သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားသွားရောက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၄

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်ဟာ နိုင်ငံရေးအရအကျပ်အတည်းကြုံနေရတဲ့တောင်ကိုရီးယားနိုင်ငံကို အခုတနင်းလာနေ့ ရောက်ရှိမှာဖြစ်ပြီး၊ တရားစွဲခံနေရတဲ့ တောင်ကိုရီးယားသမ္မတရဲ့ နည်းနာလုပ်ဟန်မဟုတ်ပဲ မူဝါဒပိုင်းကို ဆက်သွားနိုင်ရေး အမေရိကန်ဖက်က အားပေးသွားဖို့ရှိမယ်လို့ သိရပါတယ်။

ဝန်ကြီး ဘလင်ကန်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဒါဟာ သူ့ရဲ့နောက်ဆုံးခရီးစဉ် ဖြစ်နိုင်ဖွယ်ရှိပါတယ်။ မကြာခင် ဇန်နဝါရီလ ၂၀ ရက်နေ့မှာပဲ သမ္မတ Donald Trump သမ္မတ ကျမ်းသစ္စာဆိုပြီး အစိုးရသစ်တက်လာမှာမို့ပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ တနင်းလာနေ့မှာပဲ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Cho Tae-yul နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာတာနဲ့ပတ်သက်လို့ စွဲဆိုချက်အပေါ် သမ္မတ Yoon Suk Yeol ကို ဖမ်းဝရမ်းထုတ်ထားတာလည်း တနင်းလာနေ့မှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။ သမ္မတ Yoon ဟာ သမ္မတဘိုင်ဒန်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့သလို၊ ဂျပန်နဲ့ ဆက်ဆံရေးသစ်ဖွင့်ပြီး ကမ္ဘာ့အရေးကိစ္စတွေမှာ တောင်ကိုရီးယားအခန်းကဏ္ဍ အရေးပါဖို့ ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးမကြေညာခင် လပိုင်းအတွင်းကပဲ အမေရိကန်သမ္မတ ဂျပန်ဝန်ကြီးချုပ်တို့နဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေးမှာ ပါဝင်ခဲ့ပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားသွားရောက်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG