သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ဆွေးနွေးဖို့ ဝန်ကြီးဘလင်ကန် အီရတ်ရောက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani တို့ တွေ့ဆုံနေစဉ် (ဒီဇင်ဘာ ၁၃၊ ၂၀၂၄)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani တို့ တွေ့ဆုံနေစဉ် (ဒီဇင်ဘာ ၁၃၊ ၂၀၂၄)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ကြိုတင် အသိပေး ကြေညာတာမျိုးမရှိဘဲ အီရတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ ရုတ်တရက် ရောက်လာတဲ့ သောကြာနေ့မှာပဲ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani နဲ့ တွေ့ဆုံပြီး ဆီးရီးယား နိုင်ငံရေး အသွင်ကူးပြောင်းမှုကိစ္စ ဆွေးနွေးခဲ့ပါတယ်။ ဆီးရီးယားမှာ Bashar al-Assad အစိုးရ ပြုတ်ကျသွား ခဲ့ပြီးတဲ့နောက် ဂိုဏ်းဂဏစွဲ မထားတဲ့ အစိုးရ အုပ်ချုပ်ရေးတရပ် ဖော်ဆောင်ဖို့ ဝန်ကြီး ဘလင်ကန်က တောင်းဆိုခဲ့ပါတယ်။

အာဏာရှင် အာဆဒ် အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ် ဖော်ဆောင်သွားနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့၊ အဲ့ဒီလို ဖော်ဆောင်တဲ့ နေရာမှာလည်း နိုင်ငံတွင်းက လူနည်းစုတွေကို ကာကွယ်ပေးပြီး အဖွဲ့စုံ လူမျိုးစုံပါတဲ့၊ ဂိုဏ်းဂဏစွဲ ကင်းတဲ့ အစိုးရတရပ် ဖြစ်ဖို့ လိုအပ်သလို၊ အကြမ်းဖက်ဝါဒ အားပေးတဲ့နေရာတခု ဖြစ်မလာဖို့ မျှော်လင့်တဲ့အကြောင်းလည်း Bagdad မြို့မှာ အီရတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားမှာ ဆယ်စုနှစ်တွေနဲ့ချီ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် အာဆဒ်အစိုးရ ပြုတ်ကျခဲ့ပြီးတဲ့နောက် နိုင်ငံတွင်း အခြေအနေတွေ တည်ငြိမ်မှုရှိစေဖို့ အတွက် ဒေသတွင်းနဲ့ အနောက်နိုင်ငံတွေက အစိုးရတွေနဲ့အတူ အမေရိကန်အစိုးရကလည်း ကြိုးပမ်းနေတာဖြစ်ပြီး ဒီလို ကြိုးပမ်းမှု တစိတ်တပိုင်း အနေနဲ့ ဝန်ကြီး ဘလင်ကန် အီရတ်ကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

အီရတ် ကနေ ဂျော်ဒန်ကို ခရီးဆက်မှာဖြစ်ပြီး အဲ့ဒီမှာလည်း ဒေသတွင်း အာရပ်နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့အတူ ဆီးရီးယားအရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကလည်း ဆီးရီးယားရဲ့ အိမ်နီးချင်း တူရကီနိုင်ငံကို သွားရောက်ပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဆီးရီးယားအရေး ဆွေးနွေးဖို့ ဝန်ကြီးဘလင်ကန် အီရတ်ရောက်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG