သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရှေ့ရေး ကန်နဲ့တူရကီဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ဆီးရီးယားအရေး တူရကီနိုင်ငံကိုသွားတဲ့ခရီးစဥ်မှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan နဲ့ တွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၁၃၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ဆီးရီးယားအရေး တူရကီနိုင်ငံကိုသွားတဲ့ခရီးစဥ်မှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan နဲ့ တွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၁၃၊ ၂၀၂၄)

ဆီးရီးယားမှာ Bashar-al Assad အစိုးရ ပြုတ်ကျသွားပြီးနောက် IS စစ်သွေးကြွတွေ ပြန်လည် ပေါ်ထွက်မလာနိုင်အောင် ဆက်လက် ကြိုးစားနှိမ်နင်းရေးကို ဆီးရီးယားအိမ်နီးချင်း တူရကီနဲ့ အမေရိကန်တို့ ဆွေးနွေးခဲ့ကြပါတယ်၊

ဆီးရီးယားနိုင်ငံ တည်ငြိမ်ရေး၊ ဆီးရီးယားမြောက်ပိုင်းမှာ အမေရိကန်ထောက်ခံတဲ့ Kurd အဖွဲ့တွေနဲ့ တူရကီထောက်ခံတဲ့ သူပုန်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကိစ္စကိုလည်း တူရကီနိုင်ငံ Ankara မြို့တော်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan တို့ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ဆီးရီးယားမှာ အကြမ်းဖက်အဖွဲ့တွေ ခြေကုပ်မယူနိုင်အောင်နဲ့ မြောက်ပိုင်းမှာ IS စစ်သွေးကြွအဖွဲ့တွေနဲ့ PKK သူပုန်အဖွဲ့တွေ လွှမ်းမိုးမလာနိုင်ရေးဟာ တူရကီရဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ IS အဖွဲ့တွေပြန်လည်ခေါင်းထောင်မလာနိုင်ရေးနဲ့ ဆီးရီးယား ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ပေါ်ပေါက်လာရေးကို အမေရိကန်အပါအဝင် ဒေသတွင်းက အမေရိကန်မိတ်ဖက်တွေအနေနဲ့ ဘယ်လိုပံ့ပိုးကူညီနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်ဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။ ဆီးရီးယားမှာ Assad လွန်ကာလ အမေရိကန်နဲ့ တူရကီဘက်က ဘာတွေမြင်ချင်လဲဆိုတာနဲ့ပတ်သက်လို့ ကြာသပတေးနေ့က တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာ ခြေကုပ်ယူထားတဲ့ ကာ့ဒ်သူပုန်အဖွဲ့အစည်းတွေဖြစ်တဲ့ PKK/PYD/YPG နဲ့ IS အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေကို တူရကီက အကြမ်းဖက်အဖွဲ့တွေအဖြစ်သတ်မှတ်ပြီး အဓိကထားတိုက်ခိုက်နေပါတယ်။

အမေရိကန်ပြည်ထောင်စုက ကျောထောက်နောက်ခံပေးထားတဲ့ ကဒ်လွတ်မြောက်ရေးသူပုန်အဖွဲ့ ကိုလည်း တူရကီက အစွန်းရောက်တွေလို့ သတ်မှတ်ပြီးတိုက်ခိုက်တာတွေရှိပါတယ်။ IS အစ္စလာမ်မစ် အစွန်းရောက်တွေကိုတိုက်ခိုက်ရာမှာ အဓိကပါဝင်တဲ့ YPG ကာ့ဒ်သူပုန်အဖွဲ့နဲ့ SDF ဆီးရီးယား ဒီမိုကရက်တစ်လွတ်မြောက်ရေးတပ်ဖွဲ့တွေကို အမေရိကန်က ကျောထောက် နောက်ခံပေးထားတာ ဖြစ်ပါတယ်။

 ဆီးရီးယားရှေ့ရေး ကန်နဲ့တူရကီဆွေးနွေး
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG