လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကြားက ပြဿနာရဲ့ နောက်ခံသမိုင်းနဲ့ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်နေမှုတွေကို ဘယ်လိုရှိပါသလဲ။ ဒီပဋိပက္ခအကြောင်း ထဲထဲဝင်ဝင်သိရှိနားလည်နိုင်အောင် ၂၀၂၀ ခုနှစ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ် (Peace to Prosperity) ကို ကြေညာအပြီး ဗွီအိုအေ အယ်ဒီတာဦးကျော်ဇံသာ ရေးသားခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို အစ္စရေးက လေကြောင်းက တိုက်ခိုက်လို့ နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့အကြောင်း ပါလက်စတိုင်း အစိုးရ အရာရှိတွေနဲ့ ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ဟားမက်စ်တိုက်ခိုက်မှုပြီးချိန်ကတည်းက ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို အစ္စရေးအစိုးရက ပြန်လွတ်အောင် မလုပ်နိုင်တာဟာ အစ္စရေး လူမှုအသိုင်းအဝိုင်းအတွင်း နက်ရှိုင်းတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ Linda Gradstein ဂျေရုစလင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါမယ်။