သမ္မတ Donald Trump အစိုးရအနေနဲ့ ဒစ်ဂျယ်တယ်လ်ငွေကြေး ကို မဟာဗျူဟာမြောက် အရန်ငွေ အသစ်အဖြစ် အသုံးပြုနိုင်ရေး အလေးအနက်စဥ်းစားနေသလို လွှတ်တော်ကော်မတီတွေမှာလည်း ဒေါ်လာငွေကြေးစနစ်နဲ့ ဒစ်ဂျစ်တယ်ငွေကြေး ပိုင်ဆိုင်မှုတွေကို ဘယ်လို ထိန်းညှိကြမလဲဆိုတာ အကြိတ်အကျယ်ဆွေးနွေးနေကြပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump ရဲ့ Crypto ဆိုင်ရာကျွမ်းကျင်သူ David Sacks က- ဒစ်ဂျယ်တယ်လ်ငွေကြေးတွေထဲက Bitcoin ကို အရန်ငွေသစ်အဖြစ် ဦးစားပေးမလားဆိုတာ အမေရိကန် အစိုးရက အကဲဖြတ်နေကြောင်းပြောကြားခဲ့ပါတယ်။
နယူးယောက်အခြေစိုက် Human Rights Foundation ရဲ့ ကမ္ဘာလုံးဆိုင်ရာ Bitcoin ပိုမိုအသုံးပြုရေး သုတေသီ ကို၀င်းကိုကိုအောင်ကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ ကိုဝင်းကိုကိုအောင်။ အခုလို ကျမတို့ ဗီအိုအေစတူရီယိုကို လာရောက်ပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
ကိုဝင်းကိုကိုအောင် ။ ။ ကျနော်လည်း အထူးဝမ်းသာပါတယ် ခင်ဗျ။
မေး ။ ။ ကိုဝင်းကိုကိုအောင်က Bitcoin နဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်သူတဦးဆိုတော့ အခု Bitcoin နဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ လက်ရှိ တက်လာတဲ့ သမ္မတထရန့်အစိုးရရဲ့ မူဝါဒနဲ့ ပတ်သက်ရင်ကော ဘယ်လိုအမြင်ရှိပါလဲရှင့်။
ဖြေ ။ ။ အခု ဒီနေ့ပြောမယ့် အကြောင်းအရာတွေကတော့ Bitcoin နဲ့ လူ့အခွင့်အရေး ရှုထောင့် မူဝါဒကနေ ပြောမှာဖြစ်တဲ့အတွက်ကြောင့် အခြားသောကိစ္စ တော်တော်များများကတော့ ငွေကြေးဆိုင်ရာ ရင်နှီးမြှုပ်နှံမှု အကြံပြုချင်းတွေကတော့ပါဝင်မှာ မဟုတ်ပါဘူး။ ကျနော်အနေနဲ့ Bitcoin Policy Institute ရဲ့ ဆောင်ရွက်နေတဲ့ အတွေ့အကြုံအရဆိုရင် သူ Day-1 ထဲက သူရဲ့ ပထမဆုံး ဦးစားပေးအနေနဲ့ လုပ်ဆောင်နေတာတော့ တွေ့ရပါတယ်။ ဒါပေမဲ့တခုရှိတာက President Trump အနေနဲ့ သူ့ရဲ့ ရှုထောင့်ကတော့ Crypto ကိုပိုပြီး Target ထားတယ်။ Bitcoin ထက် Crypto ကို ပိုပြီးတော့ Target ထားတယ်။ ပြီးတော့ အခြားစျေးအတွက်ဖို့ပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ Freedomgold Appနဲ့ Numbergold App ဆိုတာရှိတယ်။ သူတို့က Numbergold App ဘက်ကိုသွားတယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်တို့ ဒီဘက်က DC ဘက်က Bitcoin Policy ပိုပြီးတော့ ကျွမ်းကျင်သူတွေအနေနဲ့လည်း President Trump အတွက် Executive Summary တော့ လောလောဆယ်တော့ White House ကိုတော့ Submit လုပ်ထားတယ်။
ပြန်ပြီးတော့တော့ Respond တော့မကျသေးဘူး။ ဒါပေမဲ့ Bitcoin နဲ့ ပတ်သက်ပြီး ကောင်းတာတခုအနေနဲ့ ပြောရမယ်ဆိုရင် Wyoming ပြည်နယ်ရဲ့ ဆီနိတ်တာ Lummis အနေနဲ့ Digital Assets ကော်မတီမှာ အကြီးဆုံးရာထူးအနေနဲ့ President Donald Trump က Delegate လုပ်ပေးခြင်းကို ခံရတယ်။ သူက Bitcoin Policy Institute ရဲ့ လွန်ခဲ့တဲ့နှစ်မှာ DC မှာပဲ ကျင်းပခဲ့တဲ့ Bitcoin Policy မှာ လာရောက်ပြီးတော့ Speaker အနေနဲ့ ပြောဖူးတယ်။ သူ့အနေနဲ့ Bitcoin Only ပဲ Cryptocurrency မဟုတ်ဘူးဆိုပြီးတော့လည်း သူ့ရဲ့ Social Media မှာ မကြာခဏ ရေးတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ နောက် (၆) လလောက်အတွင်းမှာတော့ Bitcoin အတွက် ပိုပြီးကောင်းတဲ့ Policy သစ်တွေ ထွက်လာမယ်လို့ ယူဆတယ်။ အဲဒီဟာက ဘာလို့လဲဆိုတော့ အင်တာနက်ကို (၂၀၀၀) ခုနှစ်တွေတုန်းကလည်း ဒီလိုအခြေအနေပဲ ဖြစ်တယ်။ အင်တာနက်ဆိုတာ Scam အတုအယောင်တို့ ဘယ်သူမှ အင်တာနက်ဆိုတာကို သုံးမှာမဟုတ်ဘူး။ ဒါပေမဲ့ ဥပဒေတွေ မူဝါဒတွေ အမေရိက ကနေပြီးတော့ အင်တာနက်ကို တကမ္ဘာလုံးဆိုင်ရာ ပြန့်ပွားအောင် ဆောင်ရွက်လိုက်တာမျိုးတွေ ရှိတယ်။ အဲဒီအတွက်ကြောင့် ကောင်းတာက ကျနော်စောစောက ပြောသလို လူတွေက သတင်းအချက်အလက်တွေ ပိုပြီးတော့ အလွယ်တကူ ဖတ်လို့ရတယ်။ ဒီအင်တာနက်ကြောင့်ပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု့တွေက စောစောကပြောတဲ့ တချို့တွေအတွက် ပိုပြီးတော့ လုံခြုံစိတ်ချစွာနဲ့ အင်တာနက်ပေါ်ကနေပြီးတော့ ဆောင်ရွက်နိုင်တယ်။ နောက်ပိုပြီးတော့ သတင်းအချက်အလက်တွေကို စီးဆင်းနိုင်တယ်။ အဲဒီအတွက်ကြောင့် တမ္ဘာလုံးဆိုင်ရာမှာ မင်းဆိုးမင်းညံ့ အုပ်ချုပ်တဲ့အခါမှာ လူတွေက အင်တာနက်ကို အသုံးပြုပြီးတော့ သူတို့ရဲ့ ပါဝါ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို ပြန်ပြီးတော့ယူတဲ့ example တွေက အများကြီးရှိတယ်။ အဲဒီတော့ အင်တာနက်ကို ဖွင့်ပေးလိုက်သလိုပဲ Bitcoin ကို ဖွင့်ပေးလိုက်တဲ့ လမ်းကြောင်းကလည်း လူ့အခွင့်အရေးရှုထောင့် Humanitarian ရှုထောင့်ကနေပြီးတော့ ပိုပြီးတော့ ကောင်းတဲ့အရာ ဖြစ်လာစေမယ်လို့ ကျနော်ကတော့ မြင်တယ်။ နောက်ပြန်လှည့်မယ့် အကြောင်းအရာတော့ မရှိပါဘူး။
မေး ။ ။ ကျမတို့ သိထားတဲ့ Bitcoin နဲ့ ပတ်သက်တဲ့ အခြေခံအချက်အလက်အရဆိုရင် သူက အွန်လိုင်းကနေသွားတဲ့ ငွေကြေးစနစ်တခုပေါ့နော်။ ဗဟိုချုပ်ကိုင်မှု မရှိဘူးလို့ သိထားတယ်။ ဒါပေမဲ့ Bitcoin နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ Scam တွေ ဖြစ်တယ်။ အွန်လိုင်းကနေတဆင့် ငွေကြေးလိမ်လည်မှုတွေ အသုံးပြုနေတာတွေ ရှိတယ်။ အခြားအွန်လိုင်းကနေ စီးဆင်းတဲ့ ငွေကြေးလိမ်လည်မှုတွေ Cryptocurrency တွေကလည်း ရှိနေတဲ့အခါကျတော့ အခု Bitcoin က အခြား Cryptocurrency အနေနဲ့ကော ဘယ်လို ကွာလဲရှင့်။
ဖြေ ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါသိပ်ကိုအရေးကြီးတဲ့ Question တခုပေါနော်။ လူတွေတော်တော်များများ ပြောနေကြတာက အထူးသဖြင့် အမေရိကန်နိုင်ငံမှာက Scam ဒုစရိုက်မှု ပြုလုပ်တဲ့သူတွေ အသုံးပြုကြတယ်လို့ ပြောကြတဲ့သူတွေ ရှိတယ်။ အထူးအားဖြင့် နိုင်ငံရေးသမားတွေ တချို့သော University တွေက ကျောင်းဆရာတွေ၊ ပရောဖက်ဆာတွေ ပြောကြတယ်။ ကျနော်ထင်တာကတော့ ဒါက အရမ်းကို လွဲမှားနေတဲ့အကြောင်းအရာ ဖြစ်တယ်။ နံပါတ်တစ်အချက်အနေနဲ့ ပြောမယ်ဆိုရင် Bitcoin က Scam ဆိုတာ ကျနော် ပြန်ပြီးတော့ ဖြေရှင်းချင်ပါတယ်။ Bitcoin က Scam ဆိုတာက အမေရိကားက လူတွေပြောတဲ့စကားက လုံးဝအမှန်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Bitcoin က တခြားသော မင်းဆိုးမင်းညံ့နိုင်ငံတွေ အာဏာရှင်နိုင်ငံတွေမှာ နေတဲ့သူတွေအတွက် တကယ်ကို သူတို့ရဲ့ Economic Value ငွေကြေးဆိုင်ရာ တန်ဖိုးတွေကို Point A to Point B တနေရာကနေ တနေရာကို ရွေ့တဲ့နည်းပညာတခုလို့ ကျနော် မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်နိုင်ငံတွေ တော်တော်များများက ပြည်သူတွေကို ဖိနှိပ်တဲ့အခါမှာ နည်းလမ်း (၂) နည်းကို အသုံးပြုပါတယ်။
ပထမတခုကတော့ ဖမ်းမယ် ဒါမှမဟုတ် အကြမ်းဖက်ဖြိုနင်းမယ်။ ဒါတွေက ကမ္ဘာ့မီဒီယာအနှံ့မှာ ရေးသားမှု့တွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ နောက်တခုကတော့ လူတော်တော်များများ မသိတဲ့အကြောင်းအရာ ရှိပါတယ်။ ဘာလဲဆိုတော့ သူတို့တွေအနေနဲ့ ဘဏ်အကောင့်ပိတ်တာတွေ ဒါမှမဟုတ်လည်း ငွေကြေးစနစ်ကို ဖျက်သိမ်းတာတွေ အဲဒီလိုမျိုးတွေ လုပ်ပါတယ်။ တကယ်လို့ သာမန်လူတယောက်အနေနဲ့ ကြည့်မယ်ဆိုရင် မင်းကအကောင့်ပိတ်ခံရမှာ ကြောက်တဲ့အတွက်ကြောင့် မင်းဘဏ်အကောင့် ပိတ်ခံပြီးတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို လုပ်မလား။ ဒါမှမဟုတ် အဲဒီဟာတွေကို မေ့ပြီးတော့ ကိုယ့်အကျိုးစီးပွားကို လုပ်မလား။ ကျနော်တို့ အခုနေထိုင်တဲ့ ကမ္ဘာ အခုနေထိုင်တဲ့ စနစ်အတွင်းမှာဆိုရင် လူတော်တော်များများက ကိုယ့်အကျိုးစီးပွားပဲ ကိုယ်လုပ်မှာ ဘာလို့ ဘဏ်အကောင့်ကို ပိတ်သိမ်းခံပြီးတော့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျင့်သုံးမလဲ။ နည်းပညာဖွံ့ဖြိုးတိုးတက်တဲ့ ဗဟိုချုပ်ကိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ရာမှာဆိုရင် ဘဏ်အကောင့်ပိတ်ခံရမှာကို ကြောက်စရာမလိုဘဲနဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်ကို ကျင့်သုံးမလား ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်ပြီးတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ထမင်း ကိုယ်စားမလား။ Bitcoin နည်းပညာဖွံ့ဖြိုးတဲ့ လောကမှာဆိုရင်တော့ လူတော်တော်များများက ပထမမူဝါဒကိုပဲ ကျင့်သုံးပြီးတော့ ဘဏ်အကောင့်ကို ပိတ်ခံရမှာ မကြောက်ဘူး။ Currency တွေ ငွေကြေးစနစ်တွေ ဖျက်သိမ်းခံရမှာ မကြောက်ဘဲနဲ့ သူတို့အနေနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဒီမိုကရေစီ နည်းလမ်းကို ကျင့်သုံးမယ်။ အဲဒီဟာက တကယ့်အဖြစ်အပျက်တွေ များစွာ ရှိပါတယ်။
၁၉၈၇ ခုနစ်ကာလမှာ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့အကြောင်းအရာတခုဘဲ ၇၅ ကျပ်တန်တွေ ဖျက်သိမ်းတယ်၊ ၃၅ ကျပ်တန်တွေ ဖျက်သိမ်းတယ်၊ ၂၅ ကျပ်တန်တွေ ဖျက်သိမ်းတယ်။ ဒါမြန်မာတနိုင်ငံထဲမှာ မဟုတ်ဘူး။ မြောက်ကိုရီးယားနိုင်ငံမှာလည်း ဖြစ်တယ်။ Venezuela မှာလည်း ဖြစ်တယ်။ အဲဒီတော့ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ ဒီလိုမျိုးတွေ ဖြစ်တယ်။
မေး ။ ။ Bitcoin လိုမျိုး တခြား Cryptocurrency တွေလည်း ရှိနေတယ်။ ဥပမာဆိုရင် NUG ဆိုလည်း သူတို့ NUG Cryptocurrency လည်း ရှိနေတယ်ဆိုတော့ Crypto ငွေကြေးပုံစံမျိုးလည်း ရှိတဲ့အခါကြတော့ အဲဒီလိုမျိုး Bitcoin နဲ့ တခြားငွေကြေးဟာတွေက ဘယ်လိုကွာခြားမှု့တွေ ရှိလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တကမ္ဘာလုံးဆိုင်ရာ Non-Profit အကျိုးမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်တယ်။ ဒီ Education Advance တွေ လုပ်တယ်။ ဘာကွာခြားလဲဆိုတော့ Bitcoin Only သာလျှင် Promote လုပ်တယ်။ Bitcoin Only သာလျှင် တကယ်ကိုစစ်မှန်တဲ့ ဗဟိုအခြေပြုမှု မရှိတဲ့၊ အခြေပြုခြင်း မရှိတဲ့ အင်တာနက် ငွေကြေးစနစ်တခုလို့ ကျနော် ယူဆပါတယ်။ ဘာလို့ဆိုတော့ တဘက်မှာ ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် တခြား Cryptocurrency တွေ နှစ်သောင်းကျော် ရှိတယ်။ မည်သူမဆို အခုချိန်က ChatGPT နဲ့ Programming သုံးတတ်ရင် ကိုယ့်နာမည်နဲ့ Cryptocurrency လုပ်လို့ရတယ်။ အမေရိကာကမှာဆိုရင်လည်း တချို့ Influencer တွေ သူတို့နာမည်နဲ့ Cryptocurrency တွေ လုပ်ပြီးတော့ အများကြီး လိုက်ပြီးတော့ ဝယ်တဲ့အချိန်မှာ စောစောကပြောတဲ့ စျေးတွေ အရမ်းမြောက်သွားတဲ့ထိ Market Demand အရ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ့နော်။ ဝယ်လိုအားများရင်တော့ စျေးကတက်မှာပဲ။ အရမ်းကို စျေးများတဲ့အချိန်မှာ သူတိုက ပိုင်ဆိုင်မှုတွေကို အကုန်လုံး ရောင်းလိုက်တာမျိုး ရှိတယ်။ ဥပမာ လက်ရှိနဲ့ President Donald Trump ဆိုလည်း သူတရားဝင် အမေရိကန်သမ္မတ မဖြစ်ခင် Trump’s meme coin ဖန်တီးပြီးတော့လည်း လုပ်ခဲ့တာမျိုးတွေ ရှိတယ်။ ကျနော်ထင်တာ နောက်ပြီးတော့ နာမည်ကျော် တခြား Bitcoin ပြီးတော့ နောက်နည်းနည်း နာမည်ကြီးတဲ့ Cryptocurrency တွေ ရှိတယ်။ ကျနော် ထင်တာကတော့ ဒီဟာတွေကလည်း ယုံကြည်ရတဲ့ တဦးတယောက်ထဲက ဒါမှမဟုတ် အဖွဲ့အစည်းတခုထဲက Cryptocurrency ရဲ့ သက်ဆိုင်ရာ လျှို့ဝှက်သော့တွေ Key တွေ Password တွေကိုကော ဘယ်လိုပုံစံသွားမလဲ စနစ်တွေကို သူတို့က ပိုင်ဆိုင်ထားတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့က လူဆိုတာ ယုံကြည်ဖို့ ခက်တယ်။
တခြားတဘက်မှာ Bitcoin ကတော့ Satoshi Nakamoto က တီထွင်ခဲ့တယ်။ လွန်ခဲ့တဲ့ (၁၅) နှစ်က။ ဒါပေမဲ့ သူဘယ်သူလဲ ဘယ်ဝါလဲ ယောကျာ်လား မိန်းမလား အစုအဖွဲ့တခုလားဆိုတာလည်း ဘယ်သူမှ အခုချိန်ထိ အဖြေရှာ မရသေးဘူး။ ဒါပေမဲ့ လူတွေအားလုံးကတော့ Mathematically သင်္ချာနည်းနဲ့ ဖြေရှင်းတဲ့ Bitcoin ရဲ့ ပုစ္ဆာကိုတော့ တမ္ဘာလုံး (၁၅) နှစ်ကျော် ဖြေရှင်းခဲ့ကြတယ်။ ဒီ (၁၅) နှစ်အတွင်းမှာ Bitcoin Network က တခါမှ Downtime မဖြစ်သေးဘူး။ တခြား Cryptocurrency မှာ ဥပမာတခုကို ပြောမယ်ဆိုရင် Ethiopia နိုင်ငံမှာ Cardano ဆိုတဲ့ Blockchain ရှိတယ်။ သူ့ရဲ့ Crypto code က ADA ပေါ့နော်။ သူက Ethiopia မှာလည်း မင်းဆိုးမင်းညစ် အုပ်ချုပ်တာပါပဲ။ Cardano က အစိုးရနဲ့ ပေါင်းပြီးတော့ တက္ကသိုလ်ကျောင်းသား ၅ သန်းအတွက် ဒီစနစ်ကို အကောင်အထည် ဖော်ပေးမယ်။ ဒါပေမဲ့ တခြားတဘက်မှာ ဘာဖြစ်လဲဆိုတော့ ဒီစနစ်ကို အကောင်အထည် ဖော်ပြီးတော့ ဒီကျောင်းသားတွေရဲ့ ပညာအရည်အချင်းကစပြီးတော့ တဘဝလုံးဆိုင်ရာ သက်မွေးဝမ်းကျောင်းတွေအထိကို ဒီ Blockchain ကနေ အာဏာရှင်အစိုးရ မင်းဆိုးမင်းညစ်ကနေတဆင့် အလွယ်တကူ ကြည့်နိုင်တဲ့စနစ်ကိုပါ ထည့်သွင်းတည်ဆောက်ဖို့ အကြံပြုပြီးတော့ ဆက်သွယ်တာမျိုးတွေ ရှိတယ်။
ပြောချင်တာက ဘာလဲဆိုတော့ ဒီလိုမျိုး Protocol တွေ၊ ပြောင်းလဲမှု ပုံစံမျိုးတွေ လုပ်လို့ရတဲ့ Cryptocurrency တွေက အရမ်းကို အန္တရာယ်များတယ်။ လူပါဝင်နေလို့၊ အစုအဖွဲ့ ပါဝင်နေလို့။ အစုအဖွဲ့ကို တခြားလူတယောက်က လွှမ်းမိုးလို့ရတယ်။ Economic powerငွေကြေးဆိုင်ရာအားဖြင့်လည်းကောင်း၊ ဒါမှမဟုတ် Political power နိုင်ငံရေးအာဏာအရလည်းကောင်း လွှမ်းမိုးလို့ရတဲ့အချိန်မှာ သူတို့နဲ့ နီးစပ်သူတွေက အများကြီး အကျိုးကျေးဇူးရသွားပြီးတော့ သူတို့နဲ့ မနီးစပ်ပေမဲ့ သူတို့ရဲ့ အပြောအဆိုတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ ယုံကြည်ချက်တွေနောက်ကို လိုက်တဲ့လူတွေက ပိုပြီးတော့ ငွေကြေးထိခိုက်မှု၊ လူမှုရေးထိခိုက်မှုတွေ၊ ငွေကြေးဆိုင်ရာ ထိခိုက်မှုတွေ အများကြီးဖြစ်နိုင်မှာကို ကျနော့်အနေနဲ့ စိုးရိမ်တယ်။ ဆိုတော့ Bitcoin ကတော့ ဘယ်သူမှ ထိန်းချုပ်ထားတာ မရှိဘူး။ ဉပမာ ကျနော် Bitcoin မှာ မပါတော့ဘူးဆိုလည်း ဘာမှမဖြစ်ဘူး။ Bitcoin ကို မကောင်းကြောင်း ပြောလို့လည်း ဘာမှမဖြစ်ဘူး။ Bitcoin ကို အကောင်းပြောလို့လည်း ဘာမှမဖြစ်သွားဘူး။ ဒါပေမဲ့ တခြားသော Cryptocurrency တွေက တဦးတယောက်က ထိန်းချုပ်နေတာက အရမ်းကို အန္တရာယ်များတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက ပုံမှန် အမြဲတမ်း လူတွေရဲ့ အတွေးအခေါ်တွေ၊ လူတွေရဲ့ အယူအဆတွေက အမြဲတမ်း ပြောင်းလဲနေလို့ပါ။
မေး ။ ။ ဒါပေမဲ့ တဘက်မှာကြတော့ သူက ဗဟိုချုပ်ကိုင်မှု မရှိဘဲနဲ့ Online ကနေ သွားတဲ့တဆင့် စီးဆင်းနေတာဆိုတော့ တချို့ Online ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ၊ လူတွေက Bitcoin လိုဟာမျိုးကို အသုံးပြုပြီးတော့ ငွေကြေးလိမ်လည်မှုတွေကော လုပ်မလာနိုင်ဘူးလားရှင့်။
ဖြေ ။ ။ ငွေကြေးလိမ်လည်မှုတွေက စောစောကပြောခဲ့တဲ့ ဒုစရိုက်သမားတွေ၊ အကျင့်စာရိတ္တ မကောင်းတဲ့လူတွေက ဘယ်နယ်မှာမဆို ရှိတယ်။ အဲဒီတော့ ဒုစရိုက်သမားတွေအနေနဲ့လည်း Bitcoin ကို မသုံးဘူးလို့ ကျနော့်အနေနဲ့ မပြောချင်ပါဘူး။ ဒါပေမဲ့ Research တွေ ရှိပါတယ်။ အဲဒီသုတေသနတွေမှာ ဖော်ပြထားချက်အရ Bitcoin ကို အသုံးပြုပြီးတော့ ဒုစရိုက်မှု၊ ရာဇဝတ်မှု ကျူးလွန်မှုတွေ၊ ငွေကြေးလိမ်လည်တာတွေ သုံးတာက တကမ္ဘာလုံးဆိုင်ရာမှာ ၃ ဘီလီယံ ရှိပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ ဒီနံပါတ်ကြီးက ၃ ဘီလီယံတောင် လိမ်လည်မှု ရှိတယ်ဆိုတော့ များနေတယ်လို့ ခံစားရင် ခံစားရလိမ့်မယ်။ ဒါပေမဲ့ တခြားတဘက်မှာ ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ Report တခုထဲမှာ တကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု၊ ရာဇဝတ်မှု ကျူးလွန်တဲ့အရာတွေကို ကြည့်တဲ့အခါ ဘဏ်တွေ၊ အစိုးရစနစ်တွေက လုပ်တာက Global GDP ရဲ့ ၂-၅ ရာခိုင်နှုန်းအထိ ရှိတယ်။ ပြောရမယ်ဆိုရင်တော့ ရှစ်ရာဘီလီယံကနေ နှစ်ထောင်ဘီလီယံအထိ ရှိတယ်။ ရာဇဝတ်ကျူးလွန်သူတွေက Bitcoin သုံးတယ်။ ဒါပေမဲ့ စဉ်းစားကြည့်မယ် - ကျနော်က ရာဇဝတ်မှု ကျူးလွန်တဲ့လူဆိုရင် ကျနော့်အနေနဲ့ နောက်ယောင်ခံ လိုက်လို့မရတဲ့ Closed-source လို့ခေါ်တဲ့ ဘဏ်စနစ်တွေကနေ အခွင့်အာဏာရှိတဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့ ဒုစရိုက်မှု ကျူးလွန်မလား။ ဒါမှမဟုတ် လူတိုင်းက ၂၄ နာရီ ၇ ရက်ပတ်လုံး Open Transparent ပွင့်လင်းမြင်သာ ရှိတဲ့ Bitcoin Blockchain System ပေါ်ကနေ ရာဇဝတ်မှု ကျူးလွန်မလား။ ကျနော်သာ ရာဇဝတ်မှု ကျူးလွန်မယ့်လူဆိုရင်တော့ ပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်ကနေ ဘာဖြစ်လို့ လုပ်မလဲ။ ဘာဖြစ်လို့လဲဆိုရင် ဒါက ကိုယ့်ကိုယ် နောက်ယောင်ခံ လိုက်လို့ရတယ်။ အခွင့်အာဏာရှိတဲ့ လူနဲ့ပေါင်းပြီးတော့ပဲ ရာဇဝတ်မှု ကျူးလွန်တာတွေ လုပ်တော့မှာပေါ့။ အဲဒီတော့ Bitcoin ကို လောင်းကစား လုပ်တဲ့လူတွေ ကျူးလွန်သလားဆိုရင် သုံးပါတယ်။ ဒါပေမဲ့ သူတို့ပိုပြီး Prefer ဖြစ်တာက Open source မဟုတ်တဲ့၊ ဘယ်သူမှ မမြင်ရတဲ့ အခွင့်အာဏာရှိတဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့ ရာဇဝတ်ကျူးလွန်တာကို ပိုပြီးတော့ ဦးစားပေးကြပါတယ်။
Forum