လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကြားက ပြဿနာရဲ့ နောက်ခံသမိုင်းနဲ့ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်နေမှုတွေကို ဘယ်လိုရှိပါသလဲ။ ဒီပဋိပက္ခအကြောင်း ထဲထဲဝင်ဝင်သိရှိနားလည်နိုင်အောင် ၂၀၂၀ ခုနှစ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ် (Peace to Prosperity) ကို ကြေညာအပြီး ဗွီအိုအေ အယ်ဒီတာဦးကျော်ဇံသာ ရေးသားခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကြား ဒီနေ့ သောကြာနေ့မှာ အပြန်အလှန် ပြန်တိုက်နေကြပါတယ်။ အစ္စရေးဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့နိုင်ရေးအတွက် ၇ ရက်ကြာယာယီ အပစ်အခတ်ရပ်ဆိုင်းထားခဲ့ပြီး ဒီနေ့ပြန်လည်တိုက်ခိုက်နေကြတာပါ။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး ရက်ထပ်တိုးဖို့ မနေ့က တနင်္လာနေ့မှာ သဘောတူလိုက်ပြီး သဘောတူတဲ့အထဲမှာ ဖမ်းဆီးခံထားရသူတွေကို ထပ်ပြီး လွှတ်ပေးဖို့လည်း ပါဝင်တဲ့ အကြောင်း စေ့စပ်ညှိနှိုင်းပေးတဲ့ ကာတာနိုင်ငံက ပြောပါတယ်။