သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပွဲမှာ တရုတ်နဲ့ မြောက်ကိုရီးယား အခန်းကဏ္ဍ အမေရိကန်သတိပေး


တောင်ကိုရီးယားကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး Cho Tae-yul နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပနေစဥ်။ (ဇန်နဝါရီ ၆၊ ၂၀၂၅)
တောင်ကိုရီးယားကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး Cho Tae-yul နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပနေစဥ်။ (ဇန်နဝါရီ ၆၊ ၂၀၂၅)

ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံက အဓိကတွန်းအားပေးနေတဲ့နေရာကနေ ပါဝင်နေပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ လုံခြုံရေးအာမခံချက်တွေရှိဖို့ လိုကြောင်း ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

မြောက်ကိုရီးယားက ရုရှားကို လက်နက်ခဲယမ်းတွေနဲ့တပ်ဖွဲ့တွေအပြင် တရုတ်နိုင်ငံကလည်း လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ကျောထောက်နောက်ခံပေးနေကြောင်း ဝန်ကြီး Blinken ကထောက်ပြပြောဆိုတာပါ။ မြောက်ကိုရီးယားတပ်ဖွဲ့တွေကိုလည်း ရုရှားက လေ့ကျင့်သင်ကြားပေးထားပြီး နယ်စပ်ဒေသတွေမှာ နေရာချထားပါတယ်။ အပြန်အလှန်အနေနဲ့ ရုရှားက အာကာသနဲ့ ဂြိုဟ်တုနည်းစနစ်တွေကို မြောက်ကိုရီးယားနဲ့ မျှဝေဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ယူဆရတဲ့အကြောင်း ဝန်ကြီး Blinken ကပြောပါတယ်။

အမေရိကန်မှာ သမ္မတ Biden အစိုးရသက်တမ်း သီတင်းနှစ်ပတ်လောက်ပဲ ကျန်တော့တဲ့အချိန် ယူကရိန်းကိုစစ်ရေးအကူအညီတွေနဲ့ လက်ကျန်လုပ်ပိုင်ခွင့်အကူအညီတွေပေးနိုင်ဖို့လည်း အပူတပြင်း လုပ်ဆောင်နေတာပါ။ ယူကရိန်းအနေနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လိုအပ်ကြောင်းနဲ့ အနာဂတ် ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းရေးလုပ်ဆောင်မှုတွေမှာ အမေရိကန်က အကောင်းဆုံးကူညီနိုင်ဖို့ ကြိုးပမ်းနေကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ တနင်္လာညပိုင်း ယူကရိန်းဒေသတွေကို ဦးတည်တိုက်ခိုက်တဲ့ ရုရှားဒရုန်း ၁၂၈ စင်းထဲက ၇၉ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကပြောပါတယ်။ ရုရှားကလည်း နယ်စပ်ဒေသအတွင်း ယူကရိန်းဘက်ကတိုက်ခိုက်တဲ့ ဒရုန်း ၁၂ စင်းကိုကြားဖြတ်ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 ယူကရိန်းစစ်ပွဲမှာ တရုတ်နဲ့ မြောက်ကိုရီးယား အခန်းကဏ္ဍ အမေရိကန်သတိပေး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG