင်မှုကြီးကြပ်ရေး ရှေ့နေ Patrick Wang ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ အမေရိကန် သမ္မတထရမ့်က သူ တက်လာလာချင်းနေ့မှာ သမ္မတအထူးအမိန့်နဲ့ ထုတ်ပြန်လိုက်တဲ့အထဲမှာ လူဝင်မှု ကြီးကြပ်ရေးကိစ္စကို အကြီးအကျယ်ကိုင်တွယ်ပြီး အစုလိုက်အပုံလိုက် ပြန်ပို့မယ်ဆိုတဲ့ဟာက အမေရိကန်နိုင်ငံမှာ ရှိနေတဲ့ မြန်မာတွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိပါမလဲရှင့်။

Patrick Wang ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သမ္မတ ထုတ်လိုက်တဲ့ အမိန့်ကြေညာချက် ၁၃ ခုဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ အမိန့်ကြေညာချက်တွေ ဖြစ်တယ်။ အဲဒီ ၁၃ ခုကို ကြည့်တဲ့အခါမှာ မြန်မာအသိုင်းအဝိုင်းနဲ့ ငြိ့နိုင်တာဆိုတဲ့ဟာ ၄-၅ ခုပဲ ကျနော်တွေ့တယ်။ ပထမဆုံးတခုက Birthright Citizen လို့ခေါ်တဲ့ မွေးမွေးချင်း ရနိုင်တဲ့ နိုင်ငံသား ဖြစ်နိုင်ခွင့်။ နောက်တခုကတော့ မြန်မာနိုင်ငံကနေ ဒီဘက်ခြမ်းကို Green Card နဲ့ ဝင်လာမယ့်လူတွေ။ ပြီးတော့ ဒီဘက်ခြမ်းမှာ အမေရိကန်မှာရှိတဲ့ မြန်မာတချို့ - ဥပမာ သင်္ဘောခုန်ဆင်းတဲ့ လူမျိုး၊ နယ်စပ်က ဖြတ်ကျော်တဲ့လူမျိုး။ ဒါပေမဲ့ အဲဒါက အရမ်းနည်းပါတယ်။ သူတို့ကတော့ စိုးရိမ်ရတယ်။ အဲဒါတောင်မှ သူတို့လာတာက ၂၀၂၃ ဇန်နဝါရီ ၁၉ ရက် မတိုင်မီလာမယ်ဆိုရင် သူတို့ကို မိသွာတယ်ဆိုရင်တောင်မှ သူတို့က အဲဒီအတောအတွင်းမှာ လာခဲ့တယ်လို့ ပြနိုင်တယ်ဆိုရင် လွတ်နိုင်တယ်။ ပြန်လွှတ်မယ်။ ဆွေမျိုးသားချင်နဲ့ ညှိနှိုင်းနိုင်မယ်ဆိုရင် လွတ်နိုင်ပါတယ်။

မေး ။ ။ ဆရာပြောတဲ့ ၂၀၂၃ ဇန်နဝါရီ ၁၉ ဆိုတဲ့ သတ်မှတ်ချက်က ဘာကြောင့်ပါလဲရှင့်။ အဲဒီနောက်ပိုင်း မတိုင်ခင်နဲ့ သတ်မှတ်ထားတာ။

ဖြေ ။ ။ ကျနော်တို့ Lawyer အဖွဲ့ကနေ ရတဲ့ Memo မှာ သူတို့ ဖယ်ရှားဖို့ ဦးစားပေး လုပ်ထားတဲ့ဟာတွေက ၂ နှစ်အောက်က လူတွေကို လုပ်တာ။ ၂ နှစ်အောက်ကဆို သမ္မတထရန့်က တက်လာတာက ၂၀၂၅ ဇန်နဝါရီ ၂၀ မှာ တက်လာတယ်။ ၂ နှစ်မတိုင်ခင်ဆိုတော့ ၂၀၂၃ ဇန်နဝါရီ ၁၉ ဖြစ်မယ်။ အဲဒါကို ကျနော်က ပြောနေတဲ့သဘောပါ။ ဒါပေမဲ့ ဒီအရာက အတိအကျကြီးကို ပေါ်လစီ လုပ်ထားတာတော့ မဟုတ်ဘူး။ အဲဒါ ပေါ်လစီ လုံးဝမရှိဘူး။ ကျနော်တို့ ရှေ့နေတွေက သူတို့ရေးထားတာကို သုံးသပ်ပြီးတော့ ကျနော်တို့က အဲဒီလိုမျိုး ယူဆထားတာပါ။

မေး ။ ။ စစ်အာဏာသိမ်းပြီးတော့ ၂၀၂၁ နောက်ပိုင်းမှာ ထွက်လာတဲ့ မြန်မာလူမျိုးတွေ၊ အထူးသဖြင့် ကျောင်းသူကျောင်းသားတွေ တက္ကသိုလ် တက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေမှာ သူတို့ရဲ့ အခြေအနေအရ အရင်တုန်းက ဘိုင်ဒန်အစိုးရလက်ထက်တုန်းကတော့ ယာယီထပ်တိုးခွင့် ဆိုတာမျိုး မြန်မာအပါအဝင် သတ်မှတ်ထားတဲ့ နိုင်ငံတချို့ကို ချပေးထားတယ်။ ဥပမာ ဗီဇာသက်တမ်းကုန်သွားတဲ့ တဘက်မှာလည်း ခိုလှုံခွင့်ကလည်း မလျှောက်ထားတဲ့ သဘောမျိုးတွေလည်း ရှိကောင်းလည်း ရှိမှာပေါ့။ ဒီလိုမျိုး ရှိနေတဲ့ မြန်မာတွေအတွက် ဘယ်လိုမျိုး ဖြစ်နိုင်မလဲရှင့်။

ဖြေ ။ ။ အခုနပြောသလိုပါပဲ သူတို့အဓိက ဦးစားပေးလုပ်တာက ဒီနိုင်ငံကို ရောက်လာတာ ၂ နှစ်အတွင်းမှာ ရောက်လာတဲ့လူ။ ဇန်နဝါရီ ၁၉၊ ၂၀၂၃ နောက်ပိုင်းမှာ ရောက်လာတဲ့လူက နည်းနည်းလေး စိုးရိမ်ရမယ်။ ၂၀၂၃ ဇန်နဝါရီ ၁၉ မတိုင်ခင် ရောက်လာတဲ့လူကတော့ ဆွဲခံရရင် ဆွဲခံရမယ်။ ဒါပေမဲ့ သူတို့က ဒီအချိန်အတွင်းမှာ ရောက်လာတယ်လို့ သက်သေပြနိုင်ရင် ပြန်လွှတ်ဖို့ အလားအလာ အများကြီးများတယ်။ ပြဿနာက ရှေ့နေအဖွဲ့ကနေ သူတို့ရဲ့ ပေါ်လစီကို ဖတ်ကြည့်ပြီးတော့ ဘာသာပြန် စမ်းစစ်တဲ့သဘောမျိုး။ အဲဒီလိုမျိုး ဖြစ်သေးသလားဆိုတော့ ကျနော်တို့ မသိသေးဘူး။ ဒီအရာက အခုမှ ဖြစ်လာတာဆိုတော့ ဖြစ်လာတဲ့ပေါ် မူတည်ပြီးတော့ ကျနော်တို့ ရှေ့နေအဖွဲ့က စမ်းစစ်ပြီးတော့ ဖော်ပြတာကို ဆက်ပြောလို့ရတယ်။ လောလောဆယ်တော့ အဲဒီလိုပဲ ပြောလို့ရပါတယ်။

မေး ။ ။ ဒုက္ခသည်အဖြစ် တရားဝင်ရောက်လာတဲ့ သူတွေရဲ့ ပုံစံကတော့ တမျိုးပေါ့နော်။ ဒါပေမဲ့ Passport တွေနဲ့ လာကြတယ်။ Visit ပဲဖြစ်ဖြစ်၊ တခြား Business နဲ့ဖြစ်ဖြစ် သူတို့ မပြန်ဘဲနဲ့ နေခွင့်ရအောင် asylum လျှောက်ကြတယ်။ သူတို့မှာ အိမ်နံပါတ်တွေ ရှိတယ်။ အထူးသဖြင့် သူတို့မှာ နှစ်ပေါင်းများစွာ ကြာနေတဲ့သူတွေ သူတို့မှာ အိမ်နံပါတ်တွေလည်း ရှိထားတယ်။ Work Permit တွေလည်း ရှိထားတယ်။ Driver License တွေလည်း ရှိထားတယ်။ အခုလို Trump ရဲ့ လူဝင်မှု့ကြီးကြပ်ရေးအမိန့်အရဆိုရင် ဒီလိုလူမျိုးတွေကကော သူတို့ကို တရားမဝင် လာရောက်နေထိုင်သူတွေအဖြစ် သတ်မှတ်မလား။ သူတို့ကကြတော့ ဘယ်လိုပုံစံမျိုး ဖြစ်မလဲရှင့်။

ဖြေ ။ ။ ကျနော်ရဲ့ အတွေ့အကြုံ သိသလောက်၊ ဖတ်ထားသလောက် အခုနောက်ပိုင်း ထုတ်လာတဲ့ သမ္မတရဲ့မိန့်ခွန်းရယ်၊ ကျနော်တို့ ဥပဒေပညာရှင်ကနေပြီးတော့ သုံးသပ်ထားတဲ့အချက်ကို ကျနော် ပြောရမယ်ဆိုရင် အဲဒီလိုမျိုး လေယာဥ်နဲ့ စီးလာပြီးတော့ ဗီဇာနဲ့လူက သိပ်ပြီးတော့ စိုးရိမ်စရာမလိုဘူးလို့ ယုံကြည်ပါတယ်။ အထူးသဖြင့် အခုနကတုန်းက ဒီရောက်လာပြီးတော့ ခိုလှုံခွင့်လျှောက်လိုက်ရင် သူတို့က A နံပါတ်ဆိုတာ ထွက်လာမယ်။ A နံပါတ်ဆိုတာ ထွက်လာရင် အကြောင်းအရင်းက ဘာလဲဆိုတော့ နိုင်ငံရေးခိုလှုံခွင့် လျှောက်လို့ပဲ။ နိုင်ငံရေးခိုလှုံခွင့် လျှောက်တယ်ဆိုတာက ကျနော်တို့ ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်ရင် ကြောက်လို့ အမေရိကန်နိုင်ငံကို လျှောက်လိုက်တာ။ အဲဒီလိုမျိုး လျှောက်ရင် ကျနော်တို့ အမေရိကန်နိုင်ငံက Asylum နဲ့ ပတ်သက်ပြီးတော့ Hague Convention လက်မှတ်ထိုးထားတဲ့အတွက်ကြောင့်မို့ Asylum လျှောက်ထားတဲ့သူကို ပြန်လွှတ်မှာတော့ မဟုတ်ဘူး။ တခုပဲရှိတာက သမ္မတ Trump ကနေပြီးတော့ Asylum လျှောက်တာတွေကို ပိတ်လိုက်မယ်လို့ ပြောတာက မြန်မာအသိုင်းအဝိုင်းထဲမှာ လူတွေက ကြောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ Trump ပြောတဲ့ဟာက နယ်စပ်ကနေပြီးတော့ လာတဲ့လူတွေ တော်တော်များများက သူတို့မှာ CBP One App ဆိုတာ ရှိတယ်။ အဲဒီ App ကနေပြီးတော့ Appointment ယူလို့ ရတယ်။ အဲဒီကနေပြီးတော့ Asylum ဖြေကြတယ်။ အဲဒီဟာကို သူတို့က နှိပ်ကွပ်တဲ့ သဘောပါ။ မအင်ကြင်းနိုင် ပြောသလိုပေါ့ - လေယာဥ်နဲ့ စီးလာတဲ့အခါ ဗီဇာ ရှိတယ်။ ဗီဇာ ရှိတဲ့အခါ Asylum‌ လျှောက်ရင် အောင်ပြီးသွားတာ‌တောင်မှ FBI နဲ့ CIA က သူတို့ရဲ့ နောက်ကြောင်းကို စစ်တယ်။ စစ်ပြီးမှ အားလုံးအဆင်ပြေမှ ပေးကြတာ။ နယ်စပ်က အဲဒီလို မဟုတ်တော့ပြန်ဘူး။ နယ်စပ်ကဟာကို သူတို့က တခါထဲ ပိတ်ပင်လိုက်တဲ့သဘောမျိုး။

မေး ။ ။ အခုတချို့ List ပေါ့နော်။ ကျမတို့ ရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် အမေရိကန်နိုင်ငံကနေ ပြန်ပြီးတော့ပို့မယ့် စာရင်းပေါ့နော်။ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့မယ်ဆိုတဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံသားတချို့လည်း ပါတယ်လို့သိရတယ်။ ဆိုတော့ တချို့နာမည်တွေလည်း အယောက် (၆၀) နီးပါးဆိုတာမျိုး။ ဒါမျိုးသတင်းတွေလည်း ထွက်နေတော့ ဆရာတို့ လူဝင်မှုကြီးကြပ်ရေး ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ ရှေ့နေတွေကြတော့ မြန်မာနိုင်ငံကို ပြန်ပို့မယ့် နိုင်ငံသားတွေ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို သိရပါလဲရှင့်။

ဖြေ ။ ။ ကျနော်ရဲ့ အတွေ့အကြုံ ဥပဒေအမြင်ကနေ ပြောမယ်ဆိုရင် အဲဒီလို စာရင်းထဲမှာပါတဲ့ လူတွေက နောက်ဆုံး အခုနကတုန်းက အယူခံဝင်ပြီး ရှုံးသွားပြီးတော့ ဘာမှမလုပ်တဲ့ လူပဲလို့ ကျနော် ယုံကြည်တယ်။ ဥပဒေအမြင်နဲ့ ပြောတာ။ အခုနကတုန်း ကျနော်ရဲ့ အတွေ့အကြုံနဲ့ ပြောတာ။ အခုနကတုန်းက နောက်တခုက ဘာရှိသေးလဲဆိုတော့ ကျနော်တို့ နဂိုတုန်းကဆိုရင် ခိုလှုံခွင့်လျှောက်တဲ့အခါမှာ လုံးဝအဆင်ပြေတဲ့အခါကြတော့ သူတို့မှာ ပေးထားတဲ့ Relief တော့ ရှိသေးတယ်။ Asylum မရတာတောင်မှ withholding ရှိတယ်။ CAT အဲဒီလိုမျိုးရထားတဲ့ လူတွေက အခုနကတုန်းက စိုးရိမ်စရာ‌တော့ မလိုဘူး။ တကယ်လို့ သူတို့ကိုခေါ်မယ် ခေါ်ပိုင်ခွင့်လည်း မရှိဘူး။ သူတို့ကို သက်သာခွင့် Relief ဆိုတာပေးထားတယ်။ သူတို့က ဘာမှစိုးရိမ်စရာ မရှိဘူး။ တကယ်တမ်း စိုးရိမ်ရမှာက အခုနက ကျနော်ပြောတဲ့ ပြည်နှင်ဒဏ်ပေးထားပြီးတော့ အယူခံလည်း မဝင်ဘူး။ ဒီတိုင်းပဲနေတဲ့သူတွေက စိုးရိမ်ရမယ်။ အခုနကတုန်းက နောက်တခုဟာက ဒီရာဇဝတ် ကျူးလွန်သူတွေ စိုးရိမ်ရမယ်။ ကျန်တဲ့သူတွေကတော့ ကျနော် သိသလောက်ကတော့ မစိုးရိမ်ရဘူးလို့ ယူဆရတယ်။ အဲဒီလို လုဏကတုန်းက မအင်ကြင်းနိုင်ပြောတဲ့ အခုနကတုန်းက ဒီ (၆၀) ဆိုတာကတော့ ကျနော်ရဲ့ အတွေ့အကြုံ ဥပဒေအမြင်နဲ့ ပြောရမယ်ဆိုရင် အဲဒီလိုတွေ ဖြစ်ဖို့လမ်းများပါတယ်။

မေး ။ ။ အဲဒီတော့ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးတယ်ဆိုတဲ့ အခြေအနေအောက်မှာဆိုရင် ဥပမာ နယူးယောက်မှာဆိုရင် လက်တင်အမေရိကနိုင်ငံတွေက လာတဲ့သူတွေ အများစု အလုပ်လုပ်တဲ့ နေရာတွေ သွားလာတဲ့နေရာတွေဆိုရင် အခုဆို တိတ်ဆိတ်နေတယ်ဆိုတာမျိုး။ အဲဒီမှာရှိတဲ့ မျက်မြင်သက်သေတွေ ဒေသခံမြန်မာတွေကလည်း ပြောပြကြတယ်ဆိုတော့ အခု နယူးယောက်လို နေရာမျိုးမှာ မြန်မာအများစု အလုပ်လုပ်တဲ့နေရာတွေမှာကော ရဲတွေ ဝင်လာဖမ်းမယ်ဆိုတဲ့ စိုးရိမ်ရမှု အနေအထားမျိုးကော ရှိလာနိုင်မလားရှင့်။

ဖြေ ။ ။ တကယ်လို့ ကိုယ်လုပ်တဲ့အလုပ်က သတင်းထွက်နေတယ်။ အခုနကတုန်းက Authorize Employee တွေ များတယ်လို့ နာမည်ထွက်မယ်ဆိုရင်တော့ ဝင်စီးနိုင်တဲ့ အလားအလာ ရှိတယ်။ ကျနော်ရဲ့ လူတွေကို အမြဲတမ်း ကျနော် သတိပေးတာက အခုနကတုန်းက သွားတဲ့နေရာကို သတိထားရမယ်။ သွားတဲ့အချိန်ကို သတိထားရမယ်။ သွားတဲ့အချိန်တွေကို သတိမထားမိဘူး။ သွားတဲ့နေရာတွေကို သတိမထားမိလို့ ကျနော်တို့ ကံတွေဘာတွေ ချော်သွားလို့ ကံတွေဘာတွေ နိမ့်သွားရင်တော့ ပါသွားနိုင်တဲ့ အလားအလာ ရှိတယ်။ ကိုယ့်မှာ ဘာမှမရှိလို့ ရှိရင်။ ကျနော် ပြောသလိုပဲ အဲဒီလို အလားအလာ မရှိရင် ပါသွားမယ်။ ပါသွားတာတောင်မှ တကယ်လို့ အခုနက ကျနော် ပြောသလို ဇန်နဝါရီလ (၁၉) ရက် ၂၀၂၃ မတိုင်ခင်က ရောက်လာတယ်လို့ ဖြစ်မယ်ဆိုရင် ပါသွားပေမယ့် သူတို့ကို ရှင်းပြပြီးတော့ အခုနကတုန်းက စာရွက်စာတမ်း ပြန်လုပ်မယ်ဆိုရင် အလားအလား ရှိတယ်။ ဒါပေမဲ့ ကျနော် ပြောသလို အဲဒီဟာကြတော့ အထဲဝင်သွားရတယ်။ အထဲထဲဝင်သွားရတဲ့ ဒဏ်ခံရမယ်။ ဒါပေမဲ့ ကျနော် ပြောသလို နည်းနည်းလေး complicated ဖြစ်သွားတာပေါ့။

မေး ။ ။ ပုံမှန်အရဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမှာလည်း မိသားစုတွေ ပြန်သုံသည်းရေးကိုပဲ ဦးစားပေးတယ်ပေါ့နော်။ ဥပမာ သားသမီးက မိဘကိုခေါ်တာ မိဘက သားသမီးကို ခေါ်တာမျိုးတွေ ဗီဇာလျှောက်တဲ့နေရာမှာ ဦးစားပေးလေ့တော့ ရှိပါတယ်။ အခု သမ္မတထရမ့်ရဲ့ လူဝင်မှု့ကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ အထူးအမိန့်အာဏာအရဆိုရင် သူ သက်တမ်းလေးနှစ်တာ ကာလအတွင်းမှာ အထူးသဖြင့် ဒီမှာရှိတဲ့ မြန်မာမိသားစုတွေ မြန်မာတွေအတွက် သူတို့မိသားစုနဲ့ ပြန်လည်စုံစည်းရေးဆိုတဲ့ အခွင့်အလမ်းတွေကကော ဘယ်လို ဖြစ်လာနိုင်မလဲရှင့်။

ဖြေ ။ ။ အဲဒီဟာကို ကျနော် ဘာကိုသွားပြီးတော့ မြင်လိုက်လဲဆိုတော့ ၂၀၁၆-၁၇ မှာ ထရမ့် တက်လာပြီးတော့ နောက်ကြောင်းကို သေသေချာချာ စစ်တာမျိုးလုပ်တာ အဲဒီလို လုပ်တာမျိုးကြောင့်မို့ ကျနော်တို့ Immigrant visa processing က တော်တော်နှေးသွားတယ်။ အဲဒီတော့ မြန်မာနိုင်ငံလည်း ကျနော် သိသလောက်ကတော့ပါမယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကလည်း အများကြီးပဲ Immigrant လာတဲ့သူတွေ ရှိကြပါတယ်။ ကျ‌နော်တို့ အခုနကတုန်းက အဖေအမေ၊ သက်ကြီးရွယ်အိုတွေ Retirement လုပ်ထားတဲ့သူတွေ အဲ့လိုမျိုးခေါ်ရင်တော့ နည်းနည်းကြာဖို့ အလားအလာ ရှိတယ်။ ဘာလို့ဆို‌တော့ ဒါက ကျနော်ရဲ့ အတွေ့အကြုံ ပြောတာနော်။ ဒါပေမဲ့ ကျနော်အနေနဲ့ ဘယ်လိုလာမလဲဆိုတာ မပြောတတ်ဘူး။ ကျနော် ပထမဆုံး ထရမ့် လူငယ်တွေ ဘာတွေကို သူတို့ အဲဒီလောက် မဟုတ်ဘူး။ ပညာတတ်တွေ အဲဒီလောက် မဟုတ်ဘူး။ ငွေကြေးရှိတာ အဲဒီလောက် မဟုတ်ဘူး။ သူတို့အနေနဲ့ ပိုပြီးတော့ စစ်တာတာပေါ့။ စစ်တဲ့အခါကြတော့ ပိုပြီးတော့ကြာတာပေါ့။ ကျနော် အတိအကျ ပြောလို့မရပါဘူး။ ဒါ ကျနော် သူ့ပထမ Term တုန်းက အခြေခံပြီး ပြောပြတာပါ။ အခုလောလောဆယ်က ထုတ်ထားတာပဲ ရှိတယ်။ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာ ကျနော် မသိပါဘူး။

Forum

XS
SM
MD
LG