သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ၁.၅ ဘီလျံဖိုး မြောက်ကိုရီးယားခိုး လို့ FBI စွပ်စွဲ

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ် ဆေးရေးဗျူရို FBI
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ် ဆေးရေးဗျူရို FBI

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို မြောက်ကိုရီယားက ခိုးယူခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ် ဆေးရေးဗျူရို FBI က စွပ်စွဲလိုက်ပါတယ်။ ဒါဟာ အွန်လိုင်းဒစ်ဂျစ်တယ်ငွေကြေးသမိုင်းမှာ ပမာဏ အများဆုံး ခိုးယူမှုဖြစ်ပါတယ်။

အွန်လိုင်းဒစ်ဂျစ်တယ် Crypto ငွေကြေးအရောင်း အဝယ်လုပ်တဲ့ Bybit ကနေ ခိုးယူမှုမှာ မြောက်ကိုရီးယားတာဝန်ရှိတယ်လို့ FBI က ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ Lazarus အဖွဲ့လို့လည်း သိကြတဲ့ TraderTraitor အဖွဲ့က ခိုးယူမှုတွေလုပ်ခဲ့တာလို့ FBI က ပြောပါတယ်။

ခိုးယူ ရရှိလာတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအချို့ကို Bitcoin ဒစ်ဂျစ်တယ်ငွေကြေးအဖြစ်ပြောင်းလဲခဲ့ပြီး တချို့ကိုတော့ Blockchain အွန်လိုင်း ဒစ်ဂျစ်တယ်ငွေကြေးစာရင်းမှာ အကောင့်ထောင်နဲ့ချီ ခွဲပြီး ထားထားတယ်လို့ FBI ကပြောပါတယ်။ နောက်ပိုင်းကျရင် တရားဝင် ငွေဖြူဖြစ်လာအောင် ကြိုးစားမယ်လို့ ယူဆပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို သရော်ထားတဲ့ The Interview ရုပ်ရှင်ကို ထုတ်လုပ်တာကြောင့်ဆိုပြီး Sony Pictures ကုမဏီကို အွန်လိုင်းကနေ ဖေါက်ထွင်းတိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Lazarus အဖွဲ့ကို တရားမဝင်အဖြစ် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သတ်မှတ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ဆိုက်ဘာစစ်ဆင်ရေး အစီအစဉ်ကို ၁၉၉၅ ခုနှစ် ဝန်းကျင်က စတင်ထူထောင်လာခဲ့ဖြစ်ပြီး လူပေါင်း ၆၀၀၀ လောက်ကဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ခန့်မှန်းရပါတယ်။ ဗျူရို ၁၂၁ လို့ခေါ်တဲ့ အဖွဲ့ ဟာ နိုင်ငံအချို့မှာ အခြေစိုက်လှုပ်ရှားတယ်လို့ လည်း ၂၀၂၀ က ထုတ်ပြန်တဲ့ အမေရိကန် စစ်ဖက် အစီရင်ခံစာမှ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG